ရာဇ၀တ်သားဘ၀ မူးယစ်သားကောင်ဘ၀မှ ရုန်းထွက်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူ

မူးယစ်သားကောင်ဖြစ်ပြီဆို ပြန်လည် ရုန်းထွက်ဖို့ မလွယ်တော့ပါဘူး။ မူးယစ်သားကောင်တွေဟာ ဆေးသုံးစွဲမှု သက်တမ်း ရင့်လာသည်နှင့်အမျှ သုံးစွဲတဲ့ဆေးပမာဏ လျှော့ပြီးသုံးချင်တယ်လို့ မရှိတော့ပဲ တိုးတိုးလာဖို့သာ ရှိပါတော့တယ်။ နောက်
ဆုံးမှာ မူးယစ်သားကောင်ကြီးဘ၀ကို ရောက်ရှိပြီး၊ ဆေးအလွန်အကျွံသုံးစွဲမိလို့ ရှော့ဖြစ်ပြီး သေတဲ့ဘ၀ကို ရောက်ရပါတော့ တယ်။

တကယ်တော့ Overdose (ဆေးအလွန်အကျွံသုံးစွဲခြင်း)ဟာ တစ်ကြိမ်တည်းနဲ့တင် သေဆုံးစေနိုင်ပါတယ်။ တစ်ချို့က တော့ နှစ်ကြိမ် သုံးကြိမ်မြောက်မှာ မာလကဈာန်ကြွ ကြတော့တာပါဘဲ။ ဒါပေမယ့် Khalil Rafati လို့ အမည်ရတဲ့ အမျိုး သားကတော့ မူးယစ်ဆေးကို အလွန်အကျွံသုံးစွဲခဲ့ပြီး သူ့တစ်သက်မှာ Overdose ဖြစ်လို့ (၉)ကြိမ်အထိ ဆေးရုံတက်ခဲ့ရ
ပါတယ်။

ထိုစဉ်က Khalil ဟာ အသက် 33 နှစ်သာ ရှိသေးပြီး၊ အခုဆို အသက် 46 အရွယ် လူကြီးပိုင်းကို ရောက်လာပါပြီ။ နောက်ဆုံးအကြိမ်မှာတော့ ဆရာဝန်တွေက Khalil ကို Defibrillator နဲ့ အသက်ကယ်ခဲ့ရပြီး၊ ဆေးရုံပေါ်မှာ ကာလရှည် အနားယူခဲ့ရပါတယ်။ အဲဒီနောက် Khalil ဟာ အကြောက်ကြီးကြောက်သွားခဲ့ပြီး ဆေးကို ရအောင်ဖြတ်ခဲ့တာပါ။

READ
ဒေါ်လာ(၁၄၀၀)ရဖို့ ချွေးမရဲ့နှုတ်ခမ်းကို စက္ကန့်(၂၀)ကျော် အနမ်းခြွေခဲ့တဲ့ ယောက္ခထီး

ယခင်က Khalil ဟာ အိုဟိုင်းယိုးမှ လော့စ်အင်ဂျလိစ်ကို သွားရောက်ခဲ့ပါတယ်။ အရင်ဦးဆုံး ကားပစ္စည်း အစုံအလင် ရောင်း တဲ့ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အထူုးအောင်မြင်ခဲ့ပြီး သူရဲ့ ဖောက်သည်တွေထဲမှာ နာမည်ကျော်တွေ ဖြစ်တဲ့ Elizabeth Taylor နဲ့ Guns N’ Roses ဂစ်တာသမား Slash တို့တောင် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်
မှာ ဘိန်းဖြူမှောင်ခို ရောင်းတဲ့အလုပ်ပါ လုပ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ Khalil ဟာ မူးယစ်မှု/ဆေးမှုတွေနဲ့ ထောင်ဒဏ်ရင်ဆိုင်ခဲ့ရပြီး၊ အောက်ဆုံးအဆင့်ကို ရောက်သွား ပါတယ်။ ထောင်ကထွက် တော့ ဆေးအလွန်အကျွံသုံးစွဲမှု အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး၊ ဆေးဖျက်ဌာကို ရောက်ခဲ့ပါတယ်။ဆေးကိုလည်း အောင်မြင်စွာ ဖျက်နိုင်ခဲ့ပြီးဖျော်ရည် ရောင်းတဲ့ Juice Bar လုပ်ငန်းကို စတင်ခဲ့ပါတယ်။

လုပ်ငန်းနာမည်ကတော့ SunLife Organics ဖြစ်ပြီး အမေရိကားမှာ အအောင်မြင်ဆုံး ကုန်အမှတ်တံဆိပ်တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာတော့ မူးယစ်သားကောင်အဖြစ်မှ ရုံးထွက်နိုင်ခဲ့တဲ့ Khalil ဟာ အခုအခါမှာ အထင်ကရ သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။

READ
အိပ်ရာအဆင်သင့်ခင်းမပေးထားလို့ ခင်ပွန်းကို ဓားနဲ့ နှစ်ချက်ဆင့်ထိုးသတ်လိုက်တဲ့ ဇနီး

သူက ” ကျွန်တော် အောက်ဆုံးတကာ့ အောက်ဆုံးကို ရောက်ခဲ့တာပေါ့ဗျာ …. ဒီထက် ထပ်ပြီးတူးဖို့တောင် မကျန်တော့ ဘူး … ကျနော့်ဂေါ်ပြားတောင် ကျိုးပျက်ခဲ့တဲ့အထိ မိုက်တွင်း နက်ခဲ့တယ် .. ဒါပေမယ့် ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့ပါပြီ “လို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ Khalil ဟာ Forget to Die အမည်ရ ပင်ကိုယ်ရေးအထ္ထုပ္ပတ္တိစာအုပ်ကိုလည်း eBay မှာ ဖြန့်ချိရောင်းချနေပါတယ်။

ညီလင်းထက် (Shwemom)

source : metro.co.uk

SHARE