နှစ် ၂၀ ကျော်ကျွေးမွေပြုစုပြီးကာမှ သားတွေရဲ့သရုပ်မှန်ကိုသိသွားခဲ့တဲ့ဖခင်ရဲ့အဖြစ်ဆိုး

အသက် (၅၅) နှစ်အရွယ် မီလီယံနာတစ်ဦးဟာ နှစ်ပေါင်း (၂၀) ကျော်ကြာကာမှ ကျွေးမွေထောက်ပံ့ခဲ့တဲ့ကလေး (၃) ယောက်ဟာ သားအရင်းတွေမဟုတ်ကြောင်း မတော်တဆသိရှိခဲ့ပြီး နှစ်နှစ်ကြာတရားရင်ဆိုင်နေခဲ့ရပါတယ်။

MoneySupermarket.com ရဲ့ ပူးတွဲတည်ထောင်သူ စီးပွားရေးလုပ်ငန်းရှင် Richard Mason ဟာ လူအများကြုံကြိုက်ဖို့ သိပ်ကိုခဲရင်းလှတဲ့ ဖြစ်ရပ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Richard Mason ဟာ ပထမအိမ်ထောင်နဲ့ အိမ်ထောင်သက်တမ်း (၇) နှစ်အကြာ၊ ၂၀၀၈ ခုနှစ်မှာ တရားဝင်ကွာရှင်းခဲ့ပါတယ်။

Facebook

ပထမအိမ်ထောင်သက်ဟာ အသက် (၅၄) နှစ်အရွယ် Kate ဆိုသူအမျိုးသမီးပဲဖြစ်ပါတယ်။ Richard Mason နဲ့ Kate တို့ လက်ထပ်ပြီးမကြာခင်မှာပဲ သားကြီးဖြစ်သူကို ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး နောက်ထပ်အမွှာယောက်ျားလေးနှစ်ယောက်ကိုတော့ ၁၉၉၉ ခုနှစ်မှာအသီးသီးရရှိခဲ့ပါတယ်။

သားသုံးယောက်မွေးသည့်နေ့မှစ၍ နှစ်ပေါင်း (၂၀) ကျော်တဲ့အထိ သားအရင်းတွေလို့ပဲမှတ်ယူကာ စီးပွားရေးကလည်း အဆင်ပြေနေတဲ့အတွက် အင်အားရှိသမျှ အလုံးစုံကိုထောက်ပံ့ကာ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။ သားတွေနဲ့ ဖခင်ရဲ့ဆက်ဆံမှုဟာလည်း နွေးထွေးပြီး ကြင်ကြင်နာနာ နီးနီးကပ်ကပ်ရှိခဲ့ကြပါတယ်။

Daily Mail

သို့ပေမယ့် Kate နဲ့ သဘောထားချင်း မတိုင်ဆိုင်ကာ ဘယ်လိုမှ အဆင်မပြေတဲ့ အဆုံးမှာတော့ ၂၀၀၈ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ Richard Mason ဟာ Kate နဲ့ ကွာရှင်းပြီးသည့်တိုင်အောင် Kate နဲ့လိုက်နေခဲ့တဲ့ သားသုံးယောက်စလုံးကို ၂၀၁၆ ခုနှစ်အထိငွေကြေးထောက်ပံ့မှုတွေပေးနေခဲ့ပါတယ်

READ
အစာကျွေးရင်း နွားပေါက်နီးနီးဖြစ်လာလို့ အစာမကျွေးဖို့ ပိတ်ပင်ခဲ့ရတဲ့ ခွေးလေး

Richard Mason ဟာ သူ့ဘဝရဲ့အဆိုးရွားဆုံးဖြစ်ရပ်ကြီးကို ၂၀၁၆ ခုနှစ်မှာ ရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့ပါတယ်။ Cystic fibrosis ရောဂါကြောင့် ဆေးစစ်မှု ပြုလုပ်လိုက်တဲ့အခါမှာတော့ သူဟာ မွေးရာပါမျိုးပွားနိုင်ခြင်း မရှိဘူးဆိုတာကို မထင်မှတ်ထားဘဲ သိခဲ့ရပါတယ်။ ဒါဆို သူနှစ် (၂၀) လုံးပြုစုစောင့်ရှောက်ခဲ့တဲ့ ကလေး (၃) ယောက်ဟာ ဘယ်သူ့ကလေးတွေလဲဆိုတဲ့ အတွေးတွေ ခေါင်းထဲစတင် ဝင်ရောက်လာခဲ့ပါတယ်။

ကွာရှင်းထားတဲ့ အရင်ဇနီးသည်ဖြစ်တဲ့ Kate ကို မေးမြန်းကြည့်တဲ့အခါမှာတော့ ကလေး (၃) ယောက်စလုံးဟာ Richard နဲ့ အိမ်ထောင်သက်အစတုန်းက သူမဟာအမျိုးသားတစ်ယောက်နဲ့ (၆) ကြိမ်မှ (၁၂) ကြိမ်အထိ အတူနေကာဖောက်ပြန်ဖူးကြောင်း၊ ဒါပေမဲ့ ထိုအမျိုးသားနဲ့အတူ နေတိုင်းမှာလည်း အကာအကွယ်အသုံးပြုတာကြောင့် မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပေမယ့် မျိုးရိုးဗီဇ စစ်ဆေးမှုပြုလုပ်လိုက်တဲ့အခါမှာတော့ ကလေးသုံးယောက်စလုံးဟာ Richard Mason ရဲ့ကလေးတွေမဟုတ်ဘူးလို့ အဖြေထွက်ခဲ့ပါတယ်။

ကွာရှင်းပြီး (၁၀) နှစ်အကြာမှ အဖြစ်အပျက်အားလုံးရဲ့ အမှန်တရားကိုသိခဲ့ရတာကြောင့် Richard Mason ဘဝကြီးဟာ မယုံကြည်နိုင်စရာတွေနဲ့ပြည့်နှက်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်မှာပဲ ဖောက်ပြန်ပြီးရခဲ့တဲ့ကလေးတွေကို သူ့ရဲ့ သွေးသားအရင်းအချာလို့ လိမ်လည်ကာ ငွေကြေးအကုန်အကျခံပြီး လှည့်စားကာကျွေးမွေးစောင့်ရှောက်ခိုင်းတဲ့အတွက် တရားစွဲဆိုခဲ့ပါတယ်။

Daily Mail

အခုအချိန်အထိ ကြင်ကြင်နာနာပြုစုစောင့်ရှောက်ခဲ့ရတဲ့ သားသုံးယောက်ဟာ သူ့သားအရင်းတွေမဟုတ်ဘူးဆိုတာကို လက်မခံနိုင်အောင် ဖြစ်နေဆဲပါပဲ။ Richard Mason ဟာ အရုပ်ဆိုင်ရှေ့ကဖြတ်သွားတိုင်း ခရစ်စမတ်နေ့၊ မွေးနေ့တွေနဲ့ မိသားစုရဲ့နေ့ထူးရက်တွေမှာ သားသုံးယောက်ကို အရုပ်တွေစိတ်ကြိုက်ဝယ်သွားပေးခဲ့တာတွေကို သတိရနေဆဲပဲလို့ဆိုပါတယ်။ အမှန်တရားကိုသိသွားပြီးသည့်တိုင်အောင် သူ့ရဲ့ဘဝအကြောင်းကိုပြောပါဆိုလျှင် သားသုံးယောက်အဖေပါဆိုပြီး အမြဲတမ်းပြောနေဆဲပါပဲ။

READ
ဆိုမာလီယာနိုင်ငံတွင် သမိုင်းတလျှောက် အပြင်းထန်ဆုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား

သူစိတ်မကောင်းအဖြစ်ဆုံးအချိန်ဟာ သားကြီးဖြစ်သူ ဘွဲ့ရတဲ့အချိန်မှာတောင် သူ့ကိုမဖိတ်ဘဲ Kate တစ်ယောက်တည်းပွဲတက်ခဲ့တာကိုပါပဲ။ ယနေ့ခေတ်က Facebook တွေအသုံးများလာတဲ့ခေတ်ဆိုတော့ ဘယ်သူဘာလုပ်တယ်ဆိုတာ သိနိုင်ဖို့ သိပ်ကိုလွယ်ကူတယ်မဟုတ်လား။ သားသုံးယောက်ထဲက နှစ်ယောက်ဟာလည်း သူတို့ရဲ့အဖေအရင်းမဟုတ်ဘူးဆိုတာ အကျယ်တဝံ့ဖြစ်သွားပြီးကတည်းက Richard Mason ကိုစကားလုံးဝမပြောကြတော့ပါဘူး။

အသိမိတ်ဆွေတွေ Facebook မှာ သူတို့သားသမီးတွေနဲ့ ဓာတ်ပုံတင်တိုင်း၊ မြေးတွေရပြီလို့ဓာတ်ပုံတင်တိုင်း သူသိထားတဲ့ သူ့သားတွေနဲ့ ဒီလိုကြည်နူးဖို့ကောင်းတဲ့ ဘဝတွေကို မပိုင်ဆိုင်ရတော့ဘူးဆိုတာ တွေးတွေးပြီးလည်း စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဇနီးဟောင်းဖြစ်တဲ့ Kate ကတော့ အခုအချိန်အထိ ကလေး သုံးယောက်ရဲ့ ဖခင်အရင်းဟာ ဘယ်သူလဲဆိုတာကို ဘယ်သူ့ကိုမှ မပြောပြထားသေးပါဘူး။

လိမ်လည်မှုအတွက် Kate နဲ့တရားရင်ဆိုင်နေရတဲ့အမှုမှာတော့ Richard Mason အနိုင်ရရှိကာ သူ့အား လျော်ကြေးငွေအဖြစ် ဒေါ်လာ (၅) မီလီယံကျော်ပေးဖို့ Kate ကို တရားရုံးမှအမိန့်ချမှတ်ခဲ့ပါတယ်။ Richard ဟာ သူ့ရဲ့ဒုတိယအိမ်ထောင်သက်ဖြစ်တဲ့ Emma နဲ့အတူ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေထိုင်နေပါတယ်။

Facebook
Facebook

 

Source: Daily Mail, Lad Bible, vt.

Penny

SHARE