ဇနီးသည်ကကိုယ့်ထက်ပို အောင်မြင်နေတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုပြီး ပြောပြလာခဲ့သူ

Facebook- Eugene Ng

ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက Eugene Ng ဆိုတဲ့ Facebook account ကနေပြီး သူ့ရဲ့ဇနီးကို tag လုပ်ပြီးတော့ post လေးတစ်ခုတင်လာခဲ့ပါတယ်။ Caption လေးကတော့ “SO WHAT IF SHE IS MORE SUCCESSFUL?” ပါတဲ့။ ကိုယ့်အမျိုးသမီးက ကိုယ့်ထက်ပိုပြီး အရာရာသာနေခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ့။

အမျိုးသားတော်တော်များများက သဘာဝကပေးတဲ့ ခေါင်းဆောင်လိုတဲ့ စိတ်ထားတွေကြောင့် ကိုယ့်ဘေးမှာရှိနေတဲ့ ချစ်သူ ဒါမှမဟုတ် ဇနီးသည်ဟာ ကိုယ့်ထက်ပိုပြီး သာလွန်နေတဲ့အခါမှာ အငုံ့စိတ်တွေ ပေါက်ဖွားလာတတ်ကြပါတယ်။ သိမ်ငယ်လာတတ်ကြတယ်။ အလိုမကျမှုတွေ ဖြစ်လာတတ်ကြပါတယ်။့ ပတ်ဝန်းကျင်က အတင်းစကားတွေကို မခံနိုင်ကြတော့ဘဲ ရန်ရှာမိတတ်ကြပါတယ်။ ဒီစိတ်တွေကြောင့်ပဲ relationship တစ်ခုဟာ ယိုယွင်းပျက်ဆီးလာကြတာပါ။ ဒီပြဿနာတွေကို မဖြစ်ရလေအောင် Eugene Ng ကတော့ အခုလိုပဲ သူ့ရဲ့ ၉ နှစ်ကြာ အတွေ့အကြုံနဲ့တကွ ရှင်းပြထားခဲ့ပါတယ်။

သူနဲ့ ချစ်ရတဲ့သူ Yin Yin တို့ တွဲလာခဲ့ကြတာ ၉ နှစ်တောင်ရှိနေခဲ့ပါပြီ။ ၉ နှစ်ဆိုတဲ့ အချိန်ကာလဟာ ဆယ်စုနှစ်တစ်ခုစာနီးနီးကို ရှိနေပါတယ်။ အထက်တန်းကျောင်းပြီးကတည်းက နှစ်ယောက်သား တက္ကသိုလ်တက်ချိန်လည်း အတူတူ၊ လုပ်ငန်းခွင်ဝင်တော့လည်း အတူတူ၊ ပိုက်ဆံမရှိလို့ ပေါင်မုန့်လေးတစ်လုံးစားပြီး ကျောင်းစာအတွက် လိုအပ်တဲ့ စာအုပ်ကိုလည်း ဝယ်ခဲ့ဖူးတယ်။ လမ်းဘေးထမင်းကြော် တစ်ပွဲထဲကိုလည်း တစ်နေ့လုံး တစ်ယောက်တစ်ဝက်စားပြီး ရှင်သန်ခဲ့ဖူးပါတယ်တဲ့။ ပိုက်ဆံမရှိတဲ့အခြေအနေကို မိဘတွေသိမှာဆိုးလို့ နှစ်ယောက်သား McDonald ဆိုင်ထဲဝင် မှာမလိုနဲ့ ဓာတ်ပုံလေးရိုက်ပြီး ပြန်ထွက်လာ၊ မိဘတွေကို ပုံပို့ပြီးလည်း ဗိုက်ဟောင်းလောင်းနဲ့ ညတွေကို ဖြတ်သန်းခဲ့ဖူးပါတယ်လို့ စာထဲမှာ ရေးထားခဲ့ပါတယ်။

READ
သင့်ကိုလူတစ်ယောက်ချစ်လာနိုင်စေမယ့် သင်မထင်ထားတဲ့အချက်(5)ချက်

ဒါပေမဲ့ ချစ်ရတဲ့ Yin Yin ဟာ အရမ်းကို ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူများကောင်မလေးတွေလို အလှအပနဲ့ ဖက်ရှင်တွေ၊ အသုံးအဖြုန်းတွေကိုလည်း စိတ်မဝင်စားဘဲနဲ့ ရသမျှ ကျောင်းတက်ရင်း အလုပ်လုပ်တဲ့ပိုက်ဆံတွေကို နှစ်ယောက်သား ကျစ်ကျစ်ပါအောင် စုလေ့ရှိတဲ့ အကျင့်တွေ ရှိပါတယ်လို့ ချီးကျူးထားပါတယ်။ အတူတူနေတော့ မနက်ဆိုလည်း Yin Yin က သူ့ထက် အစောကြီးထပြီးတော့ စာတွေလုပ်၊ အလုပ်တွေလုပ်နဲ့ သူကတော့ Yin Yin လို စာသိပ်မဖတ်ရတဲ့ မေဂျာကို ယူထားတာကြောင့် အိမ်အလုပ်တွေကို အများဆုံး လုပ်ပေးခဲ့ပါတယ်တဲ့။

ဒါပေမဲ့ တစ်နေ့ထက်တစ်နေ့ Yin Yin ဟာ သူ့ထက်ပိုပြီး အောင်မြင်ဖို့ လမ်းစကို နီးနီးလာခဲ့တာကို သတိထားမိခဲ့ပါတယ်တဲ့။ ဒါနဲ့ Eugene လည်း ဆုံးဖြတ်ချက်ချပြီးတော့ သူ့ဘဝတစ်ခုလုံးကို Yin Yin ကို အနောက်ကနေပဲ ပံ့ပိုးကူညီလာခဲ့တာပါ။ စစချင်းတော့ ပတ်ဝန်းကျင်ရဲ့ အရိုးစွဲအယူအဆတွေကြောင့် ယောက်ျားလေးက မိန်းကလေးထက် အလုပ်မှာရော သိပ်မအောင်မြင်ဘဲ မှီခိုအဖြစ်နဲ့ရှိနေတာကြောင့် တော်တော်လေး အပြောခံခဲ့ရပါတယ်တဲ့။ Eugene ရဲ့ မိဘတွေကအစပေါ့။

ဒါပေမဲ့ သူကိုယ်တိုင် အများစုသော အမျိုးသားတွေလို ချစ်သူကောင်မလေးက ကိုယ့်ထက်ပို သာနေတာကို ပီတိဖြာလက်ခံပေးနိုင်တဲ့ စိတ်ထားလေးရှိနေပြီး Yin Yin ကလည်း သူကပိုသာနေလို့ဆိုပြီး Eugene ကို နှိမ်ချပြောဆိုဆက်ဆံတာမျိုးတွေ မလုပ်ခဲ့တဲ့အတွက် နားလည်မှုနဲ့ ရှေ့ဆက်ကာ အခုလိုမျိုး အောင်မြင်သာယာပျော်ရွှင်တဲ့ဘဝကို ရလာခဲ့တာပါတဲ့လေ။

READ
ရင်ထဲနင့်အောင်ချစ်မိသွားတဲ့မိန်းကလေးတွေအတွက်ပဲ ပုရိသတွေလုပ်ပေးလေ့ရှိတဲ့အရာ(၅)ခု

ဒါလေးကတော့ မူရင်း post လေးပါ။

penny

SHARE