ကွန်တိန်နာတွေကို ထပ်ဆင့်ပြီး စိတ်ကူးထဲက (၃) ထပ်အိမ်လေးဆောက်လုပ်ခဲ့တဲ့ အမျိုးသား

Will Breaux

လူတိုင်းမှာ စိတ်ကူးထဲ ဒီိဇိုင်းဆွဲထားတဲ့ ကိုယ်ပိုင်အိမ်ပုံစံလေးတွေရှိကြပါတယ်။ အချို့ကတော့ သက်တောင့်သက်သာရှိတဲ့ အိမ်အနိမ့်လေးတွေမှာ  နေလိုကြပေမယ့် အချို့ကျတော့လည်း ဇိမ်ကျကျ အိမ်ကြီးအိမ်ကောင်းတွေမှာ နေလိုပါတယ်။ ဒါပေမယ့် သာမန်ရိုးကျအိမ်တွေကနေ ခွဲထွက်ပြီး  လုံးဝကွဲပြားခြားနားတဲ့ အိမ်ပုံစံဒီဇိုင်းတွေမှာ နေလိုသူတွေလည်း ရှိပါတယ်။ ဥပမာဆိုရင်တော့ boredpanda ကနေတဆင့် အခု ဖော်ပြပေးမယ့် ကွန်တိန်နာတွေနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လိုမျိုးပါ။

Will Breaux
Will Breaux
Will Breaux

အောက်မှာ တွေ့ရမှာကတော့ Will Breaux ဆိုသူ အမျိုးသားက ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ထားတဲ့ ကွန်တိန်နာအိမ်ပဲ ဖြစ်ပါတယ်။ သူဟာ ကွန်တိန်နာတွေကို တစ်ခုပေါ်တစ်ခုထပ်ဆင့်ပြီး (၃) ထပ်အိမ် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့အိမ်မှာ ခေါင်မိုးလေသာဆောင်လည်း ပါပါတယ်။ Will ဟာ သူလိုချင်တဲ့အိမ်ဒီဇိုင်းကို  (၂၀၁၁) ခုနှစ်အရောက်မှာ သူကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

READ
ဂိတ်စောင့် ဘ၀မှ စာကြိုးစားရင်း ရှေ့နေ့ဘ၀သို့ တက်လှမ်းနိုင်ခဲ့သူ
Will Breaux
Will Breaux
Will Breaux

Will ဟာ ကွန်တိန်နာတွေနဲ့ ပတ်သက်ပြီး အိမ်ဆောက်ဖို့ရလာတဲ့ အကြံဥာဏ်ဟာ တော်တော်လေး ရိုးရှင်းပါတယ်။ “သင်္ဘောကွန်တိန်နာတွေက ခိုင်ခံ့တယ်၊ မာကျောတယ်၊ မီးဒဏ်ခံနိုင်တယ်၊ လေဒဏ်မုန်တိုင်းဒဏ် ခံနိုင်တယ်…” လို့ Will က ရှင်းပြပါတယ်။

Will Breaux
Will Breaux
Will Breaux

ပထမဆုံး Will ဟာ သူ့စိတ်ကူးထဲက အိမ်ကို 3D ဒီဇိုင်း အရင်ဆွဲလိုက်ပါတယ်။ ပြီးတော့ သင်္ဘောကွန်တိန်နာတွေနဲ့ အိမ်ဆောက်နည်းတွေကို နာရီပေါင်းများစွာ ကြာအောင်လေ့လာပြီး အခုလို အိမ်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Will ဟာ စတုရန်းပေ (၂,၅၀၀) ကျယ်ဝန်းတဲ့ ကွန်တိန်နာအိမ်ကြီးရဲ့ အိမ်ပိုင်ရှင် ဖြစ်နေပါပြီ။ ကွန်တိန်နာထဲ ဆောက်ထားတယ်လို့တောင် မထင်ရပဲ အတွင်းပိုင်းထဲမှာ နေချင်စဖွယ်ဖြစ်နေတဲ့ Will ရဲ့အခန်းတွေကိုတော့ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

READ
မသန်စွမ်းသူတွေအတွက်ရည်ရွယ်ပြီး ထူးခြားလှပတဲ့ဖက်ရှင်ဒီဇိုင်းတွေဖန်တီးခဲ့တဲ့ဒီဇိုင်နာ
Will Breaux
Will Breaux
Will Breaux
Will Breaux

 

လင်းလင်း (ShweMom)

SHARE