ကိုယ်ဝန်သည်ဇနီးကို ဆက်ဆံခဲ့ပုံကြောင့် တစ်နိုင်ငံလုံးရဲ့ချစ်ခြင်းတွေ ခံနေရတဲ့အမျိုးသား

YouTube-Mr Anderson

သာမန်အမျိုးသမီးတစ်ယောက်ဆိုရင်တောင်မှ ကိုယ်ချစ်ရသူရဲ့ ကြင်နာယုယမှုတွေကို မလိုချင်တဲ့သူဆိုတာ မရှိပါဘူး။ ဒါဆို သွေးနုသားနုနဲ့ ကိုယ်ဝန်သည်အမျိုးသမီးတွေဆို ပိုဆိုးမှာပေါ့။ ကိုယ်ဝန်သည်အမျိုးသမီးတွေဟာ အရင်တုန်းကထက် ကိုယ်ဝန်ဆောင်တဲ့ကာလမှာ စိတ်အားငယ်တတ်ကြတယ်ဆိုတာ သင်သိပါသလား။

ဒါကြောင့်လည်း အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ပြီဆိုရင် ချစ်ခင်ရတဲ့လင်ယောက်ျား၊ မိသားစုတွေအားလုံး ဝိုင်းပြီး လိုလေးသေးမရှိ ဖူးဖူးမှုတ်ကာ ပျော်ရွှင်ရတဲ့ ကိုယ်ဝန်သည်ဘဝလေး ဖန်တီးပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမဲ့ တချို့သော အမျိုးသားတွေကတော့ ကိုယ်ဝန်သည်ဇနီးကို ကြင်နာယုယရကောင်းမှန်းလည်း မသိကြပါဘူးလေ။ တချို့ခင်ပွန်းတွေကျတော့လည်း ကိုယ်ဝန်သည်ဇနီးကို ချစ်ထားလိုက်တာမှ တုန်နေရော။ ခြေသည်ကအစ ကိုယ်တိုင်ညှပ်ပေးတာမျိုးအထိ လုပ်ပေးကြပါတယ်။

အခုလည်းကြည့်။ Next Shark မှာ ဖတ်လိုက်ရတဲ့သတင်းလေးတစ်ပုဒ်ကြောင့် တော်တော်လေးကို စိတ်ထဲနွေးထွေးပြီး ကြည်နူးသွားခဲ့တယ်။ ကိုယ်ဝန်သည်ဇနီးသည်အတွက် လုပ်ပေးလိုက်တဲ့အပြုအမူလေးကြောင့် ပြည်သူ့မေတ္တာခံယူနေရတဲ့ အမျိုးသားတစ်ယောက်အကြောင်းပါ။

တရုတ်နိုင်ငံမှာရှိတဲ့ ဆေးရုံတစ်ရုံက စီစီတီဗီမှတ်တမ်းမှာ အခိုက်အတန့်လေးတစ်ခုကို မှတ်တမ်းတင်ခဲ့မိပါတယ်။ အင်္ကျီအထက်အောက်အမည်းရောင်ဝတ်ဆင်ထားခဲ့တဲ့ အမျိုးသားဟာ ဇနီးသည်နွဲှ့တူတူ ဆေးခန်းပြဖို့ အတူတူလိုက်စောင့်ပေးနေခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်သည်ဇနီးသည်ဟာ အဲဒီနေ့က ထိုင်ဖို့နေရာ မရခဲ့တဲ့ပုံပါပဲ။ ကိုယ်ဝန်သည်တွေဆိုတာ နဂိုကတည်းကိုက ခြေထောက်တေဖောယောင်တတ်တာကြောင့် မတ်တပ်အကြာကြီးရပ်ဖို့အဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နောက်ပြီး ကိုယ်ဝန်သည်တွေပြတဲ့ဆေးခန်းဖြစ်တာကြောင့် ဘေးမှာကြည့်မယ်ဆိုရင်လည်း ခုံတွေမှာ ကိုယ်ဝန်သည်တွေထိုင်နေတာကြောင့် သွားဖယ်ခိုင်းလို့လည်းမရဘူးလေ။

READ
စွန့်ပစ်သွားတဲ့ သမီးဖြစ်သူကို လမ်းဘေးမှာ (၁၀) နှစ်ကြာ ထိုင်စောင့်နေတဲ့ အမျိုးသား
YouTube-Mr Anderson

ဒါနဲ့ပဲ အမျိုးသားဟာ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ခဲ့လိုက်ပါတယ်။ နောက် ဇနီးသည်ကို သူ့ရဲ့ကျော်ပေါ်မှာ ထိုင်စေခဲ့ပါတယ်တဲ့။ မတ်တပ်အကြာကြီးရပ်စောင့်နေရလို့ တော်တော်လေး နေမထိထိုင်မသာဖြစ်နေတဲ့ ကိုယ်ဝန်သည်ဇနီးခင်ဗျာ ဘယ်လိုမှမတတ်သာလို့သာ ထိုင်လိုက်ရတယ်။ ဒါပေမဲ့ ဘေးလက်တန်းလေးကိုကိုင်ပြီး အမျိုးသားလေးမှစိုးလို့ ကိုယ်လေးဖော့ပြီး ထိုင်နေခဲ့တာပါ။

သူတို့နှစ်ယောက်ရဲ့အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ရတာမဟုတ်ဘဲ ဝေဝေဝါးဝါး စီစီတီဗီဗီဒီယိုကနေ မြင်ရတာတောင်မှပဲ တော်တော်လေးရင်ထဲနွေးပြီး ကြည်နူးဖို့ကောင်းနေတယ်မဟုတ်လား။ အမျိုးသားကတော့ တကယ့်စံပါပဲ။

penny

 

SHARE