ချစ်သူကောင်မလေးကို Prank လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

[email protected] miles_vs

မိန်းကလေးတိုင်းအတွက် ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကို လက်ထပ်ခွင့်တောင်းတဲ့အချိန်ဟာ ဘဝမှာ အမှတ်တရ အဖြစ်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက်ဟာ တစ်သက်မှာ အနည်းဆုံးတစ်ခါပဲ လက်ထပ်ခွင့်အတောင်းခံရတာကြောင့်ပါပဲ။ အခုလည်း ကောင်လေးတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးကို ရွက်လှေတစ်ခုပေါ်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးကတော့ အဲဒီလက်ထပ်ခွင့်တောင်းတာကို တစ်သက်လုံး အမှတ်ရနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ကောင်လေးဟာ သူ့ကောင်မလေးကို Prank တစ်ခုလုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့လို့ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Second pic describes our relationship ❤️

A post shared by @ miles_vs on

ပုံထဲမှာ တွေ့ရတဲ့ ကောင်လေးကတော့ Miles VS ဖြစ်ပြီး ချစ်သူကောင်မလေးကတော့ Angie Zalesov ပဲ ဖြစ်ပါတယ်။ Miles နဲ့ Angie တို့ဟာ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်ရှိ Sarasota ကမ်းခြေမြို့လေးကို ခရီးထွက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Miles နဲ့ Angie တို့ဟာ သူငယ်ချင်းတစ်အုပ်နဲ့ ပင်လယ်ထဲကို ရွက်လှေတစ်စီးနဲ့ ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီပျော်ပွဲစားခရီးစဉ်မှာ Miles ကတော့ သူ့သူငယ်ချင်းတွေအရှေ့မှာ သူ့ချစ်သူကောင်မလေး Angie ကို လက်ထပ်ခွင့်တောင်းဖို့ အစီအစဉ်ရှိပါတယ်။

READ
"Obama ကို ထားခဲ့ပစ်လိုက်ချင်တယ်" လို့ ရင်ဖွင့်လာခဲ့တဲ့ Michelle Obama
[email protected] miles_vs

ဒီလိုနဲ့ ပင်လယ်တစ်နေရာ အရောက်မှာတော့ Miles ဟာ Angie ရှေ့ကို ဒူးထောက်ထိုင်ချခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့သူငယ်ချင်းဆီက လက်ထပ်လက်စွပ်ကို လှမ်းတောင်းခဲ့ပါတယ်။ ဒါနဲ့ သူငယ်ချင်းဖြစ်သူက လက်ထပ်လက်စွပ်ဗူးကို လှမ်းပစ်ပေးလိုက်ရာ အရှိန်လွန်ပြီး လက်ထပ်လက်စွပ်ဗူးဟာ ပင်လယ်ထဲကို ကျခဲ့ပါတယ်။ ဘေးနားမှာရှိတဲ့ သူငယ်ချင်းတွေ အပါအဝင် Angie ပါ လန့်ပြီး အော်ခဲ့မိပါတယ်။

 

 

View this post on Instagram

 

So I had a crazy idea… and wouldn’t of pulled off without all of you! Time to celebrate!! #forevermemories

A post shared by @ miles_vs on

သူငယ်ချင်းတစ်ယောက်ဆိုရင် ချက်ချင်းပင်လယ်ထဲ ခုန်ချပြီး လက်ထပ်လက်စွပ်ဗူးကို လိုက်ရှာခဲ့ပါတယ်။ အမှန်တစ်ကယ်တော့ ဒါဟာ Prank တစ်ခု သက်သက်ပါပဲ။ အဲဒီနောက်မှာတော့ Miles ဟာ သူ့သူငယ်ချင်းတစ်ယောက်ဆီမှာ ပေးထားတဲ့ လက်ထပ်လက်စွပ်ဗူးကို လှမ်းတောင်းပြီး သူ့ချစ်သူ Angie ကို ဝတ်ပေးခဲ့သလို Angie ကလည်း Miles ရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ကြောင်း သိရပါတယ်။

READ
အတိတ်က လူသတ်သမားကို လူဝင်စားအဖြစ်နဲ့ ပြန်ပြီးဖော်ထုတ်ခဲ့တဲ့ ကလေးငယ်

Pyi Hein Kyaw

SHARE