အလုပ်သွားတိုင်း လူတစ်ယောက်နဲ့ လမ်းပြိုင်လျှောက်ခဲ့ဖူးတဲ့အဖြစ်ကို မျှဝေခဲ့တဲ့သူ

Adam Woollard/Facebook

အလုပ်ကိုရောက်ဖို့ လမ်းလျှောက်ရတဲ့သူတွေရှိလား။ ဥပမာ အိမ်ကနေဘတ်စ်ကားဂိတ်ရောက်အောင် လမ်းလျှောက်ရတာမျိုး၊ ဘတ်စ်ကားဂိတ်ကနေ ရုံးရောက်ဖို့ လမ်းလျှောက်ရတာမျိုး၊ အိမ်နဲ့နီးလို့ အလုပ်ကို လမ်းလျှောက်သွားတာမျိုးတွေပေါ့။ ကျွန်တော်ကတော့ လမ်းမပေါ်မှာလမ်းလျှောက်တဲ့အခါတိုင်းလိုလိုပဲ နားကြပ်တပ်၊ သီးချင်းရဲ့စည်းချက်တွေနဲ့ စိတ်ကတက်ကြွပြီး ကိုယ့်ရှေ့က လမ်းလျှောက်နှေ်းတဲ့လူမှန်သမျှ ကျော်တက်တော့တာပဲ။

Adam Woollard ဆိုတဲ့အမျိုးသားကတော့ သူအလုပ်သွားတိုင်း လမ်းပြိုင်လျှောက်ခဲ့ဖူးတဲ့ အဖော်အကြောင်းကို Facebook မှာ တင်ထားခဲ့ပါတယ်။ သူ့ပိုစ့်ဟာ ၂၀၁၈ ခုနှစ် မေလကတည်းကပေမယ့် အခုမှ ကောက်ခါငင်ကာလူကြိုက်များလာခဲ့ကြတဲ့အတွက် Lad Bible မှ ကိုးကားကာပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Adam Woollard/Facebook
Adam Woollard/Facebook

အသက် ၂၈ နှစ်အရွယ် Adam ဟာ မနက် ၈ နာရီခွဲဆိုရင် ရုံးသွားနေကျပါ။ အရင်ရက်တွေတုန်းက သတိမထားခဲ့မိပေမယ့်လို့ သူလမ်းလျှောက်တိုင်း အမြဲတမ်းလိုလိုတွေ့နေကျ လူတစ်ယောက်ရှိပါတယ်။ လမ်းကိုခပ်သုတ်သုတ်လျှောက်လေ့ရှိပြီး အမြဲတမ်း သူ့ရှေ့ကနေ လမ်းလျှောက်ပြိုင်ပွဲဝင်နေသလိုနှုန်းနဲ့မလို့ တဖြေးဖြေးသတိထားလာမိခဲ့ပါတော့တယ်။ လူဆိုတာ ပြိုင်ဆိုင်လိုစိတ်ရှိတဲ့အမျိုးမဟုတ်လား။ ဒါကြောင့် Adam ဟာလည်း အဲဒီလူနဲ့ဘာရယ်မဟုတ်ဘဲ ပြိုင်ပြီး လမ်းလျှောက်လာခဲ့ပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် ကြည့်တောင်မကြည့်ဖူးကြဘဲနဲ့ Adam ဖက်က ဘလိုင်းကြီး လိုက်ပြိုင်ခဲ့တာပါ။ သူတို့နှစ်ယောက်သွားတဲ့လမ်းကြောင်းဟာ တစ်ထေရာတည်း အတူတူပဲတော့မဟုတ်ပေမယ့် ၁၀ မိနစ်လောက်အထိ လမ်းကြောင်းအတူတူလျှောက်ရတာကြောင့်ပါတဲ့။

READ
ဝါသနာပါရာကို အမှန်အကန် ထူးခြားအောင် လုပ်ဆောင်သူတို့ရဲ့ အမူအကျင့်များ
Adam Woollard/Facebook
Adam Woollard/Facebook

တစ်ခါတစ်လေအဲဒီလူကိုမတွေ့ရရင် နေများမကောင်းတာလား၊ ဘာများဖြစ်သလဲဆိုပြီး စိုးရိမ်ရတဲ့အထိ မသိစိတ်ကရင်းနှီးခဲ့ရပါတယ်။  နောက်ပိုင်းမှာတော့ Adam ဟာ အဲဒီလူကို လုံးဝမတွေ့ရတော့ဘဲ သူကလည်း အလုပ်ပြာင်းသွားတဲ့အတွက်ကြောင့် အဲဒီလမ်းကြောင်းကို မလျှောက်ဖြစ်တော့ပါဘူး။ အခုဆိုရင်တော့ လမ်းကြောင်းသစ်မှာ လမ်းလျှောက်ပြိုင်ရမယ့်အမျိုးသမီးတစ်ယောက်ကို တွေ့သွားခဲ့ပါပြီတဲ့။

သင်တို့ရော ဒီလိုအဖြစ်အပျက်တွေရှိခဲ့ဖူးလား။

Penny

SHARE