ဂျာဂန်ကလော့ပ်နဲ့ လီဗာပူးလ်အသင်းကို ဂြိုဟ်ဆိုးဝင်စေတဲ့ စာလေးတစ်စောင်

Twitter

လီဗာပူးလ်အသင်း ပွဲတွေ ဆက်တိုက်နိုင်နေလို့ဆိုပြီး အနိုင်မကန်ပါနဲ့တော့လို့ စာရေး တောင်းဆိုခဲ့တဲ့ မန်ယူပရိသတ်လေးအကြောင်းကို မှတ်မိနေကြဦးမှာပါ။ ဒါရက် လို့ခေါ်တဲ့ အသက် (၁၀)နှစ်အရွယ် မန်ယူ ပရိသတ်လေးဟာ မန်ယူအသင်း တင်ထားခဲ့တဲ့ စံချိန်တွေကို လီဗာပူလ်ချိုးဖျက်သွားမှာ စိုးရိမ်တဲ့အတွက် စိတ်ခံစားချက်များစွာနဲ့အတူ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဆီ စာတစ်စောင်ရေးသားလိုက်တာပါ။

သူက တခြားအသင်းတွေကိုလည်း အနိုင်ပေးဖို့နဲ့ မန်ယူပရိသတ်တွေကို စာနာဖို့ ကလော့ပ်ကို တောင်းဆိုခဲ့တာဖြစ်ပြီး ကလော့ပ်ကိုယ်တိုင်ကတော့ အဲဒီ တောင်းဆိုချက်က မဖြစ်နိုင်ဘူးလို့ စာပြန်ခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီလို စာပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကလော့ပ်အတွက် ရှုံးပွဲတွေ စ လာတော့တာပါပဲ။

ဒါဟာ တိုက်ဆိုင်မှု တစ်ခုလား၊ ဂြိုဟ်ဆိုးဝင်မှုတစ်ခုလားလို့ မပြောပြတတ်လောက်အောင်ကို လီဗာပူးလ်အသင်း ဆက်တိုက် ရှုံးနေခဲ့တာပါ။

အက်သလက်တီကို  ကို ချန်ပီယံလိဂ်မှာ (၁-၀)နဲ့ ရှုံးတယ်၊ ၀က်ဖို့ဒ်ကို အဝေးကွင်းမှာ (၃-၀)နဲ့ ရှုံးတယ် ၊ အခု နောက်ဆုံး ချယ်လ်ဆီးကို (၂-၀)နဲ့ ရှုံးတယ်။


လီဗာပူးလ်အသင်းအနေနဲ့ ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် ရှုံးနေတယ်ဆိုပေမယ့် မန်ယူပရိသတ်တွေအပါအ၀င် အခြားအသင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေကတော့ လီဗာပူးလ်နည်းပြကြီးဆီ စာရေးခဲ့တဲ့ ဒါရက် ကြောင့်လို့ပဲ မှတ်ယူနေကြပါတယ်။

READ
ရုတ်တရက်ဆိုမသိသာပဲ သေချာကြည့်မှတွေ့မယ့်ပုံ (မြင်တတ်မှ)

တချို့ကတော့ ဒါရက်ဟာ သူ့ရဲ့စာမှာ ကျိန်စာတွေ ထည့်ပေးလိုက်ပြီး စာကို ဖတ်လိုက်ပြီဆိုတာနဲ့ ရှုံးပွဲတွေ ရောက်လာတော့တာပဲ လို့ မှတ်ချက်ပေးနေကြပါတယ်။

လီဗာပူးလ်အသင်းဟာ (၂၀၁၅) အောက်တိုဘာ က စပြီး တစ်ပွဲရှုံးပြီးရင် နောက်တစ်ပွဲကို ဂိုးမသွင်းနိုင်ပဲ အရှုံးပေးခဲ့ရတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ အခုတော့ ထူးထူးဆန်းဆန်း ပြိုင်ဖက်ကို ဂိုးမသွင်းနိုင်ပဲ အရှုံးပေးနေခဲ့ရပြီ။

FA ဖလားပွဲမှာလည်း ကလော့ပ်ကိုင်တွယ်ခဲ့တဲ့ (၅)ရာသီဆက် ဆဌမအဆင့်ကို မရောက်ဘူးဆိုတာ မရှိခဲ့ဘူး။ အခုတော့ ပဉ္စမ အဆင့်မှာပဲ ပြုတ်သွားခဲ့ပြီ။

တွစ်တာပေါ်က ပရိသတ်တွေကတော့ ဒါတွေအားလုံးဟာ ဒါရက်ကြောင့်ပဲလို့ မှတ်ချက်ပေးနေကြပါတယ်။ စာလေးတစ်စောင်ဟာ ဒီလောက် အစွမ်းထက်မယ်မှန်း သူတို့ မသိခဲ့ကြပါဘူးတဲ့….။

READ
(၂-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

SHARE