ကြက်တူရွေးဥလေးကို အကောင်ပေါက်အောင် ဂရုတစိုက်နဲ့ မွေးမြူပြခဲ့တဲ့ အမျိုးသား

[email protected]

ဥဥတဲ့ တိရစ္ဆာန်တွေဆီကနေ ဥထားတဲ့ ဥတွေကို အကောင်ပေါက်အောင် ပြုစုပျိုးထောင်နိုင်ဆုံးကတော့ အဆိုပါဥဥတဲ့ မိခင်တိရစ္ဆာန်ကြီးတွေပါပဲ။ ဒီလို အကောင်မပေါက်သေးတဲ့ ဥတစ်လုံးကို သာမန်လူတစ်ယောက်အနေနဲ့ အကောင်ပေါက်အောင် ပြုလုပ်ပေးဖို့ဆိုတာ အင်မတန်ကို ခက်ခဲတဲ့အလုပ်ပါပဲ။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ ဒီကိစ္စကို အေးအေးဆေးဆေး ပြုလုပ်နိုင်ခဲ့ပါတယ်။ အမျိုးသားတစ်ယောက်ဟာ ကြက်တူရွေးဥကနေ အရွယ်ရောက်ပြီးသား ကြက်တူရွေးတစ်ကောင်ပေါက်အောင် အစစအရာရာ ပြုစုကူညီပျိုးထောင်ပြီး သေသေချောချာ ဂရုစိုက်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပုံထဲမှာ မြင်ရတာကတော့ အမျိုးသားတစ်ယောက်ဟာ သူ့အိမ်က ကြက်တူရွေးမကြီးဟာ ဥဥပြီး သေသွားတာကြောင့် အဆိုပါဥကလေးကို အချိန်တော်ကြာ အသိုက်ထဲမှာ ထားခဲ့ပြီး အကောင်ပေါက်သေးသေးလေး ရှိနေလေက်ပြီထင်တယ်ဆိုတဲ့အချိန်မှာ အဆိုပါဥကလေးကို ဖြည်းဖြည်းချင်း ခွဲခဲ့ပါတယ်။ အထဲမှာတော့ အလွန်တရာသေးငယ်လှတဲ့ ကြက်တူရွေးအကောင်ပေါက်လေး ရှိနေခဲ့တာ တွေ့ရမှာပါ။

READ
ပန်းခြံထဲနေဆာလှုံနေတုန်း အမှိုက်သိမ်းစက်ခေါင်းကိုကြိတ်ခံလိုက်ရသူ
[email protected]

ဒီလိုနဲ့ပဲ အဆိုပါအမျိုးသားဟာ ကြက်တူရွေးပေါက်စနလေး စားဖို့အတွက် အစားအစာတွေကို ကိုယ်တိုင်သေချာပြုလုပ်ပြီး ကိုယ်တိုင်ပဲ နေ့တိုင်းလိုလို ဇွန်းကလေးတစ်ချောင်းနဲ့ သေသေချာချာ တိုက်ကျွေးခဲ့ပါတယ်။ ဒီလိုနဲပ အဆိုပါ ကြက်တူရွေးလေး တဖြည်းဖြည်း အကောင်ကြီးလာတဲ့အခါမှာတော့ သူတို့ရဲ့ သဘာဝအစာဖြစ်တဲ့ ဆန်စေ့တွေ၊ ဂျုံစေ့တွေ၊ ပြောင်းစေ့တွေကို ကျွေးမွေးခဲ့ပါတယ်။

[email protected]

အဆိုဗီဒီယိုတင်ခဲ့တာကတော့ Indian Forest Service (IFS) ရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ Parveen Kaswan ပဲ ဖြစ်ပါတယ်။ သူရဲ့ပြောကြားချက်အရတော့ အခုဆိုရင် အဆိုပါကြက်တူရွေးငှက်ကလေးဟာ အရွယ်ရောက်ပြီး အဆိုပါအမျိုးသားရဲ့ အိမ်မှာပဲ နေနေကြောင်း သိရပါတယ်။ ဒီဗီဒီယိုကိုတွေ့တဲ့ လူတိုင်းကတော့ ဗီဒီယိုထဲက အမျိုးသားရဲ့ စာနာသနားတတ်ပြီး ကြက်တူရွေးလေးကို အရွယ်ရောက်အောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက် ချီးမွမ်းနေကြကြောင်း သိရှိရပါတယ်။

READ
တူတူပုန်းတိုင်း ကစားကောင်းပြီး အ၀တ်လျှော်စက်ထဲ ညပ်ခဲ့ရတဲ့ မိန်းကလေး

 

Pyi Hein Kyaw

SHARE