မျက်နှာကို အက်စစ်နဲ့ပတ်ခဲ့တဲ့ ချစ်သူဟောင်းကို ခွင့်လွှတ်ပါတယ်ဆိုတဲ့ အမျိုးသား

အသက် 24 နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား Iniubong Ime ဟာ  ရည်းစားဟောင်းရဲ့ ထင်မှတ်မထားတဲ့ တိုက်ခိုက်မှု ကို ခံခဲ့ရပါတယ်။ အခင်းဖြစ်စဉ်ညက သူဟာ စောစောစီးစီး အိပ်ပျော်နေခဲ့ပြီး၊ ရှေ့တံခါးမှာ အသံဗလံတစ်ချို့ကြောင့် နိုးထ လာ ခဲ့ပါတယ်။

Ime ဟာ အသံကို မသင်္ကာလို့ နေရာကနေ ထပြီးစူးစမ်းမှုတွေ ပြုလုပ်စဉ် ပြူတင်းပေါက်တစ်ချပ် ဖွင့်နေခဲ့တာကို တွေ့ခဲ့ရ ပါတယ်။ ယင်းနောက် တံခါးကို တွန်းအဖွင့်လိုက်မှာ ချစ်သူဟောင်း Lucy Daniel ရောက်နေပြီး၊ သူ့မျက်နှာကို အက်စစ်နဲ့ တန်းပတ်ကာ တိုက်ခိုက်ခဲ့ပါတယ်။

Lucy ဟာ အသက် 20 အရွယ်သာ ရှိသေးတဲ့ မိန်းမပျိုတစ်ယောက် ဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုအတွက် Lucy ကို တရားစွဲခြင်း တွေဘာတွေ ပြုလုပ်လိုစိတ်မရှိကြောင်း၊ ဘာမှလည်း တုန့်ပြန်လိုစိတ် မရှိကြောင်း၊ ခွင့်လွှတ်ကြောင်း Ime က ဆိုပါတယ်။

Ime က ” ကျွန်တော်တို့ ချစ်သူ သက်တမ်း တစ်နှစ်လောက် ကြာခဲ့ပါတယ် … အကုန်အဆင်ပြေခဲ့ပေမယ့် သူက ကျွန်တော်နဲ့ အမေ ပြီးတော့ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေရဲ့ ဆက်ဆံရေးမှာ အမြဲတမ်း ပြဿနာရှာခဲ့ပါတယ် … နောက် ကျွန်တော်နဲ့ နီးစပ်သူမှန်သမျှကိုလည်း ဒီအတိုင်းပါဘဲ … ဒါကြောင့် အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ “လို့ သူက ဖွင့်ဟခဲ့ပါတယ်။

READ
ချစ်ကြိုက်ယောင်ဆောင်ပြီး အမျိုးသမီးအ၀တ်မဲ့ပုံတွေကို စုဆောင်းနေတဲ့ အမျိုးသား

သူက ဆက်လက်ပြီး ” အဲဒီနောက် ပျက်သွားခဲ့တယ်ဆိုပါတော့ … သူမ တစ်နှစ်လောက် ပေါ်မလာဘူးဗျ … တစ်နှစ်ကျော် ကြာမှ ပြန်ပေါ်လာတယ် … အိမ်ကိုလည်း မဖိတ်ပဲ လာလည်တယ် … ကျွန်တော်က လာလည်တာ မကြိုက်ကြောင်း အတိအလင်း ပြောခဲ့ပါတယ် .. အဲဒီနောက် သူ့စိတ်ထဲမှာလည်း ပေါက်ကွဲနေမှာပေါ့ … (ယမန်နှစ်က) မတ်လ 6 ရက်နေ့ သန်းခေါင်မှာပဲ ကျွန်တော့်ကို အက်စစ်နဲ့ ပတ်ခဲ့ပါတယ် “လို့ ပြောခဲ့ပါတယ်။

သူဟာ ချစ်သူဟောင်း Lucy ကို စိတ်ပိုင်းဆိုင်ရာ နာကြည်းချက် မရှိပေမယ့် လောလောဆယ်မှာတော့ မြင့်မားလှတဲ့ ဆေး
ကုသမှုတွေအတွက် ငွေရေးကြေးရေး အခက်အခဲတွေ ရှိလာခဲ့ပြီဖြစ်ကြောင်း။ Ime က ” ဒီလို တိုက်ခိုက်မှုဟာ ပြဿနာကို အမှန်တကယ် ဖြေရှင်းမပေးနိုင်ပါဘူး … ဒါပေမယ့် ဖြစ်တဲ့နေ့ကတည်းက ခွင့်လွှတ်စိတ်ထားနိုင်ခဲ့ပါတယ် …” လို့ ပြောခဲ့ပါတယ်။

READ
၁၃နှစ်အရွယ်ကောင်မလေးကို အဓမ္မပြုကျင့်ကာသတ်ပြီးအလောင်းဖျောက်ခဲ့သူ

Ime က ဆက်လက်ပြီး ” အသက်ရှင်နေတာကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် … သူ့ကို ပြန်လက်ခံဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး … ဒါပေမယ့် သူငယ်ချင်းတစ်ယောက်လို စောင့်ရှောက်ဖို့အတွက်တော့ ၀န်မလေးပါဘူး “လို့ ဆိုပါ တယ်။ လောလောဆယ်အချိန်ထိ Ime ဟာ ဆေးကုသမှု ခံယူနေရဆဲပါ။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE