အမေရိကားတစ်ခွင်လုံးဖြတ်ပြေးအပြီးပန်းအ၀င်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား

ရည်ရွယ်ချက်တွေအောင်မြင်အောင်ကြိုးစားခဲ့တဲ့အပြင် ချစ်သူမိန်းကလေးကို အမေရိကားတစ်ခွင်ဖြတ်ပြေးပြီးမှ ချစ်ခွင့်ပန်ခဲ့တဲ့အမျိုးသားတစ်ယောက်အကြောင်းကို အခုလိုသိရပါတယ်။ ထိုအမျိုးသားက Forrest Gump ကိုအားကျတဲ့အတွက်ကြောင့်ဖြစ်မယ်ထင်ပါတယ်။ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Forrest Gump မှာ ရုပ်ရှင်မင်းသားကြီး Tom Hanks ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲမှာတော့ Forrest ဟာသူ့ရဲ့နာကျင်မှုတွေကိုသက်သာဖို့မရပ်မနားပြေးခဲ့ပြီး ချစ်သူဖြစ်တဲ့ Jenny (Robin Wright) ကိုဆုံးရှုံးခဲ့ရတာကြောင့် လှပတဲ့ဇာတ်သိမ်းတော့မရှိခဲ့ပါဘူး။

Going the Distance

အခုတွေ့ရတဲ့အမျိုးသား Rob Pope ကတော့ Forrest Gump ကိုသူ့ရဲ့လက်တွေ့ဘ၀ထဲမှာ ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။ အသက်(၃၉)နှစ်အရွယ် Rob Pope ဟာ Forrest Gump ကိုကော်ပီလုပ်ပြီး ပြေးခဲ့ရုံသက်သက်ချည်းတော့မဟုတ်ပါဘူး။ Pope ရဲ့မိခင်က ကမ္ဘာကြီးထဲမှာရှင်သန်နေထိုင်နေတုန်း သာမန်လူတွေလိုနေထိုင်မသွားပဲ အများအကျိုးဆောင်တဲ့အလုပ်တစ်ခုလုပ်ဆောင်ခဲ့ဖို့သွန်သင်သွားခဲ့ပါတယ်။

Going the Distance

ဒါကြောင့် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့မှာ Pope ဟာသူ့ခရီးစဉ်ကို အယ်လာဘားမားကနေ စတင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ရာသီဥတုအခြေအနေ၊ ခြစ်ခြစ်တောက်ပူပြင်းတဲ့အပူဒဏ်နဲ့ မိုးလေဒဏ်တွေကိုအန်တုပြီး တစ်နေ့ကိုပျမ်းမျှမိုင်(၄၀)ခန့်ပြေးခဲ့ပါတယ်။ သူပြေးရတဲ့ရည်ရွယ်ချက်ကတော့ သူရွေးချယ်ထားတဲ့ ကမ္ဘာ့အကျို့းပြုအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ World Wildlife Foundation နဲ့ Peace Direct တို့အတွက်ရန်ပုံငွေရှာပေးဖို့ပဲဖြစ်ပါတယ်။

READ
ရောဂါသည် ညီလေးအတွက် ကိုယ်တိုင်ဈေးရောင်းပြီး ဆေးဖိုးရှာပေးတဲ့ (၉)နှစ်သားကောင်လေး
elitereaders

ရက်ပေါင်း(၄၂၂)ရက်နဲ့ မိုင်ပေါင်း (၁၅,၆၀၇)ကိုကျော်ဖြတ်ပြီးတဲ့အခါမှာတော့ သူ့ရဲ့အိပ်မက်ဖြစ်တဲ့မာရသွန်ခရီးစဉ်ကြီးဟာပြီးဆုံးသွားခဲ့ပါပြီ။ ဒါ့အပြင် သူရည်ရွယ်ထားတဲ့အတိုင်း ဖော်ပြထားတဲ့အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေပေါင်း ဒေါ်လာ(၅၀,၀၀၀) ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Pope ရဲ့ပန်းဝင်တဲ့အချိန်ကတော့ Forrest Gump ဇာတ်ကားနဲ့မတူပဲတစ်မျိုးကွဲထွက်လာခဲ့ပါတယ်။ Pope ဟာပန်းဝင်အပြီးမှာပဲ ချစ်သူအမျိုးသမီး Nadine ကိုလက်ထပ်ခွင့်တောင်းခဲ့တယ်လို့ကြည်နူးဖွယ်သိရှိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE