အိမ်ယာမဲ့တစ်ဦး အိပ်နေတဲ့ရွက်ဖျင်တဲကို အကြောင်းမဲ့မီးရှို့ခဲ့တဲ့ အမျိုးသား

Ian Gordon လို့ အမည်ရတဲ့ အသက် (၅၁)နှစ်အရွယ် အမျိုးသားကြီးဟာ အိမ်ယာမဲ့တစ်ဦး ရွက်ဖျင်တဲအတွင်းမှာ အိပ်ပျော်နေစဉ် သဘောဆိုးနဲ့ အဆိုပါတဲကို မီးရှို့ခဲ့ပါတယ်။ သူရဲ့လုပ်ရပ်ကို လမ်းဘေးမှာတပ်ဆင်ထားတဲ့ CCTV က မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး၊ Ian အနေနဲ့ ဘယ်လိုမှ မငြင်းနိုင်ခဲ့ဘူးလို့ Metro က ဆိုပါတယ်။

SWNS

CCTV ထဲမှာ Ian ဟာ ရွက်ဖျင်တဲ မီးလောင်ဖို့အတွက် သုံးကြိမ်အထိ တဲကို လှည့်ပတ်ကာ မီးနဲ့ရှို့ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ဦးထုပ်အနီကို စောင်းထားပြီး၊ ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက် ရှိနေသေးလားဆိုတဲ့ အမူအယာနဲ့ အကဲခတ်ခဲ့ပါသေးတယ်။ တစ်ယောက်မှ မမြင်နိုင်ဘူးလို့ သိတဲ့အခါမှာတော့ ရွက်ဖျင်တဲကို ယုတ်မာစွာ မီးနဲ့အကြိမ်ကြိမ်ရှို့ခဲ့တာပါ။

SWNS

အိမ်ယာမဲ့တစ်ဦးရဲ့ ဖြစ်သလိုဆောက်လုပ်ထားတဲ့ တဲမို့၊ မီးလောင်လွယ်တဲ့ အ၀တ်နဲ့မိုးကာတွေကိုသာ အသုံးပြုထားတဲ့အတွက် မီးကလည်း လျှင်မြန်စွာ စွဲလောင်ခဲ့ပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ အိပ်နေတဲ့ သနားစရာ အိမ်ယာမဲ့အမျိုးသားဟာ မီးလောင်နေတယ်ဆိုတာကို သိပြီး၊ တလှုပ်လှုပ်နဲ့ထွက်လာခဲ့တာကို တွေ့ရပါတယ်။

READ
ထီဝါသနာပါတဲ့ခင်ပွန်းကို အရွဲ့တိုက်ပြီး ထီထိုးတဲ့အမျိုးသမီး ဒေါ်လာတစ်သိန်းဆုပေါက်
SWNS

အဆိုပါအမျိုးသားဟာ မီးကို ငြိမ်းသတ်ဖို့ ကြိုးစားတဲ့ပုံစံကို တွေ့ရပေမယ့် ဘာမှမတက်နိုင်ခဲ့ပါဘူး။ နောက်ဆုံး သူ့ရဲ့ မရှိမဲ့ရှိမဲ့အ၀တ်အစားလေးတွေနဲ့ ငွေအသပြာတစ်ချို့ မီးထဲမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာဖြစ်ခဲ့တာပါ။ ဒီကိစ္စအတွက် ပြစ်မှုကျူးလွန်သူ Ian ကို အမြန်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Ian ဟာ ရန်ငြိုးရန်စမှ မရှိဘဲ အခုပြစ်မှုကို အကြောင်းမဲ့ ကျူးလွန်ခဲ့တာပါ။ သူက ဒီပြစ်မှုကို ကျပန်း ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ အိမ်ကနေ ထွက်လာပြီး၊ ဘက်စ်ကားစီးလာကြောင်း၊ ယင်းနောက် ဒီမီးရှို့မှုကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့ပါတယ်။ Birmingham Crown Court တရားရုံးက Ian ကို ပြစ်မှုခိုင်လုံတဲ့အတွက် ထောင်ဒဏ် (၆)နှစ်ခွဲ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE