စိတ်ကောက်ပြီး Block ထားတဲ့ ကောင်မလေးကို Netflix သုံးပြီး ချော့ခဲ့တဲ့ ကောင်လေး

Tiktok- @katelyn.kohl

၂၁ ရာစုထဲရောက်လာပြီဆိုတော့ စိတ်ကောက်တဲ့ကောင်မလေးကို ချော့တဲ့နည်းလမ်းလေးတွေလည်း အပြောင်းလဲ အသစ်ဆန်းလေးတွေပေါ်ပေါက်လာပြီနော်။ ခေတ်နောက်မကျစေဖို့ လက်တို့လိုက်ဦးမယ်။

Katelyn ဆိုတဲ့ Tiktok အကောင့်ကနေပြီးတင်ထားခဲ့တာပေါ့နော်။ သူမရဲ့ ကိုယ်တွေ့အဖြစ်ပျက်လေးပါတဲ့။ မကြာသေးခင်ကပဲ Katelyn တစ်ယောက် သူမနဲ့ ဒိတ်လုပ်နေတဲ့ကောင်လေးကို အဆက်သွယ်ဖြတ်လိုက်ခဲ့ပါတယ်။ အကြောင်းကတော့ သူမနဲ့ အဲဒီကောင်လေး အီစကလီလုပ်နေတုန်းမှာတင် လှေနံနှစ်ဖက် နင်းခဲ့လို့ပါပဲ။ နင်းတဲ့လှေနံကလည်း Katelyn ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးနဲ့ပါတဲ့လေ။ ဘယ်လောက်တောင်လဲဆိုတာ။ သူနဲ့ chat နေတုန်းမှာတင်ကို သူမရဲ့ သူငယ်ချင်းနဲ့လည်း chat နေခဲ့တာပါ။

Tiktok- @katelyn.kohl

ဒါကို Katelyn လည်းသိရော အဆက်သွယ်တွေဖြတ်ပစ်ပြီးတော့ အကုန် block ပစ်တာပေါ့လေ။ ဒါပေမဲ့ အဲကောင်လေးရဲ့ Netflix အကောင့်ကိတြော့ Katelyn တစ်ယောက်မျှသုံးနေခဲ့ပါတယ်။

READ
ကားမှန်ရိုက်ခွဲတာမရလို့ ကားတစ်စီးလုံးမီးရှို့ပြီး ရည်းစားကို လက်စားချေတဲ့အမျိုးသမီး
Tiktok- @katelyn.kohl

ကောင်လေးက ဘယ်ကနေမှ Katelyn ကို ဆက်သွယ်မရတဲ့အဆုံး Netflix အကောင့်တွေ အကုန်လုံးရဲ့ နာမည်ကို တန်းစီပြောင်းကာ “Please Unblock Me” ဆိုတဲ့ စာသားဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

Katelyn တစ်ယောက်ဒါကိုတွေ့ပြီးတော့ တော်တော်လေးအံ့ဩမိသလို ချီးလည်းချီးကျူးတယ်ဆိုပြီး Tiktok မှာ ပြန်လည်မျှဝေထားခဲ့တာပါ။ ချီးကျူးပေမယ့်လည်း ပြန်လက်ခံဖို့ကိုတော့ ဆောရီးပါတဲ့နော်။

@katelyn.kohlThis is a new one… ##whatthehell ##fyp ##foryou ##impressive ##CancelTheNoise ##UpTheBeat♬ DJ LIL KEL NO ONE – Noah Jones

Penny

SHARE