ဘေးမှာမှီပြီး လာအိပ်ငိုက်နေတဲ့ ကောင်မလေးကို စမတ်ဖုန်းစာကျွေးလိုက်တဲ့ အမျိုးသား

ရထားစီး၊ ကားစီးနေတဲ့အခါ ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းတစ်ယောက်က ကိုယ့်ကို လာမှီတာမျိုး၊ ကိုယ့်နားမှာ အရမ်းတိုးကပ်နေတာမျိုးကို လူအများစုက မနှစ်သက်ကြပါဘူး။ တစ်ခါတစ်လေ ကိုယ့်ဘေးနား ထိုင်နေတဲ့သူက သတိလက်လွတ်နဲ့ ကိုယ့်မှီပြီး ငိုက်နေတာမျိုးဆိုရင် ပိုလို့တောင် ရုပ်ပျက်ပါသေးတယ်။

တချို့တွေကလည်း အားနာလို့ ဒီအတိုင်း လက်သင့်ခံနေသူတွေ ရှိသလို၊ တချို့ကျတော့လည်း အနေရအထိုင်ရကြပ်လို့ ဖြစ်တဲ့နည်း သုံးပြီး လှမ်းနိုးရတာတွေလည်း ရှိပါတယ်။ အောက်မှာ တွေ့ရမှာကတော့ ဘေးနားမှာ လာအိပ်ငိုက်နေတဲ့သူကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးပါ။

twitter.com/SakuradaPC

ဂျပန်အမျိုးသားတစ်ဦးဟာ သူ့ကို မှီပြီး အိပ်ငိုက်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ခေါင်းကို မိုဘိုင်းဖုန်းနဲ့ ရိုက်ပြီး နိုးခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးရာ နေရာကိုတော့ အတိအကျမသိရပါဘူး။ ၄င်းဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့တဲ့ အမျိုးသားကတော့ ထိုအမျိုးသားဟာ ခဏခဏအိပ်ငိုက်ပြီး သူ့ပခုံးပေါ်ယိုင်ကျလာတဲ့ အမျိုးသမီးကို အခုလိုရိုက်နေတာ(၃) ခါလောက် ရှိနေပြီဖြစ်ကြောင်းနဲ့ ထပ်ရိုက်ဦးမလား သိချင်တာကြောင့် ဗီဒီယိုရိုက်ကူးဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

READ
အွန်လိုင်းရှော့ပင်းကနေ မှာဖို့ လုံးဝစိတ်မကူးရဲလောက်အောင် ဖြစ်သွားစေမယ့် အလွဲတစ်ချို့...

အွန်လိုင်းပေါ် ပျံ့နေတဲ့ ရယ်စရာဗီဒီယိုလေးကို ရယ်စရာသက်သက်ပဲ ဖော်ပြတာမို့ ကိုယ့်မှာ အလားတူအဖြစ်မျိုး ကြုံလာရင်လည်း အဲ့အတိုင်း လုပ်ရမယ်လို့ မပြောဘူးနော်..။ 😛

လင်းလင်း(ShweMom)

Ref: 9gag

SHARE