ဖောက်ပြန်ပြီးထားခဲ့တဲ့ဇနီးကြောင့် ဘဝကြီးကို ၁ ဒေါ်လာနဲ့ ရောင်းခဲ့သူတစ်ယောက်အကြောင်း

© ianusher

အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုရင် အရင်ခေတ်တွေတုန်းကလို တစ်ယောက်တည်းနဲ့ပဲ ယူပြီး ရိုးမြေကျတစ်ယောက်တည်းနဲ့ပဲ ပေါင်းသင်းရတယ်ဆိုတဲ့ စုံတွဲတွေ တော်တော်လေးကို ရှားနေပါပြီ။ အိမ်ထောင်အများစုပြိုကွဲရတဲ့ အကြောင်းအရင်းတွေထဲ လူမှုရေးဖောက်ပြန်မှုဟာ ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။

© ianusher

Iran Usher ဆိုသူ အမျိုးသားဟာ အမျိုးသမီးနဲ့ ၁၂ နှစ်ကြာ လက်ထပ်လာခဲ့ပြီးနောက်မှာတော့ ဇနီးဘက်မှဖောက်ပြန်ကာ Usher ကို ထားသွားခဲ့ပါတယ်။ ချစ်ဇနီးလေးကြောင့်ပဲ တစ်နယ်တစ်ကျေးကိုပြောင်းကာ အိမ်ကောင်းကောင်းလေးတစ်လုံး ဝယ်ကာ အလုပ်လုပ်ရင်း အခြေချခဲ့တာမို့ ဇနီးသည် ထားခဲ့ခံရပြီးနောက်ပိုင်းမှာ Usher တစ်ယောက် အဲဒီအိမ်မှာလည်း မနေချင်တော့သလို အသိုင်းအဝိုင်းကြားထဲကနေပါ ထွက်သွားချင်နေခဲ့ပါတယ်။

© ianusher

ဒါကြောင့် သူ့ရဲ့ဘဝကြီးတစ်ခုလုံးကို eBay အွန်လိုင်းအရောင်းအဝယ်ဝက်ဘက်ဆိုဒ်မှာ ၁ ဒေါ်လာကစပြီး လေလံတင်ကာာ အတည်ကြီးရောင်းချခဲ့ပါတယ်။ လေလံအောင်သွားတဲ့သူဟာ Usher ရဲ့ အိမ်၊ ကားနဲ့ အလုပ်ရုံအစုကိုပါ ရမယ့်အပြင် Usher ရဲ့ ဆွေမျိုးတွေနဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးသွားမှာပါ။ သူကိုယ်တိုင် တရားဝင်စာချုပ်စာတန်းနဲ့ ပိုင်ဆိုင်သမျှတွေကို လွှဲပြောင်းပေးမှာဖြစ်ပြီး Usher ကတော့ ကားမောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်တို့ကိုသာ ယူသွားမယ်လို့ ပြောခဲ့ပါတယ်။

လေလံဝင်ဆွဲသူတွေ များပြားခဲ့သော်လည်း အိမ်တစ်လုံးစာတောင် မရှိခဲ့ပါဘူး။ တစ်ရက်မှာတော့ သူများတွေ လုံးဝမလိုက်နိုင်တဲ့ ဈေးနှုန်းနဲ့ လေလံဝင်ဆွဲခဲ့သူရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း Usher ဟာ မရောင်းတော့ဘဲ တကယ့်အိမ်ခြံမြေအကျိုးဆောင်နဲ့ချိတ်ဆက်ကာ အိမ်ကို ရောင်းချခဲ့ပါတယ်။ ကားကိုလည်းရောင်းပြီး အိမ်ထောင်ပရိဘောဂတွေကိုတော့ လိုချင်တဲ့မိတ်ဆွေတွေကို ပေးကာ ကျန်တဲ့တချို့ကိုတော့ ရောင်းချပစ်ခဲ့ပါတယ်။

READ
ဓားပြရဲ့မျက်နှာကို ငရုတ်သီးမှုန့်တွေနဲ့ပက်ပြီး ဖမ်းဆီးခဲ့တဲ့ ဆိုင်ရှင်လင်မယား

အဲဒီနောက်မှာတော့ အဝတ်အစားအနည်းငယ်ကို ထုပ်ကာ နိုင်ငံကူးလက်မှတ်လေးကိုင်ပြီး ထားခဲ့တဲ့အမျိုးသမီးကို မေ့ပစ်ပြီးဘဝသစ်စဖို့အတွက် ခရီးစတင်ထွက်ခဲ့ပါတယ်။ နောက်ပြီး ဒီလိုပစ္စည်းတွေရောင်းပြီး နယ်မြေသစ်ကို ခြေဆန့်ဖို့ဆိုတာ သူ့ရဲ့ဇနီးသည်ကိုမေ့ပစ်ဖို့အတွက် လုပ်ချင်တဲ့ကိစ္စပေါင်း အခု ၁၀၀ ကို ပြည့်အောင် လုပ်ဖို့လည်း ပါဝင်ပါတယ်။

© ianusher

ရက်သတ္တပတ်ပေါင်း ၁၀၀ မှာ သူစိတ်ကူးထားတဲ့ ကိစ္စတွေကို တစ်ယောက်တည်း ကမ္ဘာပတ်ရင်းလုပ်ခဲ့ပါတယ်။ ကြားထဲမှာ Virgin Group ဆိုတဲ့ လုပ်ငန်းကို တည်ထောင်ခဲ့တဲ့ ဘီလီယျံနာစီးပွားရေးလုပ်ငန်းရျင် Richard Branson နဲ့လည်း တွေ့ဆုံဖို့အတွက် စာပို့ခဲ့ကာ အကြောင်းပြန်လာခဲ့တယ်လို့ဆိုပါတယ်။ တွေ့ဆုံပြီး သူ့ဖြစ်နေတဲ့ အခြေအနေတွေအကုန်လုံးကို ပြောပြခဲ့ပြီး အိပ်မက်အခု ၁၀၀ အတွက် ပါရမီဖြည့်ပေးနိုင်မလားလို့ အကူအညီတောင်းခဲ့ပါတယ်။Richard Branson ဟာ Usher ရဲ့ အခြေအနေကို ကိုယ်ချင်းစာပြီး လုပ်ချင်တဲ့အရာတွေကို လုပ်ရဖို့အတွက် အတတ်နိုင်ဆုံးထောက်ပံ့ကာ တီဗီအစီအစဉ်တွေနဲ့ပါ ချိတ်ပေးပြီး အဲဒီအစီအစဉ်တွေကနေတစ်ဆင့် ငွေရှာကာ ရိုးတွင်းချဉ်ဆီကင်ဆာနဲ့ အစာချေစနစ်အကြောင်း အထူးပြုသင်ကြားပေးတဲ့ ပညာရေးဌာနတွေဆီကို အလှူငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

© ianusher
© ianusher

သွားခဲ့သမျှ နိုင်ငံတိုင်း၊ မြို့တိုင်းမှာလည်း သူ့ကို အခမဲ့တည်းခိုခွင့်တွေ၊ အစားအစာတွေအလကားကျွေးမယ့် လူကောင်းတွေနဲ့ တွေ့ခွင့်ရခဲ့ကာ အတွေ့အကြုံအသစ်တွေကို ခံစားခွင့်ရှိခဲ့ပါတယ်။ အိပ်မက် ၁၀၀ ထဲမှာ ပါဝင်တဲ့ တိုက်ဂျက်လေယာဉ်မောင်းတာတွေ၊ တံတားပေါ်က ခုန်ချတာတွေ၊ ငါးမန်းတွေနဲ့ ရေအတူတူကူးတာတွေအပြင် တက်တူးအဟောင်းကိုဖုံးပြီး အသစ်ပြန်ထိုးတာ၊ ဖခင်ဝါသနာပါခဲ့တဲ့ မီးထုတ်အလှကခြင်းကိုလည်း တတ်မြောက်အောင် သင်ယူခဲ့ပါတယ်။

READ
နှစ်(၃၇၄)သန်း သက်တမ်းရှိသစ်ပင်ရုပ်ကြွင်း၊ ယနေ့ခေတ် သစ်ပင်တွေရဲ့ပုံစံနဲ့ကွာခြားနေ
© ianusher
© ianusher
© ianusher
© ianusher

ကနေဒါအရောက်မှာတော့ မိုးဆိုတဲ့ ကလေးနှစ်ယောက်မိခင် လူလွတ်အမျိုးသမီးနဲ့တွေ့ဆုံကာ အချိန်အတော်ကြာတဲ့အထိ ဒဏ်ရာတွေနဲ့ပြည့်နှက်နေခဲ့တဲ့ Usher ရဲ့ နှလုံးသားလေးဟာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ခုန်လာခဲ့ပါတယ်။ Moe ဟာ ကနေဒါမှာနေတဲ့အတွက်ကြောင့် Usher ဟာ လတချို့အထိ ကနေဒါမှာ ခြေချခဲ့ပေမယ့် အေးခဲလှတဲ့ရာသီဥတုကို စိတ်ပျက်လာတဲ့အတွက် ကလေးနှစ်ယောက်နဲ့ ချစ်သူအသစ်စက်စက်လေးကို ခေါ်ကာ ပနားမားအနီးမှာ ရှိတဲ့ ကျွန်းလေးတစ်ကျွန်းကို အပိုင်ဝယ်ကာ နေထိုင်ခဲ့ပါတယ်။ သို့ပေမယ့် ကလေးတွေနဲ့ အမျိုးသမီးတစ်ယောက်အတွက်က ကျွန်းငယ်လေးမှာဘဲ တစ်သက်လုံးနေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် နှစ်ဦးသဘောတူပဲ လမ်းခွဲခဲ့ကြပါတယ်။

© ianusher
© ianusher

ဒီအပြင် သူ့ရဲ့ဘဝဇာတ်ကြောင်းအကြောင်းကို A Life Sold ဆိုတဲ့နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့တာကို Disney မှ ရပ်ရှင်ရိုက်ကူးဖို့အတွက် ဝယ်ယူခဲ့ပါတယ်။ Moe နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာလည်း Paradise Delayed ဆိုတဲ့ နာမည်နဲ့လည်း စာအုပ်တစ်အုပ် ထပ်ထုတ်ခဲ့ပါသေးတယ်။

© ianusher
© ianusher

နောက်ပိုင်း Usher တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်မှာ အင်္ဂလန်က ငယ်သူငယ်ချင်းဖြစ်တဲ့ Vanessa နဲ့ Usher ဆက်သွယ်မိကာ ရက်အနည်းငယ်လောက် လာလည်မယ်ဆိုပြီး နေရင်းကနေ ချစ်ကျွမ်းဝင်ကာ Vanessa တစ်ယောက် Usher နဲ့ပဲ နေဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ စိတ်တူကိုယ်တူရှိတဲ့အတွက် Usher နဲ့ Vanessa တို့ဟာ နေရာသစ်တွေဆီကို ခရီးထွက်ရင်း ခရီးစဉ်အသေးစိတ်ကို လူတွေဆီကို ချပြရင်း ဝင်ငွေရှာကာ အေးချမ်းစွာနေထိုင်နေခဲ့ပါတော့တယ်။

© ianusher

Source: Bright Side

Penny

SHARE