အလုပ်လျှောက်နည်းမှန်လို့ အလုပ်ခေါ်စာရာနဲ့ချီပြီး ကမ်းလှမ်းခံခဲ့ရတဲ့ အမျိုးသား

Twitter/MelissaDiGianfilippo ‏

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်စ်မြို့မှ ပက်ထရစ်ဟော်ဂ်လန် အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ၀န်တင်ယာဉ်တွေမောင်းနှင်ရသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ သတ္တုကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ရာကနေ ကံမကောင်းအကြောင်းမလှစွာနဲ့ အလုပ်ကနေ ထွက်ခဲ့ရပါတယ်။ အခုဆိုရင်တော့ ပက်ထရစ်ဟာ အလုပ်လိုက်ရှာနေပါတယ်။ သူက အွန်လိုင်းပေါ်ကနေ စီဗီဖောင်ကို တင်ပို့ပြီး အလုပ်ရှာခဲ့ပေမယ့် သူ့ကို အလုပ်ကမ်းလှမ်းတဲ့သူ တစ်ဦးမှမရှိခဲ့ပါဘူး။

ဟော်ဂ်လန်က ဒီတိုင်းအလုပ်လျှောက်နေလို့တော့ ထူးခြားမှာမဟုတ်ဘူး၊ သူ့ဘက်က သူများတွေနဲ့ ကွဲထွက်အောင် တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ စီဗီဖောင် တွေကို print ထုတ်ပြီး လမ်းဆုံးလမ်းခွက ကားလမ်းတစ်နေရာမှာ résumé တွေကို ဝေဖို့ စီစဉ်ခဲ့ပါတယ်။

Twitter/MelissaDiGianfilippo ‏

ဖီးနစ်စ်မြို့မှာတော့ ကားတွေက ဥဒဟိုသွားလာနေတာကြောင့် ကားမောင်းနေသူတွေထဲမှာ သူ့ကို အလုပ်ခန့်သူတစ်ယောက်လောက်တော့ ပါကောင်းပါတယ်လေလို့ ဟော်ဂ်လန်က တွေးမိခဲ့တာပါ။  တစ်နေ့မှာတော့ မယ်လစ်ဆာဒီဂျီရမ်ဖီလစ်ပိုဆိုသူ အမျိုးသမီးတစ်ဦးဟာ ကားမောင်းရင်းနဲ့ အမှတ်မထင် ဟော်ဂ်လန်ကို တွေ့ပြီး စီဗီဖောင်ကိုယူလာခဲ့ပါတယ်။

READ
မဟာတံတိုင်းကြီး ဘယ်မှာရှိလဲဆိုတာကို မေ့နေတဲ့ တရုတ်စက်ရုပ်မလေး ကျောင်းပြန်ပို့ခံရ

အလုပ်ကြိုးကြိုးစားစားရှာနေတဲ့ ဟော်ဂ်လန်ကို အလုပ်ရစေလိုတာကြောင့်ရယ်၊ သူမကိုယ်တိုင်ကလည်း မာကတ်ကင်းအေဂျင်စီတစ်ခုထောင်ထားတဲ့အတွက် မယ်လစ်ဆာဟာ သူမရဲ့ တွစ်တာ၊ လင့်ခ်အင်စတဲ့ အကောင့်တွေမှာ ဟော်ဂ်လန်အကြောင်း ရေးသားခဲ့ပါတယ်။ သူမရဲ့ အကောင့်ထဲမှာရှိတဲ့ အလုပ်ရှင်တွေအနေနဲ့ ဟော်ဂ်လန်ကို စိတ်ဝင်စားရင် ဆက်သွယ်နိုင်အောင် မယ်လစ်ဆာဟာ စီဗီဖောင် လေးပါ တွဲတင်ပေးခဲ့တာ ဖြစ်ပါတယ်။

Twitter/MelissaDiGianfilippo ‏

မယ်လစ်ဆာရဲ့ ကောင်းမှုနဲ့ ဟော်ဂ်လန်ရဲ့ စီဗီဖောင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့သွားပြီးနောက်မှာတော့ ဟော်ဂ်လန်ဟာ အလုပ်ကမ်းလှမ်းမှုပေါင်း ရာနဲ့ချီကာ လက်ခံရရှိခဲ့ပါတယ်။ ထိုထဲကမှ ဟော်ဂ်လန်ဟာ သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတစ်ခုကို ရွေးချယ်နိုင်ခဲ့ပြီးနောက် အခုအခါမှာတော့ အတော်လေး အဆင်ပြေနေပြီ ဖြစ်ပါတယ်။ ဟော်ဂ်လန်ကတော့ မယ်လစ်ဆာနဲ့ ပတ်သက်ပြီး သူမကို ကျေးဇူးအများကြီးတင်ကြောင်း ဆိုလိုက်ပါတယ်။ မယ်လစ်ဆာဟာ သူ့ကို မကူညီနိုင်ရင်လည်း ဖြစ်ပါရက်နဲ့ ဒီတိုင်းကြည့်မနေခဲ့ပဲ ဒုက္ခတွေ့နေတဲ့ တစ်ဖက်သားကို စိတ်ရင်းစေတနာမှန်ကူညီခဲ့တာဖြစ်ကြောင်းလည်း ဟော်ဂ်လန်က ပြောပြခဲ့ပါသေးတယ်။

READ
ထီပေါက်တဲ့ထီလက်မှတ်ကို ခိုးယူခဲ့လို့အဖမ်းခံခဲ့ရတဲ့ အတူနေသူငယ်ချင်း

Source: CNN

လင်းလင်း (ShweMom)

SHARE