စကိတ်ဖိနပ်စီးပြီး ကြိုးခုန်ကာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသား

Youtube_GuinessWorldRecord

လူတိုင်းဟာ မွေးဖွားပုံခြင်းတူရင်သာ တူနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ စိတ်အားထက်သန်မှုပါရမီကတော့ လုံးဝကို မတူနိုင်ပါဘူး။ တစ်ချို့လူတွေဟာ အားကစားဖက်မှာ အရမ်းထူးချွန်သူအဖြစ်နဲ့ မွေးဖွားလာနိုင်သလို တစ်ချို့လူတွေကျပြန်တော့လည်း ပညာရေးကိစ္စတွေမှာ ထူးချွန်သူတစ်ယောက်အဖြစ် မွေးဖွားလာတတ်ကြပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားကတော့ သာမန်လူတွေ မလုပ်နိုင်တဲ့ ကြိုးခုန်အားကစားနည်းနဲ့ ကမ္ဘာ့မှတ်တမ်းဝင်ခဲ့တဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကြိုးခုန်တယ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကြိုးခုန်တဲ့အခါမှာ သူစီးထားတဲ့ ဖိနပ်ဟာ သာမန်ဖိနပ်မဟုတ်ပဲ ဘီးတွေပါတဲ့ စကိတ်စီးဖိနပ်ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Delhi မြို့ရှိ Zoravar Singh အမည်ရှိ အမျိုးသားပဲ ဖြစ်ပါတယ်။ Zoravar ဟာ စက္ကန့် ၃၀ အတွင်းမှာ အကြိမ်ရေ ၁၄၇ ခေါက် ကြိုးခုန်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကြိုးခုန်တဲ့အခါ ဝတ်ထားတဲ့ ဖိနပ်ဟာလည်း သာမန် ဖိနပ်မျိုးမဟုတ်ပဲ ဘီးတွေပါရှိတဲ့ စကိတ်စီးဖိနပ်ပဲ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက် စကိတ်စီးဖိနပ်ဝတ်ပြီး ကြိုးခုန်တဲ့အခါမှာဆိုရင်တော့ ကျိန်းသေချော်လဲသွားနိုင်ပါတယ်။ ဒါပေမယ့် Zoravar ကတော့ သေသေချာချာ ဟန်ချက်ကျကျ ကြိုးခုန်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်ပါ တင်နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Zoravar ဟာ ကြိုးခုန်တဲ့ အားကစားနဲ့ပတ်သတ်ပြီး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွေအထိပါ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အားကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

READ
တရုတ်ပင်လယ်ကမ်းစပ်မှာ ကဏန်းကောင်ရေ သိန်းချီစုဝေးလို့ လူအများစိုးရိမ်နေ

 

“ကျွန်တော့်အနေနဲ့ကတော့ တော်တော်လေးကို ပျော်ပါတယ်။ ဒီလိုမျိုး ကမ္ဘာ့စံချိန်တင်နိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ စလေ့ကျင့်တဲ့အချိန်မှာတောင် စကိတ်ဖိပ်ပေါ်က ချော်လဲကျပြီး ရက်သတ္တပတ်တော်တော်ကြာ နားလိုက်ရပါသေးတယ်။ အဲဒီဒဏ်ရာကနေ သက်သာလာတဲ့အခါမှ သေသေချာချာ ကြိုးစားပြီး ပြန်လေ့ကျင့်ရတာပါ။ အခုလို ကမ္ဘာ့စံချိန်တင်ဖြစ်သွားမယ်လို့ တစ်ခါမှ မမျှော်လင်ခဲ့ဖူးတာပါ”လို့ Zoravar က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE