မထင်မှတ်ထားတဲ့ surprise နဲ့ ကောင်မလေးကို အံ့သြသွားအောင် လုပ်ခဲ့တဲ့ ချစ်သူကောင်လေး

Youtube-Man goes bald after shaving girlfriend's head who suffers from Alopecia [email protected] eva_barilaro

လောကမှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတွေရှိသလို ဒီအတိုင်းအပေါ်ယံတွဲနေကြတဲ့ ချစ်သူစုံတွဲတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့အတွဲတွေမှာ အရမ်းချစ်ပြီး တစ်ဖက်သပ် ပေးဆပ်နေရတဲ့ လူတွေရှိသလို အခြားအတွဲတွေကျပြန်တော့လည်း တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် အရမ်းချစ်ကြပါတယ်။ အခုလည်း မြင်သူတကာ အရမ်းကြည်နူးစေမယ့် ချစ်သူကောင်လေးရဲ့ လုပ်ရပ်တစ်ခုပါပဲ။ ချစ်သူကောင်မလေးဟာ ရောဂါတစ်ခုကြောင့် ဆံပင်တွေကို ကတုံးတုံးလုနီးပါး ရိတ်ပြီးတဲ့အချိန်မှာ ချစ်သူကောင်လေးဟာလည်း သူ့ကောင်မလေးအရှေ့မှာတင် သူ့ဆံပင်တွေကို သူမနဲ့ ဆင်တူဖြစ်အောင် ရုတ်တရက် ဆံပင်တွေကို စက်နဲ့ရိတ်ပစ်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Man goes bald after shaving girlfriend’s head who suffers from Alopecia

ပုံထဲမှာ တွေ့ရတဲ့ ကောင်မလေးကတော့ Eva Bari ဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ Monaco မြို့က ဥပဒေကျောင်းသူလေးပဲ ဖြစ်ပါတယ်။ Eva ဟာ Alopecia လို့အမည်ရတဲ့ ရောဂါကို မွေးကတည်းက ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။ Alopecia ရောဂါဆိုတာကတော့ ဆံပင်တွေ အမြောက်အမြား ကျွတ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မကြာခဏ ဆံပင်ကို ရိတ်ပေးရတာပဲ ဖြစ်ပါတယ်။ အခုလည်း Eva ဟာ သူမဆံပင်တွေကို ရိတ်ရမယ့်အချိန်ရောက်တာကြောင့် သူ့ကောင်လေးကို ရိတ်ခိုင်းပြီး အမှတ်တရ ဗီဒီယို ရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ရည်းစားဟောင်းဖွလိုက်တဲ့ Sex Tapeကြောင့် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့အမျိုးသမီး

ကောင်လေးကတော့ Eva ရဲ့ ဆံပင်တွေကို စက်နဲ့ သေသေချာချာရိတ်ပေးခဲ့ပြီး ကဆုံးဆံတောက်ပုံစံဖြစ်အောင် ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ Eva ရဲ့ ဆံပင်တွေကို ရိတ်ပြီးတဲ့အချိန်မှာတော့ ကောင်လေးဟာ မထင်မှတ်ထားတဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ ဆံပင်တွေကိုပါ တစ်ခါတည်း စက်နဲ့ ထိုးပစ်ခဲ့ပြီး Eva နဲ့ ပုံစံတူ ကတုံးဆံတောက်ပုံစံ လိုက်ထားခဲ့ပါတယ်။ Eva ကတော့ သူမောကာင်လေးဖြစ်သူ ဆံပင်ကို ထိုးထိုးချလိုက်ခြင်းမှာပဲ ကောင်လေးရဲ့ အပြုအမူကို နားလည်ခဲ့ပြီး မျက်နှာကို လက်နဲ့ အုပ်ပြီး ငိုချခဲ့ပါတယ်။

https://www.instagram.com/p/CDSEL2gjDE1/

အဆိုပါဗီဒီယိုလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှု့သူ ၁၁ သန်းကျော်အထိရှိခဲ့ပြီး ဒီဗီဒီယိုကိုတွေ့တဲ့လူတော်တော်များများကတော့ ကောင်လေးဖြစ်သူရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး Eva ကို တော်တော်ချစ်တဲ့ ကောင်းလေးတစ်ယောက်အဖြစ် ဝိုင်းဝန်းအသိအမှတ်ပြုခဲ့ကြောင်း သိရပါတယ်။

READ
မိုက်ကရိုဝေ့အပူပေးအိတ်ပေါက်ကွဲမယ့်ဘေးကနေလွတ်မြောက်ခဲ့တဲ့ကလေးငယ်

Pyi Hein Kyaw

SHARE