မွေးရာပါ Down Syndrome ခံစားနေရတဲ့ ညီငယ်ကို Surprise လုပ်ခဲ့တဲ့ အကိုကြီး

[email protected] keepitclaussy

Down Syndrome ရောဂါကတော့ မွေးရာပါ ဥာဏ်ရည်မဖွံ့ဖြိုးတဲ့ ရောဂါတစ်မျိုးပါ။ ဒီလို Down Syndrome ရောဂါခံစားနေရတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အသက်ကြီးလာလာ သူတို့ရဲ့စိတ်ဓာတ်လေးတွေဟာ အင်မတန်နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ Down Syndrome ရောဂါခံစားနေရတဲ့ သူ့ရဲ့ ညီဖြစ်သူကို Surprise လုပ်ကာ ပျော်ရွှင်စေခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Admittedly in denial, undeniably proud ❤️

A post shared by Will Claussen (@keepitclaussy) on

အပေါ်မှာတွေ့ရတဲ့ ညီအကိုနှစ်ယောက်ကတော့ Will Claussen လို့ အမည်ရတဲ့ အမျိုးသားနဲ့ Down Syndrome ရောဂါခံစားနေရတဲ့ သူ့ရဲ့ညီ Henry ပဲ ဖြစ်ပါတယ်။ Will နဲ့ Henry ဟာ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးကို ချစ်တဲ့ ညီအကိုတွေပဲ ဖြစ်ပါတယ်။ Will ဟာ ငယ်ငယ်လေးကတည်းကိုက သူ့ရဲ့ညီ Henry ကို အမြဲတမ်း အရိပ်တကြည့်ကြည့် စောင့်ရှောက်လာခဲ့တာ အခုအရွယ်ရောက်တဲ့ အထိပါပဲ။ အခုလည်း မကြာသေးခင်အချိန်က Will ဟာ သူ့ညီ Henry ကို surprise တစ်ခုလုပ်ကာ ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ပါတယ်။

In a World with much need for love and positivity, Henry Claussen always comes through ❤️The note reads:“Henry Joe, you are already the BEST bro, and my very BEST frand, so will you please say yes and be my BEST man?”

Posted by Will Claussen on Sunday, August 16, 2020

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း Will နဲ့ Henry ဟာ သူတို့ခြံထဲက မြေကြီးကို သတ္တုရှာဖွေရေး စက်တစ်ခုခုနဲ့ ရှာဖွေနေကြပါတယ်။ ခဏအကြာမှာတော့ Henry ရဲ့ စက်ကနေ မြေကြီးထဲမှာ တစ်ခုခုရှိကြောင်း အချက်ပေးသံ ထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Henry ဟာ မြေကြီးထဲကို တူးပြီးရှာဖွေခဲ့ပါတယ်။ ခဏအကြာမှာတော့ မြေကြီးထဲကနေ Henry တစ်ယောက် ပုလင်းတစ်လုံးကို တူးဖော်ရရှိခဲ့ပါတယ်။ အမှန်ကတော့ Will ဟာ အဆိုပါ ပုလင်းကို Henry မသိအောင် အရင်ကတည်းက မြှုပ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပုလင်းထဲမှာ စာတစ်စောင်တွေ့လို့ Will ဟာ အဆိုပါစာကို Henry ကြားအောင် ဖတ်ပြခဲ့ပါတယ်။ စာထဲမှာတော့ Henry ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ပြီး Will အတွက်လည်း အကောင်းဆုံးနဲ့ အတော်ဆုံးညီတစ်ယောက်ဖြစ်ကြောင်း၊ အဲဒီအတွက်ကြောင့် Henry အနေနဲ့ Will အတွက် အကောင်းဆုံးညီတစ်ယောက်အဖြစ် တစ်သက်လုံး Will အနားမှာ နေနိုင်မလားဆိုတဲ့ စာရွက်လေးပဲ ဖြစ်ပါတယ်။

READ
အဓိကရုဏ်းကိစ္စတွေကိုင်တွယ်ရတဲ့ ရဲကြီးတွေတောင်အလေးထားခဲ့ရတဲ့ ပုဂ္ဂိုလ်လေးများ

 

 

View this post on Instagram

 

You fill me with joy Henry Joseph. I am so freaking proud of the young man you have become. -Love your Brudder Will ❤️

A post shared by Will Claussen (@keepitclaussy) on

အဆုံးသတ်မှာတော့ Henry ဟာ ရုတ်တရက်ကြောင်သွားပြီး ခဏအကြာမှာတော့ သဘောပေါက်သွားကာ သူ့အကိုဖြစ်သူကို ပြေးဖက်ခဲ့ပါတယ်။ “Henry က ကျွန်တော့်အတွက် အကောင်းဆုံးလူသားတစ်ယောက်ပါ။ ကျွန်တော့်သူ့အနားကနေ ဘယ်မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်သူ့ကို အရမ်းချစ်သလို ကျွန်တော့်ကိုလည်း သူက အရမ်းကို ချစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သူကဘာပဲဖြစ်နေဖြစ်နေ ထာဝရ အကောင်းဆုံးညီတစ်ယောက်ပါပဲ”လို့ Will က ပြောကြားခဲ့ပါတယ်။

READ
ခွဲခန်းဝင်ရမှာ ကြောက်နေတဲ့ကလေးကို ကြင်နာစွာနှစ်သိမ့်ပေးခဲ့တဲ့ သူနာပြုဆရာမလေး

 

 

View this post on Instagram

 

Henry/Buddy Claussen Appreciation Post ❤ Missing my guys

A post shared by Will Claussen (@keepitclaussy) on

Pyi Hein Kyaw

SHARE