ဆံပင်ညှပ်တိုင်း ဆံသဆရာနဲ့ Mirror Selfie ရိုက်ခဲ့တဲ့ အမျိုးသားရဲ့ပုံများ

Twitter-Sam Farr

၁၉၇၃ ခုနှစ်တုန်းက Chris Ford ဆိုတဲ့ လူငယ်လေးဟာ Bath မှာရှိတဲ့ Giusppe’s ဆိုတဲ့ ဆံသဆိုင်ကို တစ်ရက် ရောက်သွားခဲ့ပါတယ်။ Guisppe’s မှာ ဆံပင်လာညှပ်တာ Sam Farr အတွက်တော့ ပထမဆုံးအကြိမ်ပါ။ ဒီလိုပထမဆုံးအကြိမ်မှာ Sam Farr ကို ဆံပင်ညှပ်ပေးခဲ့သူကတော့ ဆံသဆရာ Joe Pace ပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆံသဆရာအဆင့်ပဲရှိပါသေးတယ်။ ဘာကြောင့်မှန်းမသိဘူး Sam Farr ကနေပြီး Joe Pace နဲ့ ဆံပင်ညှပ်နေတုန်း ပါလာတဲ့ ဖလင်ကင်မရာလေးနဲ့ မှန်ထဲက နှစ်ယောက်သားပုံရိပ်ကို မှတ်တမ်းတင်ခဲ့ပါတယ်။

နောက် Sam Farr ဟာ သူနေထိုင်တဲ့ Bristol မြို့ကို ပြန်သွားခဲ့ပါတယ်။ မြို့ချင်းမတူတဲ့အတွက် Sam Farr တစ်ယောက် Joe Pace အလုပ်လုပ်တဲ့ Guisppe’s ဆိုင်ကို အမြဲတမ်းတော့ မရောက်ဖြစ်ခဲ့ပါဘူး။ 

READ
တူရကီစစ်သား နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ IS အဖွဲ့
Twitter-Sam Farr

၁၉၇၃ ခုနှစ်မှာ တစ်ကြိမ်ရောက်ခဲ့ပြီး နောက် ၁၉၈၅ ခုနှစ်မှာ ဒုတိယတစ်ကြိမ်ထပ်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ကင်မရာပဲပေါ်သေးတဲ့အတွက် ကင်မရာနဲ့ mirror selfie ထပ်ရိုက်ခဲ့ပါတယ်။

Twitter-Sam Farr

နောက် ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် ထပ်သွားခဲ့ပြီ..

Twitter-Sam Farr

၂၀၁၅ ခုနှစ်မှာတစ်ကြိမ် ထပ်သွားခဲ့ပါတယ်။

Twitter-Sam Farr

Sam Farr အနေနဲ့ အခုလို အချိန်ရတိုင်း Guuisppe’s ဆံသဆိုင်ကိုသွားပြီး Joe Pace နဲ့ ဆံပင်သွားသွားညှပ်ခဲ့ပါတယ်။ အမြဲတမ်းမတွေ့ရပေမယ့်လည်း နှစ်ယောက်သားရဲ့ သံယောဇဉ်ကတော့ တော်တော်လေးကို ရှိနေခဲ့တာပါ။ မိတ်ဆွေတွေလိုလည်း ဖြစ်နေပြီပေါ့။ နှစ်ပေါင်းအကြာကြီးနေမှ Sam Farr က တစ်ခါရောက်လာခဲ့တဲ့အတွက် ပုံမှန်တစ်လတစ်ခါ လာနေကျ ကာစတမ်မာထက် Sam Farr ရောက်လာရင် ပိုဝမ်းသာရပါတယ်တဲ့။

ကျွန်တော်တို့ဆီမှာလည်း ဒီလိုသံယောဇဉ်မျိုး ရှိတတ်ကြတယ်မဟုတ်လား။ အိမ်ရှင်မတွေဆိုရင် ဝယ်နေကျ အသားဆိုင်၊ ငါးဆိုင်မှာပဲ ဝယ်တာတို့၊ လူငယ်တွေဆိုလည်း သွားနေကျ ဆံပင်ညှပ်ဆိုင်၊ ဝယ်နေကျ အင်္ကျီဆိုင်မှာပဲ ဝယ်တာတို့၊ စားနေကျဆိုင်တွေမှာပဲ စားတာတို့လိုမျိုး လုပ်လေ့ရှိတယ်မဟုတ်လား။

READ
အာနိသင်ထူးတဲ့ဝိုင် ဖော်စပ်ဖို့ဆိုပြီး ပုရွက်သိုက်ကြီးကို မှောင်ခိုသယ်လာခဲ့တဲ့ အမျိုးသား

လူနှစ်ယောက်ရဲ့ သံယောဇဉ်ဆိုတာ မထင်မှတ်ထားဘဲနဲ့လည်း ဖြစ်လာတတ်တဲ့အရာတစ်ခုပါ။ ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ စသဖြင့် သွေးရင်းနဲ့ဖြစ်စေ၊ သွေးမတော်သားမစပ်ပဲဖြစ်စေပေါ့။ ဆံသဆရာ Joe Pace နဲ့ Chris Ford တို့ရဲ့ နေ့တိုင်းမတွေ့ဖြစ်တာတောင် မြဲနေတဲ့ နှစ်ပေါင်း ၄၆ နှစ်တိုင်အောင် တည်မြဲခဲ့ကြတဲ့ မိတ်ဆွေသံယောဇဉ်ကိုပဲ ကြည့်ပါလေ။

Penny

SHARE