(၇)ဒေါ်လာတန် ဘီယာတစ်လုံးသောက်ပြီး ဒေါ်လာ(၃,၀၀၀) tip money ပေးခဲ့တဲ့ အမျိုးသား

[email protected] Ring

လက်ရှိအခြေအနေဟာ COVID 19 ကပ်ရောဂါကြီးကြောင့် လူတိုင်းနီးပါး စိတ်ဒုက္ခရောက်နေကြရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ COVID 19 ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာ အကုန်လုံး ပိတ်ထားရပြီး လူအများသွားလာနေကျနေရာတွေမှာလည်း အချိန်တစ်ခုအထိကို ပိတ်ထားရဆဲပါပဲ။ အခုလည်း မကြာသေးခင်အချိန်က စားသောက်ဆိုင်တစ်ဆိုင်မှာ ကြည်နူးစရာ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ customer တစ်ယောက်ဟာ အဆိုပါ စားသောက်ဆိုင် မပိတ်ခင် နောက်ဆုံးရက်မှာ ရောက်ရှိလာပြီး tip money နဲ့ ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို အံ့သြဝမ်းသာသွားအောင် surprise လုပ်ခဲ့ကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-QuinceCreative

အဆိုပါ စားသောက်ဆိုင်ကတော့ အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်ရဲ့ Cleveland မြို့ရှိ Nighttown အမည်ရ စားသောက်ဆိုင်တစ်ခုပဲ ဖြစ်ပါတယ်။ Nighttown စားသောက်ဆိုင်ဟာ COVID 19 ကာလအတွင်း အချိန်တော်တော်ကြာ တောင့်ခံပြီး ဖွင့်ထားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ COVID 19 ကပ်ရောဂါဟာ ဆက်ဖြစ်နေသေးတာတစ်ကြောင်း၊ စားသောက်သူတွေ မရှိတော့တာကြောင့်တစ်ကြောင်း နောက်ဆုံးမှာတော့ ၂၃.၁၁.၂၀၂၀ နေ့ကစပြီး ဆိုင်ကို လုံးဝပိတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
(12)နာရီကြာ အထောင်မက်လွန်နေလို့ အပြာဇာတ်ကားရိုက်ကူးမှုမှ အနားယူခဲ့ရသူ
[email protected] Ring

ဒီလိုနဲ့ နောက်ဆုံးဆိုင်ဖွင့်ရက်ဖြစ်တဲ့ ၂၂.၁၁.၂၀၂၀ နေ့မှာတော့ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကိုရောက်လာပြီး ၇ ဒေါ်လာတန် Stella ဘီယာတစ်ပုလင်း မှာသောက်ခဲ့ပါတယ်။ ဒီလိုနဲ့ ငွေရှင်းတဲ့အချိန်မှာတော့ သူမှာယူထားတဲ့ ဘီယာဖိုးအပြင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ကို tip money အဖြစ်ပေးအပ်ပြီး ထွက်သွားခဲ့ပါတယ်။

“ကျွန်တော်တော်တော်လေးကို အံ့သြသွားတယ်။ စိတ်ထဲမှာတော့ မှားပေးတယ်ထင်ပြီး သူ့အနောက်ကို ပြေးလိုက်သွားခဲ့ပါတယ်။ အနားရောက်တဲ့ အချိန်မှာ customer အမျိုးသားက အဲဒီငွေကို ဆိုင်က ဝန်ထမ်းတွေနဲ့ အညီအမျှယူဖို့နဲ့ ဆိုင်ပြန်ဖွင့်တဲ့အချိန် သူနောက်တစ်ခေါက် ထပ်လာပါဦးမယ်လို့ ပြောပြီး ထွက်သွားခဲ့ပါတယ်။ ဒီသတင်းကို ဆိုင်က ဝန်ထမ်းတွေကို ပြောပြလိုက်တဲ့အချိန်မှာ တစ်ချို့ဆို ထိုင်ပါငိုကြပါတယ်။ တစ်ကယ်ကို ကျေးဇူးတင်ပါတယ်”လို့ Nighttown စားသောက်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူ Brendan Ring က Foxnews သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
မြန်မာပြည်သူတွေကို အိပ်ရေးပျက်အောင်လုပ်ခဲ့တဲ့ တရုတ်သိုင်းဝတ္ထုဆရာကြီး ကွယ်လွန်

Pyi Hein Kyaw

SHARE