အကူအညီလိုနေသူတွေကို စုထားတဲ့ငွေတွေနဲ့ နေ့စဉ် ဆန်ထောက်ပံ့ပေးနေတဲ့ အမျိုးသား

[email protected]

“မရှိလို့မလှူ မလှူလို့မရှိ” ဆိုတဲ့ စကားပုံကို လူတိုင်း ကြားဖူးကြမှာပါ။ ဒုက္ခရောက်ပြီး အကူအညီလိုအပ်နေတဲ့ လူတစ်ယောက်ကို ကူညီဖို့ တိုက်တွန်းတဲ့ အခါမျိုးမှာဆိုရင် လူအများစုဆီက ကြားရတဲ့ အသံက “ငါ့မှာအဲဒီလောက်ထိ မရှိသေးပါဘူး” “ငါအဆင်မပြေသေးပါဘူး” အစရှိတဲ့ အသံမျိုးတွေကိုသာ ကြားရလေ့ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ အရာတွေထဲက ပေးကမ်းစွန့်ကြဲပြီး လှူဒါန်းတယ်ဆိုတာ စိတ်ထားတတ်ရင် မြတ်ပါတယ်။ အစစအရာရာ ချမ်းသားကြွယ်ဝနေတဲ့ လူမှ အလှူအတန်းဆိုတာ လုပ်လို့ရတာမဟုတ်မှန်း အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်က သက်သေပြခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ သူစုထားတဲ့ ပိုက်ဆံတွေကို အသုံးပြုပြီး မရှိဆင်းရဲတဲ့ လူတွေနဲ့ စားရေးသောက်ရေး ဒုက္ခရောက်နေတဲ့ လူတွေကို နေ့စဉ်ဆန်လှူဒါန်းပေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Hyderabad ပြည်နယ်၊ LB Nagar မြို့ရှိ Ramu Dosapati အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Ramu ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလလောက်ကစပြီး နေ့စဉ် မိသားစု ၂၀၀ နဲ့ ၃၀၀ ကြားကို ဆန်တွေ ထောက်ပံ့ပေးလာခဲ့တာဖြစ်ပြီး အခုအချိန်အထိဆိုရင် မိသားစုပေါင်း ၂၅,၀၀၀ ကျော်ကို ဆန်တွေ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး နေ့စဉ်ဆန်တွေ လှူနိုင်လို့ Ramu ဟာ ပိုက်ဆံချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် မဟုတ်ပဲ သာမန် လခစား ဝန်ထမ်းတစ်ယောက်သာ ဖြစ်ပါတယ်။ Ramu ဟာ သူဆန်လှူဒါန်းတဲ့ နေရာလေးကို Rice ATM လို့ နာမည်ပေးထားပြီး လိုအပ်တဲ့ လူတွေကို နေ့စဉ်ဆန်တွေ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

READ
မိခင်ကို ရင်းဂစ်(၁)သောင်း လက်ဆောင်ပေးပြီး အံ့သြစေခဲ့တဲ့ (၁၉)နှစ်အရွယ် မိန်းကလေး

 

 

“COVID 19 ကာလကြီးထဲက တစ်ရက်မှာပေါ့၊ ကျွန်တော့်သားအတွက် စူပါမားကပ်မှာ ကြက်သားသွားဝယ်နေတုန်း အဲဒီစူပါမားကပ်က ဂိတ်စောင့်အမျိုးသမီးတစ်ယောက် ကြက်သားတွေကို ရူပီး ၂၀၀၀ ဖိုးလောက် ဝယ်နေတာ တွေ့ခဲ့ရတယ်။ ကျွန်တော့်လည်း အဲဒီဂိတ်စောင့် အမျိုးသမီးကို ဘာလုပ်ဖို့ ဒီလောက်အများကြီး ဝယ်နေတာလဲလို့ စပ်စုခဲ့မိတော့ သူတို့အိမ်နားက ဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျွေးခြင်လို့လို့ ပြန်ဖြေတယ်။ အဲဒီနောက် သူ့လစာကိုမေးကြည့်တော့ အဲဒီဂိတ်စောင့် အမျိုးသမီးက တစ်လကို ရူပီး ၆၀၀၀ သာရတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီမှာ ကျွန်တော့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ ငါ့ကျတော့ ဘာလို့ မလှူရတာလဲဆိုပြီး။ အိမ်လည်းရောက်ရော မိန်းမကို အကျိုးအကြောင်းသေသေချာချာ ရှင်းပြပြီး ကျွန်တော့်တို့ မိသားစု ကိုယ်ပိုင်တိုက်ခန်းဝယ်ဖို့ စုထားတဲ့ ငွေတွေနဲ့ စားရေးသောက်ရေး ဒုက္ခရောက်နေတဲ့ လူတွေကို နေ့စဉ်ဆန်လှူဒါန်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ”လို့ Ramu က Telangana Today သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
မြင်သူတိုင်းအူယားစေမယ့် မွေးကင်းစကလေးငယ်လေးရဲ့ မိခင်အနမ်းကို ပြန်ပြီးတုံ့ပြန်ပုံ

 

Pyi Hein Kyaw

SHARE