မိချောင်းကို လူကရေထဲဆင်းပြီး ပြန်ကိုက်ခဲ့တဲ့ ဖိလစ်ပိုင်က ဖြစ်ရပ်

အသက် (၁၂) နှစ်အရွယ်ကလေးလေး Diego Abulhasan ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Palawan ဒေသ၊ Balabac မြို့မှာမိသားစုနဲ့အတူ နေထိုင်ပါတယ်။ ၂၀၁၉ ဇန်နဝါရီလ (၂၅) ရက်နေ့ ညနေ (၆) နာရီလောက်မှာ ညီလေးဖြစ်သူနဲ့ အိမ်နားရှိတဲ့ မြစ်ထဲရေကူးနေတုန်း Diego အတွက် တစ်ဘဝလုံးစာလုံးဝမေ့ဖျောက်လို့မရမယ့် ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။

ရေကူးနေရင်း ရေထဲကအရာတစ်ခုဟာ သူ့ကိုရေအောက်ထဲဆွဲနှစ်လိုက်တာကို ခံစားခဲ့ရပါတယ်။ ပြီးတော့ အဆက်မပြတ်နာကျင်မှုတွေပါ ဆက်လက်ခံစားခဲ့တာပါတယ်။ ရေပေါ်ပေါ်လိုက်နစ်လိုက်ဖြစ်နေတုန်း သူ့ကိုကိုက်နေတယ်လို့ ထင်ရတဲ့အရာကို ကြည့်လိုက်တော့ မိချောင်းကြီးတစ်ကောင်ဖြစ်လို့နေပါတယ်။

Viral Press

Diego ရဲ့ ဖခင်ဟာ ကမ်းစပ်က လူတွေရဲ့အော်ဟစ်သံတွေကြောင့် အိမ်အပြင်သို့ထွက်ကြည့်ရာ သူ့ရဲ့သားကြီးကို မိချောင်းမှခဲထားပြီး ရေထဲဆွဲနှစ်နေတာကို မြင်ခဲ့ရပါတယ်။ ဒါနဲ့ Tejada Abulhassan ဟာ သားဖြစ်သူရဲ့အသက်ကို ကယ်ဖို့အတွက် အိမ်နဲ့ ကိုက်(၁၀၀)တောင်ဝေးတဲ့ မြစ်ဆီကို သုတ်ချေတင်ပြေးခဲ့ပါတော့တယ်။

လမ်းမှာ သစ်သားခြောက်တစ်တုံးယူသွားပြီး မြစ်ထဲဆင်းကာ မိချောင်းနဲ့သားရှိရာသို့ကူးခတ်သွားခဲ့ပါတယ်။ မိချောင်းရဲ့မျက်နှာနဲ့ နှာနုနေရာကို လက်သီးနဲ့ ဆင့်ကာ ဆင့်ကာထိုးခဲ့သော်လည်း သားကိုဆက်လက်ခဲထားစမြဲမို့ အခက်တွေ့နေခဲ့ပါတယ်။

READ
လူမျိုးရေးခွဲခြားတဲ့ ရှေ့နေတစ်ဦးကို မှတ်လောက်သားလောက်အောင် ပညာပေးခဲ့ကြ

ချက်ချင်းဆိုသလို ကိုက်ရမယ်ဆိုတဲ့အတွေးတစ်ခု Tejada ရဲ့ ခေါင်းထဲကို ဝင်လာခဲ့ပါတယ်။ မိချောင်းကိုယ်ခန္ဓာရဲ့ အပျော့ဆုံးနေရာတစ်ခုကိုရှာပြီး ကိုက်ပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Tejada စဉ်းစားလို့ရသလောက်ကတော့ မိချောင်းရဲ့ ခြေထောက်ပိုင်းက အသားပျော့နေတဲ့နေရာပါ။

Pinterest

ချက်ချင်းဆိုသလို မိချောင်းရဲ့ခြေထောက်ကိုရှာပြီး ရှိသမျှအားကုန်သုံးကာ ထပ်ကာထပ်ကာ စတင်ကိုက်ပါတော့တယ်။ စစချင်းကတည်းက မိချောင်းကရုန်းတာကြောင့် နာကျင်မှုကိုခံစားရတာ သေချာသွားခဲ့တွက် အဆက်မပြတ်စတင်ကိုက်ခဲ့တာပါ။

ခဏအကြောမှာပဲ မိချောင်းဟာ ကိုက်ခဲထားတဲ့ သားဖြစ်သူ Diego ကို လွှတ်ချလိုက်ပြီး ရေထဲသို့ပြန်ဆင်းသွားခဲ့ပါတော့တယ်။

Diego ကိုတော့ Balabac ဒေသ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ခဲ့ရပါဘူး။ မိချောင်းကိုက်ရာဒဏ်ရာအချို့နဲ့ မျက်နှာနဲ့မျက်ခွံ၊ ခြေထောက်နဲ့လက်တို့မှာ ကုတ်ခြစ်ရာများသာဖြစ်ခဲ့ပြီး ဆေးရုံမှာ (၂) ရက်ခန့်နေကာ ပြန်လည်သက်သာလာစပြုနေပါပြီ။

Balabac

အဲဒီဒေသမှာ မိချောင်းအဆွဲခံရတာဟာ ၂၀၁၉ ခုနှစ်အတွက်တော့ ပထမဆုံးဖြစ်ရပ်ဖြစ်ပြီး သိပ်မကြာသေးခင် ၂၀၁၈ နိုဝင်ဘာလတုန်းက မိချောင်းဆွဲသွားတာကြောင့် ငါးဖမ်းသမားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

READ
တိုက်ရိုက်အစီစဉ်တင်ဆက်စဉ် ဗိုက်သားပေါ်က Tattoo အလှကိုလှစ်ဟပြတဲ့ မော်ဒယ်

မြစ်ကမ်းတစ်လျှောက် မိချောင်းတစ်ကောင် သောင်းကျန်နေတာ သေချာသွားပြီဖြစ်တဲ့အတွက် ဖမ်းဆီးရေးပြုလုပ်ကြရာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ရေငန်မိချောင်းကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ မိချောင်းကြီးဟာ ၁၅.၆ ပေရှည်လျားပြီး Puerto Peincesa မှ မိချောင်းထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

Source: Philippines Lifestyle, Daily Mail

Penny

 

SHARE