အဲကွန်းထဲက ထူးဆန်းတဲ့အသံတွေရဲ့နောက်ကွယ်ကဖြစ်ရပ်ကြောင့် ထိတ်လန့်ခဲ့ရတဲ့အမျိုးသား

Image:fb/Somkiet Pawarasook

Air-Con မအေတော့တာပဲ ဖြစ်ဖြစ်၊ထူးခြားတဲ့ အသံတွေ များ Air-Con ထဲကေ နထွက်လာရင် လုံးဝ မပေါ့ဆသင့် ကြောင်း ထိုင်းအမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။ဒီအကြောင်းကိုတော့ worldofbuzz ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာပါ။သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကိုတော့ Somkiet Pawarasook  ဆိုတဲ့ အမျိုးသားက သူ့ရဲ့ FB ကနေ ဝေမျှပေးထားတာပါ။အိပ်ယာခန်းထဲမှာ တပ်ထားတဲဘ Air-Con  ထဲကနေ ထွက်လာ တဲ့ ထူးဆန်းတဲ့ အသံေ တွကြောင့် စိတ်ရှုပ် နေခဲ့ရတဲ့ ထိုင်း အမျိုးသား တစ်ယောက်ဟာနောက်ဆုံးမှာတော့ အသံတွေ ဘယ်ကနေ ဘာေ ကြာင့် ထွက်လာရသလဲ ဆိုတာကို စစ်ဆေးကြည့်ခဲ့ပါတယ်။

Image:fb/Somkiet Pawarasook

” ပြီးခဲ့တဲ့ ညတုန်းက ကျတော့်အိပ်ခန်းထဲက Air-Con ကနေ ထူးဆန်းတဲ့ အသံတွေကို ကြားလိုက်ရတယ်။ဒါနဲ့ပဲ ကျ တော်လည်း ဒီအသံတွေ ဘယ်ကလာလဲ သိချင်တာနဲ့ Air-Con ကို ဖွင့်ကြည့်လိုက်တယ်။ကျတော် လန့်ပြီး အော် မိ တော့မလို ဖြစ်သွားတဲ့ အထိပါပဲဗျာ၊အရမ်းကို အေးပြီး အရမ်းနေလို့ ကောင်းတဲ့ အခန်းထဲက Air-Con ကနေ မြွေ ငါး ကောင်ထွက်လာတယ်…။ဒီအကောင်တွေ ဘယ်လို များရောက်နေတာပါလိမ့်..” ဆိုပြီး သူ့ရဲ့ အကောင့် မှာ တင် ထား တာပါ။ Air-Con ကို ဖွင့်လိုက်တော့ ထွက်လာတဲ့ မြွေတွေကို အပြင်ထုတ်ပြီး ရေလိုက်တော့ ငါးကောင်ေ တာင်မှ အ ထဲ မှာအောင်းနေကြတာပါ။ထွက်လာတဲ့ မြွေထဲက တစ်ကောင်ရဲ့ ကိုယ်မှာတော့ သွေးတွေ ထွက် နေတဲ့ အတွက် ကြည့်ရတာ Air-Con  ဖွင့်ရင်းနဲ့ အခုလို ဖြစ်သွားပုံရပါတယ်။

READ
Billboard ပြင် အလုပ်သမားရဲ့ ပေါ့ဆမှု့ကြောင့် တစ်မြို့လုံးကို ညစ်ညမ်းရုပ်ရှင်ပြမိသလိုဖြစ်ခဲ့
Image:fb/Somkiet Pawarasook
Image:fb/Somkiet Pawarasook

” မြွေပေါ်က သွေးတွေကတော့ ကျတော်လည်း မသိဘူးဗျာ၊ကျတော်ကတော့ ကျတော့်မိသားစုကို အရင်ဆုံး ကာကွယ် ဖို့ ကိစ္စကိုပဲ ဆုံး ဖြတ်ထားတာ။အိမ်မှာက ကလေးငယ်ငယ်လေးလဲ ရှိနေတော့လေ ..။သူတို့ ထပ်ပြီး ရောက်လာတော့ မျိုးတော့ အဖြစ် မခံနိုင်ဘူး..။သူတို့ နောက်ထပ် မလာအောင် ဘယ်လို လုပ်ရမလဲ..” ဆိုပြီးတော့လည်း မေးခဲ့ ပါ တ ယ်။မြွေကတော့ ဘာမြွေ အမျိုးအစားလဲဆိုတာကို အဲ့ဒီအမျိုးသားကိုယ်တိုင်လည်း တိတိကျကျ မသိဘူးလို့ ဆိုပါ တ ယ်။ဆိုရှယ်မီဒီယာ အသုံးပြုသူတချို့ကတော့ “ခင်ဗျားက မိသားစုတစ်စုကို သတ်လိုက်တာပဲ…”  ဆိုပြီး မြွေတွေကို သတ်လိုက်တယ်ဆိုပြီး ဝေဖန် ပြစ် တင် ထားတဲ့ Comment တွေရေးထားတာကိုလည်း တွေ့ရပါတယ်။

READ
ပေါင်600ဒဏ်ကြေးကြောင့်ကိုယ့်ကိုယ်ကို သတ်သေခဲ့သည့်ဆယ်ကျော်သက်ကောင်လေး
Image:fb/Somkiet Pawarasook

#SHWEMOM(Ref : worldofbuzz)

SHARE