Rubik’s Cube (၃)ခုကို တစ်မိနစ်အတွင်း လေထဲမှာ တင်အရောင်တူအောင် လုပ်နိုင်သူ

Twitter - Theo, Pixabay - Pexels

Rubik’s Cube ဆိုတာ မျက်နှာပြင် ၆ ဖက်ပါတဲ့ ကုဗတုံးပုံသဏ္ဍာန်ရှိတဲ့ ဥာဏ်စမ်းကစားနည်းတစ်မျိုးပါပဲ။ မျက်နှာပြင် ၆ ဖက်စလုံးကို အရောင်တူအောင်လို့ ကုဗတုံးကိုလှည့်ကာလှည့်ကာဆက်ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လောက်ပဲလှည့်လှည့် မျက်နှာပြင် ၂ ဖက်ထက်ပိုပြီး ဘယ်တော့မှမတူဖူးဘူးဗျာ။

ဒါပေမဲ့လေ တချို့လူတွေရှိတယ်နော်။ မျက်စိတစ်ဖျတ်အတွင်းမှာပဲ ဟောခနဲ့၊ ဟောခနဲလှည့်သွားတာများ အားရစရာကြီး။ Rubik’s Cube နဲ့ပတ်သက်ပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေတောင် ကျင်းပရတဲ့အထိ ကြီးကျယ်တဲ့ကစားနည်းတစ်ခုမဟုတ်ပေဘူးလား။ ကျွန်တော် Story Pick မှာ ဗီဒီယိုတစ်ခုကြည့်လိုက်ရတယ်။ Rubik’s Cube ဆက်တဲ့နည်းလမ်းက ကျွတ်ဆင်ကြီးဗျာ။

Twitter – Theo

ဗီဒီယိုကတော့ Twitter ဗီဒီယိုတစ်ခုပါ။ Theo ဆိုတဲ့ Twitter account ပိုင်ရှင်က သူကိုယ်တိုင်လုပ်ပြပြီး ဗီဒီယိုတင်ထားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ Theo ဟာ ကုဗတုံး ၃ တုံးကို လက်ထဲ ထည့်ကာ လေထဲမှာစတင်လှည့်နေခဲ့ပါတယ်။ လှည့်တယ်ဆိုတာ နိုင်ငံခြားကလူရွှင်တော်တွေ ဘောလုံးပတ်ချာလည်လှည့်သလိုမျိုးလှည့်ပြတာနော်။

READ
အမေရိကန် ကျောချင်းကပ်သေဒဏ်စီရင်မှုကို 2000 ခုနှစ်နောက်ပိုင်း ပထမဆုံး ပြန်လည်ကျင့်သုံး

လေထဲမှာလှည့်ရင်းလှည့်ရင်းနဲ့ စက္ကန့် ၄၀ လောက်လည်းကြာရော ကုဗတုံး ၃ တုံးစလုံးရဲ့အရောင်တွေက အကုန်အတူတူတွေချည်းဖြစ်သွားခဲ့တယ်ဗျာ။ တော်တော်ကြည့်လို့လည်းကောင်းသလို အံ့လည်းသြဖို့ကောင်းတာများ။ လူတွေကတော့ ဘယ်လိုများလုပ်လိုက်သလဲဆိုတာ မေးတောင်ယူရတယ်တဲ့။ တချို့တွေကတော့ ကွန်ပြူတာနဲ့ပြင်ထားတယ်လို့ပြောနေကြသလို တချို့တွေကျပြန်တော့လည်း Theo ရဲ့ညာဖက်လက်ဟာ ကင်မရာအပြင်ဖက်ရောက်ရောက်သွားတာကို သင်္ကာမကင်းဖြစ်နေခဲ့ကြပါတယ်။

 

သင်ရော ကုဗတုံးဆော့ဖူးလား။ ဆော့ဖူးတယ်ဆိုရင်ရော ဘယ်နခါများ အရောင်တွေအားလုံးတူအောင်ဆက်ခဲ့ဖူးလဲ။

Pixabay- Pexels

Penny

SHARE