မျက်ကပ်မှန်တပ်ပြီး ရေချိုးလိုက်လို့ မျက်လုံးကန်းသွားတဲ့ အမျိုးသားရဲ့ အဖြစ်

Shutterstock/goodluz

နစ်ခ်ဟမ်းဖရေးဆိုသူ အမျိုးသားတစ်ဦးဟာ ဂျာနစ်လစ်တစ်ဦးဖြစ်တဲ့အပြင် ဘောလုံးဝါသနာပါသူတစ်ယောက်ပါ။ သူဟာ သာမန်အချိန်တွေဆို မျက်မှန်တပ်ပေမယ့် ဘောလုံးကစားတဲ့အခါမှာတော့ မျက်လုံးအမြင်ကြည်ကြည်လင်လင်နဲ့ ကစားနိုင်အောင်ဆိုပြီး အမြဲမျက်ကပ်မှန်တပ်ရင်း ဘောလုံးကစားခဲ့ပါတယ်။ ဒါပေမယ့် ဒီမျက်ကပ်မှန်ကြောင့်ပဲ တစ်နေ့တော့ သူ့မျက်လုံးပျက်စီးရလိမ့်မယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ နစ်ခ်ဟာ မျက်ကပ်မှန်ကို ရေချိုးနေရင်း တပ်ဆင်ခဲ့တာကြောင့် သူ့ရဲ့ ညာဘက်မျက်ကြည်လွှာထဲကို Acanthamoeba keratitis (AK) အမည်ရတဲ့ ရှားပါးပိုးတစ်မျိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

နစ်ခ်ဟာ အသက်(၂၉) နှစ် ပဲရှိပါသေးတယ်။ နစ်ခ်ဟာ ရောဂါပိုးဝင်သွားတဲ့ မျက်လုံးကို နှစ်ကြိမ်တိုင် ခွဲစိတ်ပြီးပြီဖြစ်ပြီး အခုဆိုရင် မျက်ကြည်လွှာကို အစားထိုးဖို့ စောင့်ဆိုင်းနေပါတယ်။ မျက်ကပ်မှန်ကြောင့် မျက်လုံးပျက်စီးခဲ့ရတဲ့ သူ့အဖြစ်ကို နောင်တရရင်း တကယ်လို့သာ မျက်ကပ်မှန်တပ်ထားရင်းနဲ့ ရေချိုးတာဟာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာသာ ကြိုသိခဲ့ရင် ဘယ်တော့မှ မျက်ကပ်မှန်တပ်ခဲ့မှာ မဟုတ်ဘူးလို့ နစ်ခ်ကဆိုပါတယ်။

Shutterstock/ life-literacy

နစ်ခ်က သူဟာ မျက်မှန်တပ်ရမှာဖြစ်ပေမယ့် မျက်မှန်တပ်ထားတဲ့ သူ့ပုံစံကို မကြိုက်ရာကနေ မျက်ကပ်မှန်တပ်ခဲ့မိရာက ညာဘက်မျက်လုံးတစ်လုံး ဆုံးရှူံးခဲ့ရပြီ ဆိုပြီး ပြောပြခဲ့ပါတယ်။ နစ်ဟာ တစ်မနက်မှာ နိုးနိုးလာချင်း မျက်ကပ်မှန်ကို ကောက်တပ်ကာ ဂျင်သွားဆော့ခဲ့ပါတယ်။ ဂျင်ဆော့အပြီး မျက်ကပ်မှန်တပ်ရင်းနဲ့ပဲ ရေချိုးခဲ့ပြီးနောက် ရုံးသွားခဲ့တာ ဖြစ်ပါတယ်။

(၂၀၁၈) ခုနှစ် ဇန်န၀ါရီလရဲ့ တစ်မနက်မှာတော့ နစ်ခ်ဟာ ညာဘက်မျက်လုံးက သိပ်မမြင်ရတာကို သတိပြုမိခဲ့ပါတယ်။ သူ့ရဲ့ညာဘက်မျက်လုံးမှာ ခြစ်ရာတစ်ခုလည်း တွေ့ခဲ့တာကြောင့် မျက်လုံး တစ်ခုခုဖြစ်ပြီဆိုတာ သိခဲ့ပေမယ့် အရမ်းကြီးဆိုးဝါးမယ်လို့တော့ နစ်ခ်က မတွေးခဲ့ပါဘူး။ ဆေးရုံကိုရောက်တဲ့အခါမှာတော့ နစ်ခ်ကို စစ်ဆေးကြည့်ကြရာမှာ ရေထဲမှာနေတဲ့ Acanthamoeba ဟာ ညာဘက်မျက်လုံးထဲရောက်ပြီး မျက်ကြည်လွှာကို ဖျက်ဆီးနေတာကို တွေ့ကြရပါတော့တယ်။

Shutterstock/Chuck Rausin

ဆရာဝန်က နစ်ခ်ကို ပိုးသတ်ဖို့အတွက် မျက်လုံးအစက်ချဆေးတွေကို () ပတ်တာ မျက်စိထဲခပ်ဖို့ ပေးလိုက်ပါတယ်။ နစ်ခ်ဟာ အစပိုင်းမှာတော့ သူ့ရဲ့ အမြင်အာရုံဟာ တိုးတက်လာသယောင်ရှိပေမယ့် (၂၀၁၈) ခုနှစ် မတ်လရောက်တဲ့အခါမှာတော့ ညာဘက်မျက်လုံးဟာ လုံးဝကွယ်သွားပါတော့တယ်။ ညာဘက်မျက်လုံး အမြင်အာရုံကို ပြန်ရဖို့ နစ်ခ်ဟာ မျက်လုံးခွဲစိတ်မှူတွေ လုပ်ခဲ့ပေမယ့်လည်း အမြင်အာရုံက ပျောက်ဆုံးမြဲ ပျောက်ဆုံးနေပါသေးတယ်။ အခုအခါမှာတော့ မျက်ကြည်လွှာအစားထိုးကုသဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ သူ့ရဲ့ ညာဘက်မျက်လုံးသာ ပြန်ကောင်းသွားခဲ့ရင် မျက်ကြည်လွှာဘယ်တော့မှ ထပ်မတပ်တော့ဘူးလို့ နစ်ခ်က ဆိုခဲ့ပြီး သူ့လို အမြင်အာရုံဆုံးရှူံးမှူမျိုး မဖြစ်ရလေအောင် ရေချိုးတဲ့အခါနဲ့ ရေကူးတဲ့အခါတွေမှာ မျက်ကပ်မှန်တပ်တာမျိုး မလုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE