ချစ်သူက ဗိုက်ကို မကြာခဏပုတ်ပြီးစနောက်လို့ ဆေးရုံရောက်သွားတဲ့ အမျိုးသား

thedigitalwise

တရုတ်နိုင်ငံ၊ Guangzhou ဇာတိဖွား အမျိုးသားတစ်ဦးဖြစ်တဲ့ Mai အမည်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ အစအနောက်သန်တဲ့ ချစ်သူအမျိုးသမီးကြောင့် ဆေးရုံတက်ပြီး ခွဲစိတ်ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သူ့ဗိုက်ကို သူ့ကောင်မလေးက စနောက်ပြီး တဗြန်းဗြန်း ရိုက်ခဲ့ရာကနေ၊ ရင်ဘတ်တွေအထိ နာလာပြီး၊ အသက်ရှူရတာ မဝဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဆေးရုံသွားရမယ့်အစား သာမန်ပြဿနာလို့သာ ထင်မှတ်ပြီး၊ အဲဒီတစ်နေ့ကို ဒီအတိုင်း မအီမလည်နဲ့ ကုန်ဆုံးခဲ့ပါတယ်။ သူက “ အဲဒီအချိန်တုန်းကတော့ သာမန် ရင်ဘတ်အောင့်တာ … နာတာလို့ပဲ ထင်တာပေါ့ .. နားလိုက်ရင် ပျောက်သွားမယ်လို့ တွေးခဲ့တာ … ဒါပေမယ့် နာကျင်မှုက ပိုပြီးပိုပြီး ဆိုးလာတယ် ”လို့ ပြောပါတယ်။

Shutterstock

ဒီလိုနဲ့ ဘယ်လိုမှ မသက်သာတဲ့အခါမှာတော့ Mai ဟာ ဆေးရုံကို ကောက်ကာငင်ကာ ထသွားရပါတော့တယ်။ ဒေါက်တာတွေက သေချာစစ်ဆေးတဲ့အခါ Congenital diaphragmatic hernia ဆိုတဲ့အခြေအနေကို ခံစားနေရတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဒီအခြေအနေရဲ့အဓိပ္ပါယ်ကတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ပိုင်းခြားထားတဲ့ ကြွက်သားအလွှာစုတ်ပြဲပြီး၊ အဲဒီကနေတစ်ဆင့် ဗိုက်ထဲက ကိုယ်အင်္ဂါတွေ ရင်ဘတ်ထဲကို ရောက်ကုန်တဲ့သဘောဖြစ်ပါတယ်။ ဒေါက်တာ Feng Jinhang က သေချာစမ်းသပ်ကြည့်တော့ အူတွေက ရင်ဘတ်ထဲ ရောက်ကုန်တာကို တွေ့ခဲ့ရတာပါ။

thedigitalwise

ဒီအခြေအနေကနေ မကုဘဲထားရင် Diaphragmatic hernia ကနေ gastrointestinal necrosis အခြေအနေကို အချိန်မရွေး ကူုးပြောင်းနိုင်ပြီး အသက်အန္တရယ်တောင် စိုးရိမ်ရတဲ့ အနေအထားဖြစ်ပါတယ်။ အခုအခြေအနေကိုတော့ ဒေါက်တာတွေက အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့လို့ Mai တစ်ယောက် ကံကောင်းခဲ့ပါတယ်။

လင်းသုတ

SHARE