ဇနီးကို ဆက်စီကျတဲ့ ဆယ်လ်ဖီတွေရိုက်ပို့ခဲ့လို့ အင်တာနက်ပေါ်မှာနာမည်ကြီးနေသူ

Micheal Oonk/Facebook

အိမ်အလုပ်လုပ်ကူတဲ့ယောက်ျားတွေဟာ ဆက်စီအကျဆုံးပဲလို့ ပြောနေကြပြီမဟုတ်လား။ ဒါဆို Micheal Oonk ရဲ့ဓာတ်ပုံလေးတွေကို ကြည့်လိုက်ပါဦး။ Micheal Oonk ဟာ သူ့ရဲ့ Facebook မှာ “မဟေသီကိုဆက်ဆီကျကျဓာတ်ပုံတွေ ဘယ်လိုပို့ရမလဲ” ဆိုတဲ့ စာသားနဲ့ ဓာတ်ပုံတချို့ကို တင်ခဲ့ပါတယ်။ သူ့ပိုစ့်ဟာ ဘယ်လောက်များ အားပေးကြမ်းခဲ့လဲဆိုရင် react လုပ်သူပေါင်း ၈၆,၀၀၀ ကျော်ရှိနေခဲ့ပြီး ပြန်လည်မျှဝေသူကတော့ ၄၄၈,၀၀၀ တောင်ရှိနေခဲ့ပါတယ်။

ကဲပုံလေးတွေကို တစ်ချက်ရှိုးလိုက်ပါဦး။

တစ်နေ့တာကိုအိမ်တံမြက်လှည်းတာနဲ့စခဲ့ပါတယ်မိန်းမရေ

Michael Oonk/Facebook

အမှိုက်လှည်းပြီးတော့ အပြီးသတ်ဖုန်စုတ်

Michael Oonk/Facebook

ပြီးတော့ညကပုံနေတဲ့ဆေးစရာပန်းကန်တွေကိုလည်း..

Michael Oonk/Facebook

..ဒီလိုအပြတ်ရှင်းပစ်လိုက်တယ်

Michael Oonk/Facebook

ကိုယ်တော်တယ်မဟုတ်လား

Michael Oonk/Facebook

အဝတ်လည်းလျှော်ပေးတယ်

Michael Oonk/Facebook

ဟော.. ခွေးပါကျောင်းပေးပြီးပါပြီတဲ့ဗျာ..

Michael Oonk/Facebook

Micheal Oonk ရဲ့ ပုံလေးတွေကိုမြင်တော့ အိမ်ထောင်တစ်ခုထူထောင်ပြီးတဲ့အခါမှာ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်ထဲက မင်းသားလေးတွေလို ချောမောလှပနေဖို့မလိုအပ်ဘဲ နားလည်မှုရှိမယ်၊ ကိုယ်ချင်းစာမယ်၊ ကြင်နာတတ်မယ်၊ မားမားမတ်မတ်ရပ်တည်နိုင်မယ်ဆိုရင် အရာရာပြီးပြည့်စုံသွားပြီဆိုတာပါပဲ။

How to send sexy pictures to your lady.

Posted by Michael Oonk on Friday, March 8, 2019

Penny

SHARE