ရဲလက်က လွတ်အောင် ပြေးကာမှ ဒုက္ခတွေ့လို့ ရဲကို အကူအညီ ပြန်တောင်းရတဲ့ တရားခံ 

အမေရိကန် ဖလော်ရီဒါမှာ ဖြစ်ပွားခဲ့တဲ့ ငိုအားထက် ရယ်အားသန် ဖြစ်ရပ်လေးပါ။ Cape Coral ရဲဌာနက ထုတ်ပြန်ချက်အရ Abraham Duarte အမည်ရ အမျိုးသားဟာ ကားကို အစစ်ဆေးမခံချင်လို့ ကားကို အရှိန်တင်ထွက်ပြေးရာမှ ရဲတွေ လိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဖမ်းမခံလိုတဲ့ Duarte ဟာ မီးပွိုင့်မိစဉ်မှာတော့ ကားကို ရပ်ပြီး ဆင်းပြေးခဲ့ပါတော့တယ်။

ဒါပေမယ့် သူ့ရဲ့ ထွက်ပြေးလွတ်မြောက်ဖို့ အစီအစဉ်က ထင်သလို ဖြစ်မလာခဲ့ပါဘူး။ Duarte ဟာ ထွက်ပြေးရင် တူးမြောင်းတစ်ခုထဲကို ခုန်ဆင်းပြီး တစ်ဖက်ကမ်းကို ဆက်ကူးသွားဖို့ တွေးခဲ့ပုံပါ။ ကံဆိုးတာတစ်ခုကတော့ ထိုမြောင်းထဲမှာ လူနဲ့ သတ္တဝါတွေကို အဆိပ်သင့်စေတဲ့ စိမ်းပြာ မှော်ပင်ရေညှိတွေ ရှိနေခဲ့ခြင်း ဖြစ်ပါတယ်။ Duarte ဟာ ရေဖြတ်ကူးဖို့ ကြိုးစားနေခဲ့စဉ်မှာပဲ သူ့ရဲ့ နှာခေါင်းနဲ့ ပါးစပ်ဟာ အဆိုပါ ရေညှိရေတွေထဲ နစ်လာခဲ့ပါတယ်။ Washington Post ကို သူ့ရဲ့ ပြန်ပြောပြချက်အရတော့ ရေတွေဟာ လူတွေရဲ့ မစင်အနံ့လိုတောင် နံနေခဲ့တယ်လို့ ဆိုပါတယ်။

READ
အမေရိကန်သမ္မတ ကနေဒီလုပ်ကြံခံရမှု ဆရာဝန်ကြီးရဲ့ ယူဆချက်ပုံကြမ်း ထွက်ပေါ်လာ
Cape Coral Police

စိမ်းပြာ ရေညှိမှော်ပင်တွေဟာ နံပြီး အဆိပ်ရှိရုံသာမက cyanotoxins လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ထိုပစ္စည်းဟာ အသည်း၊ အာရုံကြောစနစ်နဲ့ အရေပြားတို့ကို ပျက်စီးစေနိုင်ပါတယ်။ ကနေဒါမှာဆို စိမ်းပြာ ရေမှော်ပင်တွေကြောင့် ခွေးသုံးကောင် သေဆုံးခဲ့တဲ့အထိကို ဖြစ်ခဲ့ပါသေးတယ်။ ရေချိုရေငန် နှစ်မျိုးလုံးမှာ ပေါက်ရောက်နိုင်ပြီး ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဒီလို အဆိပ်ပြင်းတဲ့ အပင်မျိုးကို မြိုချမိပါက အန္တရာယ်လည်း များနိုင်ပါတယ်။

Cape Coral Police

ဒါပေမယ့် Duarte ဟာ ရေကူးရင် ထိုရေညှိတွေကို မြိုချမိခဲ့ပါတယ်တဲ့။ ရဲတစ်ယောက် တင်ခဲ့တဲ့ ဗီဒီယိုထဲမှာဆိုရင် Duarte ဟာ “ကျွန်တော် သေတော့မယ်” အော်ဟစ်နေခဲ့ပြီး ရဲတွေရှိရာ ကမ်းဘက်ခြမ်းကို ပြန်ကူးလာခဲ့ရတာကို တွေ့ရမှာပါ။ ရေပြန်ကူးလာရင်း အော်ဂလီဆန် ဖြစ်နေတဲ့ အသံတွေလည်း ကြားရပါတယ်။ တရားခံ ကုန်းပေါ် ပြန်တက်လာဖို့ ရဲတွေ ဝိုင်းကူညီခဲ့ပြီး ပြီးနောက်မှ လက်ထိပ်ခတ်ခဲ့တာပါ။ ရေပိုက်နဲ့လည်း သန့်ရှင်းရေးပါ လုပ်ပေးလိုက်ရပါသေးတယ်။ ထို့နောက် Duarte ဟာ ရေညှိတွေလည်း မြိုချထားမိတာကြောင့် ဆေးရုံပို့ပေးခဲ့ကြရပါတယ်။

Cape Coral Police

ရဲများ ထုတ်ပြန်ချက်အရတော့ Duarte ရဲ့ ကားပေါ်မှာ ဆေးခြောက်အဆီပုလင်း (၇) ပုလင်း တွေ့ရှိခဲ့ကြပြီး သူ့ကို တားမြစ်ပစ္စည်း သယ်ယူပို့ဆောင်မှုနဲ့ အရေးယူခဲ့ကြောင်း သိရပါတယ်။

READ
ဘီကီနီဝတ်ဆင်ပြီးအော်ပရာထဲမှာသရုပ်ဆောင်မယ့် အလေးမအမျိုးသမီး

Ref: Buzzfeed News

SHARE