Facebook ကြောင့် သက်သေအခိုင်အလုံနဲ့ဖမ်းမိသွားခဲ့တဲ့ ဘဏ်ဓားပြရဲ့အဖြစ်

Facebook- Arlando Henderson

လူမှုကွန်ယက်ဆိုတာ အမြဲတမ်းအဆိုးနဲ့အကောင်းနဲ့ ဒွန့်တွဲနေလေ့ရှိပါတယ်။ အခုကိစ္စကိုကြည့်မယ်ဆိုရင် သူခိုးဖက်ကကြည့်မယ်ဆိုရင်တော့ Facebook ကြောင့် ဘဝပျက်ခဲ့ရပြီး ပစ္စည်းအခိုးခံရတဲ့သူဖက်ကကြည့်မယ်ဆိုရင်တော့ Facebook ကြောင့် ကံကောင်းထောက်မစွာနဲ့ပဲ ပစ္စည်းတွေလည်းပြန်ရ၊ သူခိုးလည်းဖမ်းမိခဲ့တယ်ပေါ့လေ။ ဖြစ်စဉ်ကိုတော့ Lad Bible မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

တရားခံကတော့ မြောက်ကယ်ရိုလိုင်းနားမှဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကမှ သူအလုပ်လုပ်တဲ့ ဘဏ်ကနေပြီး ပိုက်ဆံတွေအမြောက်အများ ခိုးယူကာ ထွက်ပြေးနေခဲ့တာပါ။

နာမည်ကတော့ Arlando Henderson ပါတဲ့။ Charlotte ဆိုတဲ့ နာမည်ကြီး ဘဏ်မှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးပဲဖြစ်ပါတယ်။ ဘဏ်ကနေပြီး ဒေါ်လာ ၈၈,၀၀၀ တောင်ခိုးသွားခဲ့တာပါတဲ့လေ။ ဒါကြောင့် FBI ကနေပြီး ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက ဖမ်းဝရန်းထုတ်ခဲ့ပါတော့တယ်။

အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Arlando ဟာ ဘဏ်ရဲ့ ငွေထိန်းတဲ့ လုံခြုံရေးအခန်းထဲကို ဝင်ခွင့်ထွက်ခွင့်ရှိခဲ့တဲ့ လက်တစ်ဆုတ်စာဝန်ထမ်းတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

READ
ဘေးက သူငယ်ချင်းကို သတိလစ်မေ့မျောသွားစေခဲ့တဲ့ Chainsaw Prank
Facebook- Arlando Henderson

အခုလိုလုပ်နေခဲ့တာဟာ ၂၀၁၉ ခုနှစ်အတွင်းမှာတင်ကို ၁၈ ကြိမ်လောက်ရှိနေပါပြီတဲ့။ အထူးသဖြင့် ဘဏ်ကို လာအပ်တဲ့ ကာစတမ်မာတွေရဲ့ပိုက်ဆံတွေကို ဘဏ်ထဲမထည့်ပေးဘဲ သူက ကြားဖြတ်ယူထားခဲ့တာပါ။ အဲဒီပိုက်ဆံတွေကိုလည်း အလုပ်ပြန်တာနဲ့ချက်ချင်းပဲ နီးစပ်ရာ ATM စက်ဆီသွားပြီး သူ့ account ထဲ ပြန်ထည့်ခဲ့တာပါတဲ့နော်။ စာရွက်စာတမ်းတွေ၊ ပြေစာတွေကိုတော့ သူပဲ အတုလုပ်ကာ ဘဏ်ဖက်ကိုရော ကာစတမ်မာဖက်ကိုရော ပေးခဲ့တာပါတဲ့။

Facebook- Arlando Henderson

နောက်တော့ Arlando တစ်ယောက် ဘဏ်ကနေ အလုပ်ထွက်သွားခဲ့ပါတော့တယ်။ ဝန်ထမ်းတစ်ယောက်ထွက်ပြီးတိုင်း စာရင်းတိုက်တာ၊ စာရွက်စာတမ်းတွေ စစ်ဆေးတာတွေဆိုတာ ကုမ္ပဏီလုပ်ထုံးလုပ်နည်းတစ်ခုပါ။ အခုက ဘဏ်လုပ်ငန်းဆိုတော့ ပိုဆိုးတာပေါ့။ စာရင်းတွေကွာနေပါပြီ။ ဘယ်သူမှန်းတော့မသိသေးပေမယ့်လို့ Arlando ကို စပြီး ဘဏ်ဖက်က သံသယဝင်လာခဲ့ပါတော့တယ်။

Facebook- Arlando Henderson
Facebook- Arlando Henderson

တိုက်ဆိုင်စွာနဲ့ပဲ Arlando ဟာ သူ့ရဲ့ Facebook မှာ မာစီးဒီးကားသစ်ကြီး ဝယ်ခဲ့ပါတယ်တဲ့။ အဲဒီလက ၂၀၁၉ ခုနှစ် သြဂုတ်လပါ။ နောက်စက်တင်ဘာလမှာတစ်ကြိမ် ပိုက်ဆံတွေအထပ်လိုက်နဲ့ ဓာတ်ပုံတင်ခဲ့ပါသေးတယ်။ နောက် အဲဒီလိုပဲ ပိုက်ဆံတွေ၊ တန်ဖိုးကြီးပစ္စည်းတွေနဲ့ Arlando တစ်ယောက် ထပ်ခါထပ်ခါတင်ရာကနေပြီး အရင်ဆုံး သဲလွန်စရရှိခဲ့တာပါ။ သက်ဆိုင်ရာဖက်မှ သေချာအောင်စုံစမ်းပြီးကာမှ Arlando ကို ဖမ်းဝရန်းထုတ်ခဲ့တာပါ။ ဖမ်းဝရန်းထုတ်တဲ့နေ့မှာပဲ Arlando ကို ဖမ်းမိခဲ့ကာ တရားရုံးထုတ်ခဲ့ပါတော့တယ်။

READ
ဒုစရိုက်ဂိုဏ်းတွေက ဆုကြေးပေါင်(၅၃,၀၀၀) နဲ့ သတ်ပေးဖို့ ၀ရမ်းထုတ်ခံထားရတဲ့ အနံ့ခံခွေး
Facebook- Arlando Henderson

Penny

SHARE