မျက်စိမမြင်နားမကြားတဲ့ခွေးမလေးကို မလန့်စေပဲ အိပ်ရာကနှိုးနည်း ပြောပြခဲ့တဲ့အမျိုးသား

instagram/aiden_m365

ခွေးတွေဟာ အမြင် အကြား အနံ့ခံအာရုံတွေနဲ့ အန္တရာယ်ကို ခံစားသိရှိကြတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ ဒီအာရုံတွေထဲက တစ်ခုခုချို့တဲ့သွားတဲ့အခါ သူတို့တွေအဖို့ ပြင်ပလောကမှာ အသက်ရှင်သန်နေထိုင်ဖို့အတွက် ခက်ခဲသွားပါတယ်။ ဒါပေမဲ့လည်း တစ်ချို့သော ကြင်နာတတ်တဲ့နှလုံးသားရှိသူတွေကတော့ ဒီလိုဒုက္ခိတဖြစ်နေတဲ့ခွေးလေးတွေကို မေတ္တာတရားနဲ့ စောင့်ရှောက်ပေးတတ်ပါတယ်။

ဥပမာဆိုရရင်တော့ storypick သတင်းကနေ အခုတွေ့ရမယ့် အေဒန်မိုက်ကယ်မန်းလို လူမျိုးပါ။ အေဒန်ဟာ မျက်စိလည်း မမြင်၊ နားလည်းမကြားပေမယ့် ချစ်စရာကောင်းတဲ့ ခွေးမချောချောလေးတစ်ကောင်ရဲ့ အဖေဖြစ်ပါတယ်။ မကြာသေးခင်တုန်းက အေဒန်ဟာ သူ့ရဲ့ သမီး ဒုက္ခိတခွေးမလေးကို မလန့်စေရအောင် ညင်ညင်သာသာလေးနှိုးနေခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါတယ်။

ခွေးမလေးကို နှိုးဖို့ရာမှာ ဉာဏ်သုံးရပါတယ်။ အိပ်နေတာဖြစ်တဲ့အတွက် ရုတ်တရက် သွားထိလို့လည်း မရပါဘူး။ လန့်ပြီး ကျင်ငယ်တွေထွက်သွားမှာ စိုးရပါတယ်။ ဒါကြောင့် အေဒန်ဟာ ခွေးမလေးနားကို အသာလေးကပ်သွားပြီး သူ့မျက်နှာရှေ့ကို လေမှုတ်ပေးလိုက်တာပါ။ အောက်ဘက်မှာတော့ အေဒန်က ခွေးမလေး အိပ်နေတဲ့အခါ သူဘယ်လိုနှိုးတယ်ဆိုတဲ့အကြောင်း ပြောပြနေတာ ဖြစ်ပါတယ်။

READ
မြင်သူတိုင်းအူယားစေမယ့် မွေးကင်းစကလေးငယ်လေးရဲ့ မိခင်အနမ်းကို ပြန်ပြီးတုံ့ပြန်ပုံ

လူတွေက မေးကြတယ်။ နားလည်းမကြား မျက်စိလည်းမမြင်တဲ့ ကျွန်တော့်သမီးကို မလန့်သွားအောင် ဘယ်လိုနှိုးသလဲပေါ့။

instagram/aiden_m365

သူ့ကို ခပ်ဖွဖွ လေနဲ့မှုတ်ပေးလိုက်တယ်။

instagram/aiden_m365

နည်းနည်းလေးတော့ လန့်သွားမယ်။

instagram/aiden_m365

ကျွန်တော်ဆိုတာ သူသိသွားပြီ။

instagram/aiden_m365

ခုတော့ သူက ပိုအချစ်ခံချင်နေပြီလေ။

instagram/aiden_m365

ဒါကတော့ ကြည်နူးစရာကောင်းတဲ့ သားအဖနှစ်ဦးရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

❤️🐶❤️

A post shared by Aiden Michael Mann 🏳️‍🌈 (@aiden_m365) on

လင်းလင်း (ShweMom)

SHARE