အာရှယဉ်ကျေးမှုမှာ ရိုက်ပုတ်လို့ရတယ်ဆိုပြီး ရည်းစားကို လူလယ်ခေါင်မှာ ထိုးကြိတ်ခဲ့သူ

အမျိုးသားတစ်ဦးဟာ အာရှယဉ်ကျေးမှုမှာ ဒါမျိုးလက်ခံတယ်ဆိုပြီး လူလယ်ခေါင်မှာ ရည်းစားအမျိုးသမီးရဲ့ မျက်နှာကို ထိုးနှက်ခဲ့ကြောင်း သိရပါတယ်။ ထိုးကြိတ်သူအမျိုးသားဟာ အသက်(၅၁) နှစ်အရွယ် ရှိုဒရိုင်မာမွတ်ဆိုသူပါ။ သူထိုးကြိတ်လိုက်တဲ့အမျိုးသမီးကတော့ သူ့ရဲ့ ခယ်မဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်ကာ ခယ်မနဲ့ တွဲနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၅) လကတည်းက စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းဟာ မိသားစုတွင်းမှာပဲ အရှုပ်အရှင်းတွေ ဖြစ်လို့နေပါတယ်။

အင်္ဂလန်နိုင်ငံ ရော့ဂ်ရှိုင်းယားအနောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ၄င်းဖြစ်ရပ်မှာ မာမွတ်က ၄င်းအမျိုးသမီးကို ထိုးကြိတ်နေတာကို မျက်မြင်သက်သေတစ်ဦးက တွေ့ရှိခဲ့တာပါ။ ဖြစ်ပုံက မာမွတ်နဲ့ သူ့ခယ်မတို့ဟာ ခုံတန်းမှာ ထိုင်နေပါတယ်။ ပြီးတော့ စကားများကြဟန်တူပါတယ်။ မာမွန်က မတ်တပ်ရပ်ပြီး ခယ်မဖြစ်သူရဲ့ မျက်နှာဘေးကို ညာလက်သီးနဲ့ ထိုးလိုက်တာပါ။ အရှိန်များလွန်းလို့ အမျိုးသမီးတောင် နေရာက ရွေ့သွားတယ်ဆိုပြီး မျက်မြင်ကတော့ ဆိုပါတယ်။

Dailymail

ချက်ခြင်းပဲ ၄င်းမျက်မြင်ကနေ ဓာတ်ပုံရိုက်ပြီး ရဲစခန်းကို ဖုန်းဆက်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ “အဲဒီအမျိုးသားက ရိုက်လဲပြီးရော အမျိုးသမီးက ထိုင်နေရာကနေ ကားဆီထသွားပြီး ယာဉ်မောင်းထိုင်ခုံမှာထိုင်တယ်။ အမျိုးသားကတော့ ယာဉ်မောင်းရဲ့ ဘေးဘက်ထိုင်ခုံမှာ ထိုင်လိုက်တယ်။” လို့ မျက်မြင်က ပြောပါတယ်။

READ
မိခင်ကြီးဆုံးသွားလို့ (၅)နှစ်ကတည်းက အိမ်မှုကိစ္စတွေ တာဝန်ယူခဲ့ရတဲ့ကောင်မလေး

ဒါပေမယ့် မာမွတ်ကတော့ ကနဦး ရဲတွေရဲ့ အဖမ်းခံရစဉ်မှာ သူဟာ ခယ်မဖြစ်သူကို တွန်းခဲ့တာသာ ဖြစ်ပြီး မထိုးကြိတ်ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ပြီးတဲ့အခါ တစ်ပါးသူ ခေါင်းကို အခုလိုတွန်းထိုးတာဟာ ပါးစပ်ပိတ်စေဖို့အတွက် ပြုလုပ်တာဖြစ်ကြောင်း၊ ဒါဟာ အာရှယဉ်ကျေးမှုလည်း ဖြစ်ပါတယ်လို့ မာမွတ်က လီဆယ်ပြီး ပြောဆိုခဲ့ပါသေးတယ်။ တရားခံအမျိုးသမီးကတော့ အခင်းဖြစ်ရပ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

MEN Media

တရားခံရှေ့နေကကတော့ အမျိုးသမီးဟာ အခင်းဖြစ်စဉ်မှာ မာမွတ်ကို အရင်ဆုံးရိုက်နှက်ခဲ့တာဖြစ်ကြောင်းနဲ့ မာမွတ်အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံလိုတဲ့အတွက်ကြောင့်သာ ပြုလုပ်မိတာဖြစ်ကြောင်း၊ အခုဆိုရင် သူ့ရဲ့ အပြုအမူအတွက် နောင်တရနေပြီဖြစ်ကြောင်း လျှောက်လဲချက်ပေးခဲ့ပါတယ်။ မာမွတ်ဟာ တရားရုံးမှာ အသနားခံစာ တင်ခဲ့ပြီးနောက် တရားရုံးက မာမွတ်ကို စုစုပေါင်း (၁၉၅) ပေါင် ဒဏ်ကြေးပေးဆောင်စေခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE