ကလေးငယ်(၄)ဦးရဲ့ အသက်ကို အမှတ်မထင် ကယ်တင်နိုင်ခဲ့တဲ့ ငါးဖမ်းသမားရဲ့ ဖြစ်ရပ်ဆန်း

YouTube- CBS Sacramento

သူ့နာမည်ကတော့ Harrell Fischer ပါ။ အဲဒီနေ့က ထုံးစံအတိုင်းပဲ Harrell Fischer ဟာ မနက် ၉ နာရီခွဲလောက် မြစ်ထဲဆင်းပြီး နိစ္စဒူဝကိစ္စတွေကို လုပ်နေခဲ့ပါတယ်။ တံငါးသည်ရဲ့နိစ္စဒူဝကိစ္စဆိုတော့ ငါးဖမ်းတာပဲပေါ့။

သူ့ဟာသူအေးအေးဆေးဆေး ငါးဖမ်းနေတုန်း ဟိုးဖက်နား ရေပြင်ဆီကနေ အော်သစ်တချို့ကြားခဲ့ပါတယ်။ အော်သံတွေခပ်စူးစူးဖြစ်နေတဲ့အတွက် တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်နေပြီဆိုတာ Harrell Fischer သိသွားခဲ့တယ်။ ဒါကြောင့် လှေကိုစက်ပြန်နှိုးကာ အသံကြားရာဆီကို ထွက်လာခဲ့ပါတယ်။ Harrell Fischer ရဲ့သင်္ဘောဟာ ကမ်းနဲ့လည်းသိပ်မဝေးနေတာကြောင့် သူနဲ့အတူတူ  ကမ်းပေါ်က လူတချို့လည်းပါလာခဲ့ပါတယ်။

YouTube- CBS Sacramento

အသံကြားတဲ့ နေရာကိုလည်းရောက်ရော ကားတစ်စီး မြစ်ထဲထိုးကျနေခဲ့တာပါ။ နောက် ကားမှန်ဟိုဖက်မှာမြင်လိုက်ရတာက မျက်နှာလေးတစ်ခု။ နောက် လက်သေးသေးလေးနှစ်ခု။ ဒါနဲ့ Harrell Fischer ဟာ လွုံးဝမစဉ်းစားဘဲ ရေထဲထိုးဆင်းကာ ကလေးတွေကို ရေအောက်ထဲနစ်မြုပ်တော့မယ့် ကားထဲကနေ စတင်ကယ်ပါတော့တယ်။

ကလေးတွေကို တစ်ဦးချင်းကယ်ပြီး သူ့လှေပေါ်ကို တင်နေရင်း ရှေ့ခန်းကအမျိုးသမီးကတော့ လုံးဝသတိမရတော့တာပါ။ တကယ်တော့ အမျိုးသမီးဟာ လူတစ်ယောက်ရဲ့ သေနတ်နဲ့ပစ်ခတ်ခြင်းကို ခံခဲ့ရပြီးနောက်မှာတော့ သေဆုံးသွားကာ ကားလည်းမြစ်ထဲထိုးကျသွားခဲ့တာပါတဲ့။

READ
အကင်မီးမှအစပြုကာ တောမီးကြီးအထိ ကူးပြောင်းသွားခဲ့ရတဲ့ ကြောက်မက်ဖွယ်ပုံရိပ်များ
YouTube- CBS Sacramento
YouTube- CBS Sacramento

Harrell Fischer ကယ်ခဲ့တဲ့ အကြီးဆုံး ၆  နှစ် ကလေးလေးဟာဆိုရင် Harrell Fischer ကို ဒီလိုအခြေအနေမျိုးမှာ ဘာလို့ လာကယ်တာလဲ၊ မကြောက်ဘူးလားဆိုပြီးတော့  ပြောခဲ့ပါသေးတယ်တဲ့။ တကယ်တော့ ပစ်ခတ်တဲ့လူက တစ်ကားထဲမှာ အတူတူရှိနေတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီးတော့ စကားများကာ သေနတ်နဲ့ ပစ်သတ်လိုက်တာပါ။ ကားရေထဲထိုးကျသွားတဲ့အချိန်မှာလည်း အဲဒီအမျိုးသားဟာ ကားထဲကနေ တစ်ယောက်ထဲပဲထွက်သွားခဲ့ပြီးနောက် ကလေးတွေကိုလည်း မကယ်ခဲ့ပါဘူးတဲ့လေ။ အဲဒီလူကိုလည်း ဖမ်းမိခဲ့ပါတယ်။

YouTube- CBS Sacramento

penny

SHARE