ပုရိသတွေလက်တွဲဖြုတ်သင့်တဲ့ စရိုက်ဆိုးမိန်းကလေးများ

ပုရိသတွေအနေနဲ့ ချစ်သူတစ်ယောက် ရပြီဆိုတာနဲ့ ငါက ယောက်ျားပဲ၊ ဘာအရှုံးရှိတာလိုက်လို့-ဆိုတဲ့ အတွေးနဲ့ အချစ်ကို ပေါ့ပေါ့လေး မထားစေချင်ပါဘူး။ အချို့ စရိုက်ဆိုးတဲ့ အမျိုးသမီးတွေနဲ့ တွေ့ရင် ဘ၀ပျက်၊ စီးပွားပျက်ဖြစတတ်ပါတယ်။ ဒါကြောင့် အောက်ပါ ချစ်သူမျိုးနဲ့ လက်တွဲထားမိတယ်ဆိုရင်တော့ ဘ၀တစ်သက်တာကို ထောက်ဆပြီး လက်တွဲဖြုတ်သင့်တယ်လို့ Shwemom က အကြံပြုချင်ပါတယ်။

(၁) အညှိုးမျက်မာန်ကြီးသူ

အညှိုးမျက်မာန်ကြီးလှတဲ့သူနဲ့ အတူတူနေရတာ ရန်သူနဲ့အတူတူနေရခြင်းနဲ့ အတူတူပါဘဲ။ သင်လက်ထပ်မဲ့ အမျိုးသမီးဟာ ဒီလိုပုံစံသာဆိုရင် သင်ဟာ ရန်သူနဲ့ အနီးကပ်ဆုံး နေရတာနဲ့ မထူးပါဘူး။ အချိန်မရွေး အသက်အန္တရာယ် အလုပ်ကြံခံရနိုင်ပါတယ်။

(၂) အသုံးချသူ

ယောက်ျားတစ်ယောက်ကို ချဉ်းကပ်ပြီး စီးပွားရေး၊ လူမှုရေးတို့မှာ အသုံးချတတ်တဲ့အမျိုးသမီးမျိုးဆိုရင်လည်း လက်မတွဲသင့်ပါဘူး။ သူ့မှာ အချစ်မရှိလို့ပါ။ သူ့ဘ၀ရဲ့ တစိတ်တဒေသအတွက်သာ သင့်ကို အသုံးချနေခြင်းသာ ဖြစ်ပါတယ်။

READ
ပထမဆုံးDateမှာ ကောင်မလေးကိုဘာတွေပြောရမလဲ

(၃) လူကြားသူကြားထဲ အရှက်ခွဲတတ်သူ

အချို့အမျိုးသမီးများကြတော့ သာမာန်အချိန်မှာ အကောင်းပါဘဲ။ ဒါပေမယ့် လူကြားထဲ ရောက်ပြီဆိုရင် စိတ်ကောက်သလိုလို၊ တစ်ယောက်ယောက်နဲ့ မသင်္ကာတာလိုလို၊ ဘာကို အလိုမကျမှန်းမသိ ဖြစ်တာလိုလိုနဲ့ ပြဿနာ မဖြစ်ဖြစ်ရအောင် လုပ်တတ်ပါတယ်။ ဒါကတော့ ရှားတောင့်ရှားခဲပါဘဲ။ ဒါပေမယ့် ရှိပါတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ သူငယ်ချင်းတွေ ကျိုက်ထီးရိုးသွားတုန်းက သူငယ်ချင်းလင်မယားနှစ်ယောက် အတူပါလာပါတယ်။ ဘုရားပေါ်တောင် မတတ်ရသေးဘူး အမျိုးသမီးဖြစ်သူက တစ်ခြားကောင်မလေးတွေကို ဘာလိုကြည့်တာလဲဆိုပြီး ပြဿနာရှာ တွယ်သတ်ပြီး ဘုရားတောင် မဖူးရသေးဘူး ကင်ပွန်းစခန်းက ပြန်သွားကြတဲ့အဖြစ်ကို မှတ်မိပါသေးတယ်။ ဒီလိုအမျိုးသမီးတွေ အများကြီး ရှိနိုင်ပါတယ်။

(၄) ဇာတ်လမ်းရှုပ်သူ

ဇာတ်လမ်းရှုပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ကိုယ့်လူတို့ သိပါလိမ့်မယ်။ တစ်ချို့ကကျတော့ ငါနဲ့ယူပြီး ငြိမ်သွား
မယ်လို့ ထင်တတ်ကြပါတယ်။ ငြိမ်သွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘာမှ လွန်လွန်ကျွံကျွံမဖြစ်ခင်မှာ သေချာစိစစ်ပါ။ မဟုတ်ရင် မျက်နှာခပ်နောက်နောက် မိန်းမ ယူမိပြီး မွေးလာတဲ့ကလေးက ကိုယ့်သားလား သူများသားလား မသင်္ကာဖြစ် စိတ်ဆင်းရဲရတာမျိုးကို ဘယ်သူမှ မလိုချင်ကြပါဘူး။

READ
ချစ်သူရှိဖို့လိုအပ်နေပြီလို့ယူဆရင် သင့်ကိုယ်သင်ပြန်ပေးသင့်တဲ့မေးခွန်းများ

(၅) ငွေကိုမက်လွန်းသူ

ငွေကို လူတိုင်းမက်ကြပါတယ်။ ငွေဟာ လူတိုင်း သည်းခြေကြိုက်ပါ။ ဒါပေမယ့် အချို့ကကျတော့ တရားလွန်လွန်းတတ်ပါတယ်။ ငွေသာလျှင် အဓိက၊ ငွေသာလျှင် ပဓာန၊ ငွေမရှိရင် ဘ၀မရှိ၊ ငွေသာလျှင် ကိုးကွယ်ရာ ဘုရားသခင်လို့ မှတ်ယူတတ်ပါတယ်။ ဒီလိုအမျိုးသမီးတစ်ယောက်နဲ့ သင်ဟာ ဖူးစာဆုံမိတယ်ဆို သေချာပါတယ်။ သူဟာ သင့်ကို ငွေတုန်းငွေခဲကြီးလို့ မြင်နေမှာ မမှားပါဘူး။ သင့်ကို ငွေတုန်းငွေခဲလို့ မမြင်တော့တဲ့ တစ်နေ့ သင့်ဘ၀ သွားပြီမှတ်ပါ။

နတ်စည်တော် (Shwemom)

sm

SHARE