၃ နှစ်လောက်အရက်ဖြတ်ကြည့်လိုက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အံ့မခမ်းပြောင်းလဲမှု

Facebook/Kenny D., Pixabay-Pixels

၂၀၁၉ ခုနှစ်တောင် ကုန်ဆုံးတော့မယ်၊ ကိုယ်ရောစိတ်ရောကိုပါ ထိခိုက်စေမယ့် လုပ်ရပ်တွေ၊ အကျင့်ဆိုးတွေ အခုထိလုပ်တုန်းပဲလား။ ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့ဆိုတာ ကိုယ့်ရဲ့လုပ်ရပ်တွေနဲ့ အများကြီးသက်ဆိုင်လို့နေပါတယ်။ အတတ်နိုင်ဆုံး စိတ်ဖိဆီးမှုမရှိအောင်နေမယ်၊ ကျန်းမာတဲ့အစားအသောက်တွေကိုစားမယ်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်၊ အရက်သေစာနဲ့မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်မယ်ဆိုရင်တော့ လူဖြစ်ချင်နေတဲ့ စိတ်ရောကိုယ်ပါကျန်းမာချမ်းသာတဲ့လူသားတစ်ယောက် ဖြစ်လာမှာ မလွဲဧကန်ပါပဲ။

အကယ်၍ အချိန်မရှိလို့ လေ့ကျင့်ခန်းမလုပ်နိုင်ဘူး၊ ကျန်းမာတဲ့အစားစာချည်းပဲ အမြဲတမ်းစားမနေနိုင်ဘူးဆိုရင်တောင်မှပဲ ကိုယ်ဟာ အရက်အမြဲတမ်းသောက်ဖြစ်နေသူတစ်ယောက်၊ ဆေးလိပ်အမြဲသောက်ဖြစ်နေသူတစ်ယောက်ဆိုရင် ဖြတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီနေ့ပဲ Bored Panda မှာ အရက်ဖြတ်လိုက်တဲ့အမျိုးသားတစ်ယောက်ရဲ့ ၃ နှစ်အကြာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပုံေးလအကြောင်း ဖတ်ခဲ့ရပါတယ်။ Motivation ရအောင် ကိုးကားဖော်ပြပေးလိုက်ပါတယ်နော်။

Facebook/Kenny D.

Kenny D. ဆိုတဲ့အမျိုးသားဟာ အရက်စွဲနေသူတစ်ယောက်ပါ။ မကောင်းမှန်းသိတဲ့အရက်ကို ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့်လို့ အကြိမ်ကြိမ်ကျဆုံးခဲ့တဲ့သူတစ်ယောက်ပေါ့။ တစ်ရက်မှာတော့ Kenny ဟာ အရမ်းကိုအမူးလွန် အရက်နာကျပြီး၂၄ နာရီလုံးလုံး နေမထိထိုင်မသာစဖြစ်နေခဲ့ရင်း မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ခဲ့တယ်။ သူ့ပုံစံသူကြည့်ရင်း တော်တော်လေး စိတ်ပျက်သွားခဲ့တယ်တဲ့။ ညှင်းသိုးသိုးနဲ့၊ ခန္ဓာကိုယ်ကလည်း ဝဖိုင့်လို့ တော်တော်လေးကို ကြည့်ရဆိုးနေခဲ့တာပါ။

READ
(၄၃) နှစ်အရွယ် ကလေး (၇) ယောက် မိခင်လို့ ဘယ်လိုနည်းနဲ့မှ ထင်ရက်စရာမရှိတဲ့ အမျိုးသမီး

နောက်တော့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး အရက်ဖြတ်ဖို့ စလုပ်ခဲ့ပါတယ်။ သူတို့ဆီမှာ အရက်ဖြတ်ရင် Alcoholics Anonymous (AA) ဆိုတဲ့ ဆေးပြားတွေပေးလေ့ရှိတယ်။ အဲဒီဆေးပြားတွေဟာ တကယ်အရက်နာကျနေသလိုပဲ တစ်ရက်လုံးခေါင်းကိုက်၊ ခေါင်းမူးအောင်လုပ်ပေးတဲ့ဆေးပြားတွေပါ။ ပထမဆုံးဆေးသောက်တဲ့နေ့မှာပဲ စတင်မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုပုံစံနဲ့စိတ်ပျက်တဲ့ခံစားချက်ကြီးကို မမေ့အောင် ဓာတ်ပုံရိုက်ခဲ့ရင်း တစ်ခါတည်း ငါအရက်ကို မရရအောင်ဖြတ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ခဲ့ပါတော့တယ်။

ဒါကတော့ Kenny ရဲ့ ပထမဆုံးဓာတ်ပုံပါ။ အသက် ၃၇ နှစ်ရှီနေပြီး သူ့အရွယ်နဲ့ဆိုရင် တော်တော်လေး အသက်ကြီးနေပုံပေါက်နေခဲ့ပါတယ်။ ဝမ်းဗိုက်မှာလည်း အဆီတွေရှိနေတာကို သတိထားမိမှာပါ။ နောက် အဓိကကတော့ မျက်နှာပါပဲ။ စိတ်ပျက်ခြင်းတွေ၊ ဒေါသတွေ၊ အားငယ်မှုတွေနဲ့ပေါ့။

Facebook/Kenny D.

ဒါကတော့ အရက်ဖြတ်ပြီး ရက်ပေါင်း ၃၀ ပြည့်တဲ့နေ့ပါတဲ့။ အခုတော့ နည်းနည်းလေး နေသားကျသွားပုံပါပဲ။

Facebook/Kenny D.

ဒါကတော့ ရက်ပေါင်း ၆၀။ မိသားစုနဲ့ မိတ်ဆွေတွေ ဝိုင်းဝန်းအားပေးမှုကြောင့် အခုလိုမျိုး တိုးတက်မှုရှိလာတာပါတဲ့။

READ
အမာရွတ်တွေ၊ အမှတ်တွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖုံးအုပ်ကြမယ်
Facebook/Kenny D.

ရက်ပေါင်း ၉၀ ပြည့်ခဲ့ပြီ။ ဒီကြားထဲ အစားအသောက်ပုံစံတွေ၊ လေ့ကျင့်ခန်းတွေပါ တွဲလုပ်နေခဲ့ပါပြီ။ အရင်ကဆို ဘဝမှာ အသက်ရှင်ရမလား၊ သေရမလားဆိုတာကိုတောင် ကွဲကွဲပြားပြားမသိတော့ဘဲ ခံစားချက်မဲ့သလိုဖြစ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ မျက်နှာပေါ်ကအပြုံးပန်းလေးကိုပဲ ကြည့်လိုက်ပါတော့။

Facebook/Kenny D.

ဒါကတော့ ၁ နှစ်ကြာပြီးတဲ့အချိန် Kenny ရဲ့ ပြောင်းလဲမှုပါတဲ့။ ပထမပုံနဲ့ ဘယ်လောက် ကွာခြားသွားပြီလဲဆိုတာ ကြည့်လိုက်ပါဦး။

Facebook/Kenny D.

Kenny ဟာ တစ်ညကို အရက်ချည်းပဲ ၂၄ ခွက်လောက်အထိ သောက်တဲ့သူမျိုး။ အခုလိုမျိုး ၃ နှစ်ကြာသွားပြီးတဲ့နောက်မှာ အရင်ကပုံစံနဲ့ကွဲထွက်သွားခဲ့တယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဂုဏ်ယူပါတယ် Kenny ရေ။

Facebook/Kenny D.

Penny

SHARE