အမှောင်လောကထဲက ကလေးသူငယ်လေးတွေကို အလင်းပြပေးခဲ့တဲ့ အမျိုးသားကြီး

[email protected] India

ဒီဘက်ခေတ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေဟာ ဘယ်လောက်ပဲဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ ဖြစ်နေပါစေ၊ အဲဒီကိစ္စတွေက ရှိနေတုန်းပါပဲ။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေထဲမှာမှ အသက်မပြည့်သေးတဲ့ ကလေးတွေကို လူကုန်ကူးခြင်း၊ မိန်းကလေးတွေကို လူကုန်ကူးပြီး ပြည့်တန်ဆာအဖြစ် အတင်းအကျပ်လုပ်ကိုင်စေခြင်း၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို လုပ်ငန်းခွင်းထဲမှာ အတင်းအဓမ္မခိုင်းစေခြင်း အစရှိတဲ့ အမှုတွေက အဆိုးဆုံးပါပဲ။ အခုပြောပြချင်တဲ့ အမျိုးသားကြီးကတော့ အဲဒီလိုအမှောင်လောကထဲရောက်နေတဲ့ မိန်းကလေးတွေနဲ့ ကလေးငယ်တွေကို တက်နိုင်သလောက်လိုက်လံရှာဖွေပြီး ကယ်တင်ပေးနေတဲ့ အမျိုးသားကြီးပဲ ဖြစ်ပါတယ်။

ng3o.org

အဆိုပါ အမျိုးသားကြီးကတော့ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ Ajeet Singh လို့ အမည်ရတဲ့ အမျိုးသားကြီးပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Ajeet ဟာ Guria လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ Founder ဆိုလည်း မမှားပါဘူး။ Guria အဖွဲ့အစည်းဟာ လူကုန်ကူးခံရတဲ့ ကလေးငယ်တွေ၊ အသက်မပြည့်သေပဲ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေကို လိုက်လံကယ်တင်စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီအဖွဲ့အစည်းဟာ စပြီးတည်ထောင်တဲ့နှစ်မှာတင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရတော့မယ့် အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း အယောက် ၂၅၀၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အခုအချိန်အထိဆိုရင်တော့ Guria အဖွဲ့အစည်းဟာ ကလေးပေါင်း ၆၈၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ပညာရေးလမ်းကြောင်းတစ်ခုအပေူကို တင်နိုငပေးခဲ့ပြီ ဖြစ်ပါတယ်။

READ
Gym မသွားပဲ တစ်နှစ်အတွင်း ပေါင်(၁၂၀)ကျော် ဝိတ်ချခဲ့တဲ့ အမျိုးသမီး

ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့ Ajeet ဟာ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဘဝကတည်းက ပြည့်တန်ဆာတစ်ယောက်ရဲ့ ကလေး ၃ ယောက်ကို မွေးစားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအရွယ်တုန်းက Ajeet ဟာ ဝမ်းကွဲအကိုတစ်ယောက်ရဲ့ ပါတီကို သွားရောက်ကတည်းက စင်ပေါ်မှာကနေတဲ့ အမျိုးသမီးတစ်ယောက်ကို သတိထားခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါကောင်မလေးဟာ သူနဲ့ ရွယ်တူဖြစ်နေပြီး ဒီလိုအရွယ်မှာဘာကြောင့် ဒီလိုအကမယ်တစ်ယောက်အဖြစ်လုပ်ကိုင်နေလဲဆိုတာ သိချင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Ajeet ဟာ ပါတီပွဲပြီးတဲ့အထိစောင့်ပြီး အဆိုပါ မိန်းကလေးနဲ့ စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ စကားပြောပြီးတဲ့အချိန်မှတော့ အဆိုပါ ကောင်မလေးဟာ အသက်ငယ်ငယ်နဲ့ ပြည့်တန်ဆာဖြစ်နေရုံသာမက သူမမှာ ကလေး ၃ ယောက်ရှိနေတာကို သိလိုက်ရပါတယ်။

Posted by Guria India on Saturday, November 9, 2019

“ကျွန်တော်အဲဒီ ကလေး ၃ ယောက်စလုံးကို မွေးစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကောင်မလေးဟာ သူမကိုယ်တိုင်ကလေးတွေကို မမွေးထားချင်လို့ပါပဲ။ တစ်ခါတစ်လေကျတော့လည်း စဉ်းစားကြည့်မိတယ်။ လူဖြစ်ပြီးဘာကြောင့် ကိုယ့်စိတ်ခံစားချက်အပြည့်အဝနဲ့ မရပ်တည်နိုင်ရလဲဆိုတာကိုပါပဲ။ လူတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်ခွင့်ရှိပါတယ်။ နောက်တစ်ခုက လူကိုလူလို့ပဲ မြင်ပေးကြပါ”လို့ Ajeet က ပြောကြားခဲ့ပါတယ်။

READ
အပြင်ပန်းသဏ္ဍာန်ကြည့်ပြီး လူတွေကို အကဲမဖြတ်သင့်ကြောင်း ပြောပြခဲ့တဲ့အမျိုးသား
theindiaphile
Guria India

Pyi Hein Kyaw

SHARE