ခင်ပွန်းက (၄)ကြိမ်အထိ သေနတ်နဲ့ပစ်ခဲ့ပေမယ့် အသက်ဘေးက လွတ်ခဲ့တဲ့ဇနီး

Twitter / Periódico Zócalo

ဘရာဇီးနိုင်ငံက စတိုးဆိုင်တစ်ခုမှာ လင်မယားနှစ်ယောက် အချင်းဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူက သေနတ်နဲ့ပစ်သတ်ဖို့အထိ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ သေနက်က Jam ဖြစ်ပြီး၊ ကျည်မထွက်တဲ့အတွက် ဇနီးဖြစ်သူမှာ အသက်အန္တရာယ်က ဝေးခဲ့ပါတယ်။ အခင်းဖြစ်ခဲ့ရာ နေရာကတော့ Itacoatiar က စတိုးဆိုင်တစ်ခုမှာ ဖြစ်ခဲ့တာပါ။

ဒီဖြစ်စဉ်ကို CCTV က ကောင်းကောင်း မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး၊ ဘေးမှာရှိနေတဲ့လူတွေက သေနတ်ကို အဝေးကို လွင့်အောင်လုပ်ခဲ့ရပါတယ်။ ခင်ပွန်းရဲ့အမည်မှာ Etiemerson de Souza Moura လို့သိရပါတယ်။ သူဟာ အသက်(၃၁)နှစ်ဖြစ်ပြီး၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ရဲက ဖမ်းဆီးထားပါတယ်။

 

Souza ဟာ အချင်းများနေစဉ်၊ ကောင်တာမှာထိုင်နေတဲ့ ဇနီးကို အသင့်ယူဆောင်လာတဲ့ သေနတ်နဲ့ ထုတ်ပစ်ခဲ့တာပါ။ ရဲတပ်ဖွဲ့အဆိုအရ (၄)ကြိမ်အထိ ခလုတ်ကိုညှစ်ခဲ့ပေမယ့် သေနတ်က Jam ဖြစ်နေလို့ ခလုတ်က ကပ်နေကာ ကျည်ထွက်ခြင်းမရှိခဲ့ပါဘူး။

ဘေးမှာရှိနေတဲ့လူတွေက Souza ကို ဝင်ပြီးလုံးထွေးလိုက်မှ ပဉ္စမအကြိမ် ခလုတ်ညှစ်ခြင်းဟာ အောင်မြင်ခဲ့ပြီး၊ ပစ်မှတ်နဲ့လည်း တစ်ခြားဆီဖြစ်ခဲ့ရပါတယ်။ CCTV ထဲမှာတော့ သူဟာ ဇနီးဖြစ်သူကို သေချာချိန်ရွယ်ပြီးကို ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအတွက် သူဟာ လူတစ်ယောက်ကို သေစေလိုတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ အရှင်းသား ပေါ်လွင်နေပါတယ်။

Civil Police

သူဟာ သေနတ်နဲ့ပစ်လို့ အဆင်မပြေတော့ သေနတ်ဒင်နဲ့ ဇနီးဖြစ်သူကို လှမ်းထုလိုက်ပါသေးတယ်။ ဇနီးကို ဘာကြောင့် သတ်ပစ်ချင်လောက်အောင် မုန်းနေခဲ့တယ်ဆိုတာကိုတော့ သတင်းတွေမှာ ဖော်ပြမထားပါဘူး။ Souza ကို ရဲ့ အောက်တိုဘာလ (၂၇)ရက်မှာ အခင်းဖြစ်ပြီး သိပ်မကြာသေးမီမှာ လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။ သူ့ကို မကြာမီမှာ ရုံးထုတ်မှာပါ။

လင်းသူရိန်

SHARE