ရောဂါ(၃)မျိုးခံစားနေရချိန် ဇနီးဖြစ်သူကသတို့သားအရံနဲ့ခိုးရာလိုက်သွား

Oliver Pugh လို့အမည်ရတဲ့ အမျိုးသားဟာ အသက်(၂၆)နှစ်အရွယ်သာ ရှိသေးပေမယ့် ဘ၀ပေးကံကြမ္မာမလှရှာတော့ သူတစ်ဦးတည်းမှာတင် ရောဂါသုံးမျိုးလောက်ခံစားရပြီး ဘ၀ကို ဖြတ်သန်းနေရသူဖြစ်ပါတယ်။ သူ ခံစားနေရတဲ့ ရောဂါတွေကတော့ ဦးနှောက်အမြှေးရောင်ကင်ဆာ၊ MRSA ကြောင့်ဖြစ်တဲ့ သွတ်ချာပါဒ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ပဲ ဖြစ်ပါတယ်။ ဘ၀မှာ သူ့လောက် ကံဆိုးတဲ့သူတောင် သူ့ထက် ကံမဆိုးနိုင်တော့ဘူး-ဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ နောက်ထပ် ထိုးနှက်ချက်တစ်ခုက သူ့ရဲ့ ချစ်ဇနီး Grace ဟာ ရောဂါသည်ကြီးကို ရေရှည်လက်မတွဲနိုင်ဘူးဆိုပြီး ဘေးမှာ အပါးတော်မြဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုယ်ရံတော် Joe Felstead နောက်ကို ကောက်
ကောက်ပါအောင် လိုက်သွားတဲ့အခါမှာတော့ သူ့ဘ၀ကို ကိုယ်ချင်းစာပြီးသာ တွေးကြည့်ကြပါတော့။

2012 ခုနှစ်မှာ ရောဂါတွေ စတင်ခံစားခဲ့ရပြီးကတည်းက လင်မယားဆက်ဆံရေးဟာ အခြေအနေသိပ်မကောင်းခဲ့ပါဘူး။ အခု သူ့မှာ Grace နဲ့ ရတဲ့ ကလေးနှစ်ယောက်လည်း ရှိနေပါတယ်။ ဒေီကိစ္စနဲ့ပတ်သက်ပြီး Oliver ဆိုနင့်စွာနဲ့ ” ကျွန်တော်က … ဒီကမ္ဘာပေါ်မှာ ကံအဆိုးဆုံးတစ်ယောက်ပါ .. Joe နဲ့လည်း အခုထက်ထိ ခင်မင်နေပါသေးတယ် … ကျွန်တော်ဟာ ရောဂါကြောင့် ကားလည်းမမောင်းနိုင်တော့တဲ့အခါ Joe က ကူညီပေးခဲ့ပါတယ် … ဒါပေမယ့် ဟိုအရင်ကလို Grace နဲ့ အပြင်ကို ထွက်သောက်တာတို့ တစ်ခုခုစားတာတို့ မလုပ်နိုင်တော့တဲ့အခါ ကျွန်တော့်အစား Joe ကို ခေါ်သွားလေ့ရှိပါတယ် “လို့ ရင်ဖွင့်ခဲ့ပါတယ်။

READ
မိဘတွေရန်ဖြစ်ပြီး ဈေးတန်းမှာ ညလယ်ခေါင်ကြီး စွန့်ပစ်ခံထားရတဲ့ ရက်သားလေး

Oliver ဟာ လက်ရှိအချိန်မှာ Greater Manchester မှာရှိတဲ့ အကောင်းဆုံးဆေးရုံတစ်ခုဖြစ်တဲ့ Salford Royal Hospital မှာ ဆေးကုသမှုတွေ ဆက်လက်ခံယူနေပါတယ်။ ဒါ့အပြင် 2012 ခုနှစ် ဇွန်လမှာဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကြောင့်လည်း လက်မထက်ပိုင်းပြတ်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ 2015 ခုနှစ် အောက်တိုဘာမှ ကုန်ဆုံးခဲ့ပါတယ်။ Joe နဲ့ Grace တို့ရဲ့ ဖောက်ပြန်မှုကိုလည်း Find My iPhone app ကို အသုံးပြုကာ သိရှိခဲ့
ပေမယ့် ဘယ်ကို သွားတာခဲ့တာလဲ … စသဖြင့် မေးတဲ့အခါ Grace က လိမ်မြဲအတိုင်း လိမ်နေခဲ့သေးတယ်လို့ ဆိုပါတယ်။

နောက်ဆုံး လက်ပူးလက်ကြပ် ပြောနိုင်မှ Grace က ငိုယိုကာ လက်ခံခဲ့ပါတယ်။ Joe ဟာ သူရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သလို၊ သူ့ကို စိတ်ပိုင်းဆိုင်ရာ အကူအညီတွေလည်း ပေးခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Oliver ဟာ ဦးနှောက်ကင်ဆာအကြိတ်ကို နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ခွဲစိပ်ခဲ့ရာမှာ အောင်မြင်မှု ရခဲ့ပြီး အခြားရောဂါတွေကိုလည်း သူ့မှာရှိတဲ့ ပိုက်ဆံကုန်ချင်ကုန်ပါစေ ပျောက်အောင်ကုမယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။

READ
အချိန်တိုအတွင်း ဗိုက်အဆီကျပြီး six pack ရစေမဲ့ နည်းလမ်း(၈)မျိုး

မခံချင်စိတ်နဲ့အတူ ပြန်လည်ကျန်းမာလာစပြုနေပြီဖြစ်တဲ့ Oliver က ” ကျွန်တော့်မှာ တစ်ခြား ကြီးကြီးမားမားမဆုံးရှုံးလိုက်ရဘဲ … အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလို့ ကျွန်တော် တကယ်ဝမ်းသာပါတယ် … ကျွန်တော် ကျန်းမာလာတာနဲ့ အမျှ … ခွန်အားတွေ အင်အားတွေ တိုးပွားလာမှာပါ … “လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Oliver ရဲ့ လူမသိသေးတဲ့ အောင်မြင်မှုတစ်ခုလည်း ရှိနေပါသေးတယ်။ Oliver ဟာ European Kung Fu ချန်ပီယံတစ်ယောက်လည်း ဖြစ်ပါတယ်။ အခု သူဟာ ကွန်ဖူးပြန်ကစားနိုင်ဖို့နဲ့ ကိုယ်ပိုင်ဘီယာဆိုင်ကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

sm

source : thesun.co.uk

SHARE