လွှင့်ပစ်လိုက်တဲ့တစ်ရှူးကြောင့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က လူသတ်မှုနဲ့ အဖမ်းခံခဲ့ရသူ

၂၀၁၉ ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံ၊ Minnesota, Isanti မှာ အမျိုးသားတစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

လူသတ်မှုဟာ ၁၉၉၃ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အပျော်မယ်အဖြစ် လုပ်ကိုင်နေတဲ့ Jeanne Ann Childs ဆိုသူအမျိုးသမီးတစ်ဦးကို သေစေခဲ့ပါတယ်။ Childs ရဲ့ ရုပ်အလောင်းကိုတော့ လူသတ်မှုဖြစ်ပြီး ရက်အတော်ကြာမှ သူမနေထိုင်တဲ့အခန်းထဲမှာတွေ့ခဲ့တာပါ။

အခန်းချင်းကပ်လျက် အမျိုးသမီးတစ်ဦးမှ Childs ရဲ့ အခန်းထဲကနေပြီး အရည်တွေထွက်လာတဲ့အတွက် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ပါတယ်။ ရဲတွေရောက်လာတဲ့အချိန်မှာတော့ Childs ရဲ့ ရုပ်အလောင်းဟာ ထိုးသွင်းဒဏ်ရာတွေ များစွာနဲ့ ကြမ်းပြင်ပေါ်မှာ ငြိမ်သက်စွာရှိနေခဲ့ပါတယ်။

Childs ရဲ့ အခန်းအတွင်းရှိ အိပ်ယာ၊ ရေချိုးခန်းနဲ့ အိမ်သာပေါ်မှ အခြားလူရဲ့ DNA များတွေ့မလားဆိုပြီး ယူသွားခဲ့ရာ Childs ရဲ့DNA နဲ့ကွဲပြားတဲ့ DNA တစ်ခုကို တွေ့ခဲ့ပါတယ်။

သို့ပေမယ့် DNA ကိုက်ညီမယ့်လူကို ရှာဖွေခဲ့ရင်း ၂၀၁၅ ခုနှစ်သို့ ရောက်ရှိသွားခဲ့ပေမယ့် တရားခံကိုတော့ ဖမ်းမိခဲ့ခြင်းမရှိဘဲ အမှုကို မပိတ်သိမ်းသေးပေမယ့် အမှုဆိုင်းငံ့ထားတဲ့ cold case အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ခုနှစ်မှာတော့ Minneapolis ရဲဌာနနဲ့ FBI တို့ပူးပေါင်းကာ cold case ဖြစ်နေတဲ့ အမှုတွေကို ပြန်သုံးသပ်ကာ စုံစမ်းစစ်ဆေးရေးတွေ ပြန်လုပ်ခဲ့ပါတယ်။

READ
ကင်ဆာနဲ့မသေခင်မှာ အဖြစ်ချင်ဆုံးဆန္ဒကို အကောင်အထည်ဖော်ခဲ့တဲ့ မိန်းမချောလေး

သုံးနှစ်အကြာမှာတော့ ပုဂ္ဂလိက DNA စစ်ဆေးရေးကုမ္ပဏီတစ်ခုနဲ့လည်း ပူးပေါင်းစုံစမ်းခဲ့တဲ့အတွက် ၁၉၉၃ ခုနှစ်၊ Childs အမှုနဲ့ပတ်သက်ပြီး သံသယရှိသူနှစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။ တစ်ယောက်ဟာ Westrom မှာနေထိုင်နေသူတစ်ဦးဖြစ်ပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ Childs အမှုဖြစ်စဉ် ၁၉၉၃ ခုနှစ်တုန်းက အမှုဖြစ်တဲ့မြို့မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။

ဒီအပြင် ၂၀၁၆ ခုနှစ်တုန်းကလည်း ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကို သူနဲ့အတူနေဖို့အတွက်  တောင်းဆိုခဲ့တာကြောင့် တရားစွဲခံခဲ့ရဖူးပါတယ်။ ဒါကြောင့် အဆိုပါအမျိုးသားအား ဦးစားပေးတရားခံအနေနဲ့ အဓိကပစ်မှတ်ထားခဲ့ပါတယ်။

LadBible

၂၀၁၉ ဇန်နဝါရီလမှစတင်ကာ အဆိုပါအမျိုးသားကို သက်ဆိုင်ရာဘက်မှ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ တစ်ရက်ဟော်ကီပွဲသွားကြည့်တဲ့အခါမှာတော့ ထိုအမျိုးသားဟာ ပွဲမှာရောင်းတဲ့ဟော့ဒေါ့ကို စားပြီး တစ်ရှူးနဲ့ပါးစပ်သုတ်ကာ အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပါတယ်။

Jerry Westrom has been charged with a murder dating back 26 years. Credit: Hennepin County Sheriff’s Office

ထိုတစ်ရှူးကို နောက်ယောင်ခံလိုက်နေခဲ့တဲ့ ရဲများမှ သိမ်းသွားကာ မျိုးရိုးဗီဇစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ Childs အမှုဖြစ်စဉ် သူမအခန်းတွင်းမှာ ရှာတွေ့ခဲ့တဲ့ DNA နဲ့ ထပ်တူညီနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကလေးသုံးယောက်ဖခင်ဖြစ်သူ အမျိုးသားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ဖေဖော်ဝါရီ ၁၈ တုန်းက အဖမ်းခံရခဲ့ပါတယ်။ မျိုးရိုးဗီဇထပ်တူညီတာကလွဲပြီး ဘာသက်သေမှမပြနိုင်ဘဲ အမှုကလည်း နှစ်ပေါင်း (၂၅) နှစ်ကျော်နေပြီဖြစ်တာကြောင့် အခုအချိန်မှာတော့ ထိုအမျိုးသားကို ယူရိုငွေ (၇၇၃,၀၀၀) ဖြင့် အာမခံထားပါတယ်။

READ
မွေးကင်းစအရွယ်မှာ (၁)ပေါင်ကျော်သာ ကိုယ်အလေးချိန်ရှိတဲ့ ဗြိတိန်ရဲ့ အသေးဆုံးကလေး

Source: Lad Bible

Penny

SHARE