ဂျက်ဝတ်စုံဝတ်ပြီး ချောက်ထဲကျနေတဲ့ ကလေးမလေးကို ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသား

[email protected] takeongravity

ဂျက်ဝတ်စုံကြီးတွေဝတ်ပြီး လေထဲမှာ ပျံနေတယ်ဆုတာကို ကျွန်တော်တို့အနေနဲ့ များသောအားဖြင့် James Bond ဇာတ်ကားတွေနဲ့ အက်ရှင်ကားတွေထဲမှာသာ တွေ့ဖူးကြတာပါ။ ပြင်ပလောကမှာ ဒီလိုမျိုးတွေ လုပ်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံလွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဆိုရင်လည်း အမျိုးသားတစ်ယောက်ဟာ ဂျက်ဝတ်စုံကို တီထွင်ခဲ့ပြီး ပြင်ပလောကမှာ အဆိုပါဝတ်စုံဟာ ဘယ်လောက်တောင် အသုံးဝင်ပြီး အရေးပါသလဲဆိုတာ လက်တွေ့ပြသခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အမျိုးသားဟာ သူတီထွင်ထားတဲ့ ဂျက်ဝတ်စုံကိုဝတ်ပြီး ချောက်ထဲကျနေတဲ့ ကလေးမလေးကို ကယ်တင်ခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] takeongravity

အဆိုပါ အမျိုးသားကတော့ အင်္ဂလန်နိုင်ငံရှိ Take On Gravity အဖွဲ့အစည်းမှာ ဂျက်ဝတ်စုံတီထွင်သူအဖြစ် လုပ်ကိုင်နေတဲ့ Mr Browning လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Mr Browning ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက England နိုင်ငံရှိ Lake District ရေကန်ကြီးအနီးမှာရှိတဲ့ တောင်ပေါ်ကနေ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ယောက် ပြုတ်ကျသွားကြောင်း သတင်းရရချင်း သူ့ရဲ့ ဂျက်ဝတ်စုံကို ဝတ်ပြီးတော့ အဆိုပါကောင်မလေးကို ၂၅ မိနစ်အတွင်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တောင်ပေါ်ကနေ ချောက်ထဲဆင်းဖို့အထိ စက္ကန့် ၉၀ လောက်သာ အချိန်ယူခဲ့ရပြီး ချောက်ထဲကနေ အဆိုပါကောင်မလေးကို ပွေ့ချီကာ တော်ပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ အဆိုပါ ၁၀ နှစ်သမီးလေးကတော့ ခြေထောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး အသက် အန္တရာယ် မစိုးရိမ်ရကြောင်း သိရပါတယ်။

READ
ဂရိကျွန်းလှလှလေးမှာသွားနေရုံနဲ့ ထောက်ပံ့ကြေးရသွားမယ့်အစီအစဉ်တစ်ခု

 

“ဒီဂျက်ဝတ်စုံက အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဝတ်စုံတစ်ခု ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တော်တော်လေးကို အဆင်ပြေစေမယ့် အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ တစ်ချို့နေရာတွေဟာ ကယ်ဆယ်ရေးဝန်ထမ်းတွေကိုယ်တိုင် ကယ်ဆယ်ဖို့အတွက် တော်တော်လေးစွန့်စားရမယ့် နေရာတွေရှိပါတယ်။ အဲဒီလိုနေရာတွေမှာ ဒီလို ဂျက်ဝတ်စုံဝတ်ပြီး ကယ်တင်မယ်ဆိုရင်တော့ တော်တော်လေးကို အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်”လို့ Mr Browning က ပြောကြားခဲ့ပါတယ်။

READ
လပေါ်မှာ အိမ်သာတီထွင်နိုင်တဲ့လူကို အမေရိကန်ဒေါ်လာ (၃၅,၀၀၀) ချီးမြှင့်မယ့် NASA

 

 

View this post on Instagram

 

Flight Experiences & Flight Training @goodwood 🚀👌 Link in Bio

A post shared by Gravity Industries (@takeongravity) on

Pyi Hein Kyaw

SHARE