စွန့်ပစ်ထားတဲ့ သံထည်ပစ္စည်း အတိုအထွာတွေနဲ့ အနုပညာလက်ရာတွေ ဖန်တီးနေခဲ့သူ

Instagram- @brianmockart

ကျွန်တော်တို့လိုသာမန်လူတွေဆိုရင် သံတိုသံစတွေတွေ့တာနဲ့ လွှတ်ပစ်ဖို့ပဲ စဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ သူကတော့ အဲဒီလိုမဟုတ်ပါဘူး။ ရှာတွေ့ရသမျှ သံတိုသံစတွေကို အသုံးပြုပြီးတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေကို ဖန်တီးနေခဲ့တာပါ။ သူ့အကြောင်းကို Boredpanda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)


နာမည်ကတော့ Brian Mock ပါတဲ့။ သံတိုသံစတွေနဲ့ အနုပညာတွေဖန်တီးနေတဲ့သူပေါ့။ သံမှုတွေေ၊ စက်သွား၊ မူလီခေါင်းကစလို့ သံဖြတ်စပေါင်းစုံဟာ Brian အတွက်တော့ ပန်းချီကားတစ်ချပ်မှာသုံးတဲ့ ဆေးတွေလိုပါပဲ။

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

ဒီလိုမျိုး ဖန်တီးတတ်ဖို့အတွက် ဘယ်သူကမှ သူ့ကို ကူညီလမ်းပြခဲ့ဖူးတာမျိုးလည်း မရှိခဲ့ပါဘူး။ ၁၉၉၀ နောက်ပိုင်းကတည်းကိုက Brian ဟာ Oregon မှာ နေရင်းနဲ့ သူ့ခြံထဲမှာသူ အဆက်မပြတ် တကုတ်ကုတ်နဲ့ ကြိုးစားလာရင်း အခုဆိုရင် တော်တော်လေး လက်ရာမြောက်တဲ့ ပန်းပုရုပ်တွေကို ရရှိနေခဲ့ပါပြီ။

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

သံထည်တွေဖြစ်တဲ့အတွက် ဝရိန်ဆော်တဲ့ပညာကို အသုံးပြုပြီးမှ အရုပ်တွေကို ဖန်တီးနေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် တိရိစ္ဆာန်ပုံတွေကို ဖန်တီးနေခဲ့ပေမယ့်လို့ တစ်ခါတစ်လေမှာတော့ သူ့ရဲ့ ပန်းပုရုပ်တွေကနေ အိမ်ပရိဘောဂတွေလည်း ဖြစ်သွားတတ်ပါသေးတယ်။

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

ဘယ်သူမှ အသုံးမပြုတော့လို့ အရည်ကြိုးစက်ထဲရောက်တော့မယ့် သံတိုသံစတွေကို သေချာသန့်ရှင်းရေးလုပ်ပြီးကာမှ အခုလိုလုပ်ရတဲ့အတွက် တော်တော်လေးတော့ လက်ဝင်လှပါတယ်။ ပင်ပမ်းပြီး ခေါင်းစားပေမယ့်လို့ ဒီလိုပြုလုပ်ခြင်းဟာ စွန့်ပစ်ပစ္စည်းတွေကို တစ်ဖက်တစ်လမ်းကနေ လျှော့ချပေးရာရောက်တယ်လို့ Brain က ခံယူထားတဲ့အတွက်ကြောင့် နောက်လည်း ဆက်ပြီး လုပ်ဖြစ်နေဦးမှာပါလို့ ပြောခဲ့ပါတယ်။

Brian ရဲ့ လက်ရာလေးတွေကို ခံစားကြည့်လိုက်ပါဦး။

 

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

 

View this post on Instagram

 

A post shared by Brian Mock (@brianmockart)

penny

SHARE