အစာစားရင် အသံမြည်ပြီးစားတဲ့ မိသားစုကြောင့် နှစ်အတော်ကြာ စကားမပြောခဲ့တဲ့အမျိုးသား

kpatyhka/Shutterstock

Misophonia ရောဂါ။ ဒီရောဂါကို လွယ်လွယ်ကူကူသိအောင် ပြောရမယ်ဆိုရင်တော့ အစာစားတဲ့အသံတွေကို သည်းမခံနိုင်တဲ့အရာမျိုးပါ။ အထူသဖြင့် အစာစားတဲ့အခါ တချို့လူတွေမြည်တတ်တဲ့ ပလပ်ပလပ်အသံတွေ၊ လည်ချောင်းရှင်းတာမျိုးတွေ၊ ဝါးနေတဲ့အသံတွေ၊ တကျွတ်ကျွတ်မြည်အောင်စားနေတဲ့ အသံတွေ၊ ဟင်းချိုကို တရှူးရှုးနဲ့အသံမြည်အောင် သောက်တာမျိုးတွေပေါ့။ ဒီအပြင် စကားတီးတိုးပြောတဲ့အသံတွေ၊ သန်းတဲ့အသံတွေ၊ အသက်ရှူသံခပ်ပြင်းပြင်းတွေကိုလည်း လုံးဝကို မခံနိုင်တတ်ကြပါဘူး။

၄၁ နှစ်အရွယ် Derrol Murphy ဟာလည်း misophonia ရောဂါကို ခံစားနေရသူတစ်ယောက်ပါ။ ဒါဟာ စိတ်ရောဂါတစ်ခုဖြစ်မှန်းလည်း သိထားပေမယ့်လို့ မိသားစုနဲ့အတူတူ အစာစားတဲ့အခါတိုင်း သူတို့ဝါးတဲ့အသံတွေ၊ မြိုချတဲ့အသံတွေ၊ ဇွန်းခွက်ပန်းကန်အသံတွေကို လုံးဝမခံစားနိုင်တဲ့အတွက်ကြောင့် ခဏခဏရန်ဖြစ်ခဲ့ရကာ နောက်ပိုင်း စကားမပြောဖြစ်တာ နှစ်နဲ့ချီပြီတောင် ကြာနေခဲ့ပါပြီလို့ NY Post သတင်းစာကို ရင်ဖွင့်ခဲ့ပါတယ်။

BlurryMe/Shutterstock

ဒါဟာ Derrol ဖက်ကနေပြီး မိသားစုကို တမင်ပြဿနာမရှိရှိအောင် ရှာနေတာမျိုးမဟုတ်ပါဘူး။ အသံသေးသေးလေးတွေကြားလာပါ များလာတဲ့အခါတိုင်း Derrol ရဲ့ စိတ်ထဲမှာ အလိုမကျမှုတွေ၊ ဒေါသထွက်တာတွေ ဖြစ်လာခဲ့ပြီး သည်းခံနိုင်စွမ်းကုန်သွားတဲ့သူတစ်ယောက် ဒေါသပေါက်ကွဲထွက်သလိုမျိုး ဖြစ်သွားခဲ့တာပါ။

READ
သားဖြစ်သူကို ဆံပင်ညှပ်ရာမှာ လက်လွန်ပြီးထိပ်ပြောင်သွားလို့ ဇနီးပေါက်ကွဲတာခံရတဲ့ခင်ပွန်း

သူ့အတွက်တော့ အစာဝါးတဲ့အသံဟာ သိပ်ကိုစိတ်အနှောက်အယှက်ဖြစ်လွန်းတာကြောင့် စားသောက်ဆိုင်တွေမှာလည်း ထိုင်မစားဖြစ်တော့သလို အပြင်သွားမယ်ဆိုရင်လည်း အသံလုံနားကြပ်ကို အမြဲတမ်း တပ်ထားမိနေပါတယ်။ အစားအစာဝါးတဲ့အသံအပြင်ကိုမှ ပလတ်စတစ်အိတ်ရဲ့ တကျွတ်ကျွတ်မြည်သံဟာလည်း စိတ်အနှောက်အယှက်ဖြစ်ရတဲ့အတွက် ရုပ်ရှင်လည်း သွားမကြည့်ဖြစ်တာ ၁၀ နှစ်နီးပါးရှိနေခဲ့ပါပြီတဲ့။

Penny

SHARE