ရည်းစားဖြစ်သူရဲ့ ရိုမန်တစ်အဆန်ဆုံးလျှို့ဝှက်ချက်ကို လက်ထပ်ပြီးတော့မှ သိခဲ့တဲ့ အမျိုးသမီး

ကန်ဒစ် ကက်သရင်းဆိုသူ အမျိုးသမီးဟာ သူမရဲ့လက်ရှိခင်ပွန်းဖြစ်သူ တီမောသီနဲ့ သုံးနှစ်ကျော်ကြာချစ်ကြိုက်ခဲ့စဉ်က ရည်းစားစာ ၁၄ စောင်ရရှိခဲ့ပါတယ်။စာတစ်စောင်ချင်းတိုင်းမှာ စာလုံးကြီး တစ်လုံးချင်းစီရေးထားပြီး တော့ စာ ၁၄ စောင်လုံးကို စုလိုက်တဲ့အခါမှာ ” ‘Will you marry me ” ဆိုတဲ့ စာသား ပေါ်လာအောင် တီမောသီ ကရေးသားထားခဲ့တာ ဖြစ်ပါတယ်။

 

တီမောသီဟာ သူတို့ရဲ့ ပထမဆုံး ဒိတ်မှာ ကတည်းက ပထမဆုံးစာပေးခဲ့တာ ဖြစ်ပြီး ” တင်နဲ့ ကျွန်မတို့နေတာက သိပ်မဝေးပါဘူး။ဒါပေမဲ့ ကျွန်မတို့ နှလုံးသားထဲက အချစ်တွေကို စာရွက်ပေါ်မှာ မှတ်တမ်းတင်ထားပြီး တစ်နေ့နေ့ မှာ ကျွန်မတို့ ပြန်ကြည့်လို့ရတဲ့အတွက် စာပေးခဲ့တာ ဖြစ်ပါတယ်။ ” လို့ကက်သရင်း က ပြောခဲ့ပါတယ်။ကက်သရင်းဟာ ဒီစာတစ်စောင်ချင်းဆီရဲ့ စာလုံးကြီးတိုင်းဟာ သီးခြား အဓိပ္ပါယ်ရှိတယ်ဆိုတာ မသိခဲ့ဘဲ လက်ထပ်ပြီးတော့မှ တီမောသီက ဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။ကက်သရင်းဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ စီထားတဲ့ ရည်းစားစာ ၁၄ စောင်ကို မြင်တွေ့ခဲ့တဲ့အခါမှာ မျက်ရည်ကျခဲ့ပြီး သူမ ခင်ပွန်းဟာ ရိုမန်တစ် ဆန်တယ် လို့ပြောခဲ့ပါတယ်။” ကျွန်မတို့ လက်ထပ်တုန်းကလည်း တီမောသီက ကျွန်မ အကြောင်း သူ့ဘာသာ စပ်ထားတဲ့ သီချင်းတစ်ပုဒ်ဆိုပြခဲ့ပါသေးတယ်။

READ
Relationshipတစ်ခုမှာ နှစ်ဦးနှစ်ဖက်လုံးရှောင်ကြဉ်ရမယ့်အရာများ

” ကျွန်မတို့တွေရည်းစားမဖြစ်ခင်က သူငယ်ချင်းတွေပါ။ကျွန်မတို့ဟာ အရင်ဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့အတွက် ကျွန်မတို့ အရမ်းကံကောင်းပါတယ်။ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြတဲ့အတွက် ဖြစ်ပါတယ်” လို့ ကက်သရင်း ကပြောခဲ့ပါတယ်။

Ref : Daily Mail

SHARE