အိမ်အပြင် မထွက်ရတာတောင် အကွက်ဆန်းသုံးပြီး ချစ်သူရတော့မယ့် အမျိုးသား

[email protected]_cohen

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများက အိမ်ထဲက အိမ်အပြင်တောင် မထွက်ရဲတော့ကြပါဘူး။ ဒီလို အိမ်ထဲက အိမ်အပြင်မထွက်နိုင်တဲ့ အချိန်မှာ အမျိုးသားတစ်ယောက်ကတော့ သူကြိုက်တဲ့ ကောင်မလေးတစ်ယောက်ကို လိမ္မာပါးနပ်စွာ နည်းလမ်းတစ်ခုသုံးကာ လူချင်းတွေ့စရာမလိုပဲ ကောင်မလေးရဲ့ ဖုန်းနံပါတ်ကို အရယူနိုင်ခဲ့ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]_cohen

Jeremy Choen လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ မနက်ထင်အိပ်ရာထထချင်းမှာ အိမ်ရှေ့ကနေ သီချင်းသံတစ်ခုကို ကြားနေရတဲ့အတွက် ဝရံတာတံခါးကို ဖွင့်ပြီး အပြင်ကို ထွက်ကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Jeremy တွေ့လိုက်ရတာကတော့ အိမ်ရှေ့တိုက်က ကောင်မလေးတစ်ယောက်ဟာ လေသာဆောင်မှာ သီချင်းဖွင့်ပြီး ကနေတာကို တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ Jeremy ဟာ အဲဒီကောင်မလေးကို အချိန်တော်တော်ကြာကြည့်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကောင်မလေးက သူ့ကို သတိထားမိတဲ့အချိန်မှာ Jeremy ဟာ လက်လှမ်းပြလိုက်ပါတယ်။ ဒါကို ကောင်မလေးကတွေ့သွားပြီး ပြန်လည်လက်လှမ်းပြခဲ့ပါတယ်။

READ
ရင်သားကင်ဆာဖြစ်နေတဲ့အကြောင်း ပြောကြားလာတဲ့ ဘီယွန်ဆေးရဲ့ဖခင်
[email protected]_cohen

ဒီလို Jeremy ဟာ အခြေအနေ သူ့ဘက်မှာရှိတာ သိသွားပြီး ကောင်မလေးရဲ့ ဖုန်းနံပါတ်ကို ရအောင်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် Jeremy ဟာ စက္ကူပေါ်မှာ သူ့ဖုန်းနံပါတ်ကိုရေးပြီး Drone မှာ ချိန်ခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီ Drone ကို ကောင်မလေးဆီရောက်အောင် အဝေဒထိန်းခလုတ်နဲ့ ထိန်းချုပ်ပြီး ပို့လိုက်ပါတယ်။

[email protected]_cohen

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း ကောင်မလေးဟာ Jeremy ရဲ့ Drone ကို အံ့သြသင့်စွာ ငေးမောကြည့်နေပါတယ်။ ဒီလိုနဲ့ Drone မှာ ချိတ်ဆွဲထားတဲ့ Jeremy ရဲ့ ဖုန်းနံပါတ်ကို တွေ့သွားပြီး မကြာခင်မှပဲ Jeremy ကို ဖုန်ဆက်လာခဲ့ပါတယ်။ Jeremy ဟာ ဒီအဖြစ်အပျက်ကို ဆိုရှယ်မီဒီယာပေါ်ပို့စ်တင်ခဲ့တဲ့အချိန်မှာတော့ လူတော်တော်များများက Jeremy ဟာ ဥာဏ်အရမ်းကောင်းတဲ့သူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

READ
ရဲတွေကို လိင်ပိုင်ဆိုင်းရာအသုံးတော်ခံခဲ့ရတဲ့ ပြည့်တန်ဆာ လျှော်ကြေး ပေါင်(7.7)သိန်း ရရှိ

 

Pyi Hein Kyaw

SHARE