ရဲတွေသုံးနာရီကြာအောင်ဝိုင်းထားပြီးမှ ပီဇာတစ်စိတ်ကြောင့် အဖမ်းခံခဲ့ရတဲ့ အမျိုးသား

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တုန်းက ဖလော်ရီဒါ၊ Escambia မှာ အခန်းပိတ်ပြီး အဖမ်းမခံတဲ့ လူတစ်ဦးကို ရဲတွေမှ (၄) နာရီကြာအောင် ဝိုင်းထားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အသက် (၃၃) နှစ်အရွယ် Evan McLemore ဆိုသူအမျိုးသားဟာ ရဲများလာဖမ်းစဉ်မှာ သူ့ညီအစ်ကိုအခန်းအတွင်းသို့ဝင်ပြီး အတွင်းမှသော့ခတ်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကအခန်းတံခါးကို အင်အားသုံးဖွင့်ဖို့ ကြိုးစားတဲ့အခါမှာတော့ Even ဟာ သူ့ဦးခေါင်းကို ပြန်ပြီးသေနတ်နဲ့ချိန်ထားကြောင်း ထွက်ဆိုကာ အကြပ်ကိုင်ခဲ့ပါတယ်။

Pensacola News Journal

ရဲဘက်မှ လူသေမှုကို မလိုလားတဲ့အတွက် လက်နှက်ချကာ ငြိမ်းငြိမ်းချမ်းချမ်းအဖမ်းခံဖို့အတွက် Even ကို နားချခဲ့ပါတယ်။ သို့ပေမယ့် လက်နှက်ချအဖမ်းခံလိုက်ပါက ထောင်ထဲသေချာဖောက်ဝင်ရမှာ ဖြစ်နေတဲ့အတွက် Evens တစ်ယောက် တင်းခံနေခဲ့ရာ ဖျောင်းဖြချိန်ဟာ (၄) နာရီကျော်ကြာသွားခဲ့တာပါ။

Ozarks First

Even McLemore ရဲ့ ပြစ်မှုတွေဟာ နီးစပ်ရာမှာရှိတဲ့လူများကို ခြိမ်းခြောက်ခြင်း၊ ကြမ်းတမ်းတဲ့အမူအရာများနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း၊ အပြင်းအထန်ခြေရာခံနှောက်ယှက်ခြင်းများပြုလုပ်ခဲ့တာပါ။ ဒီအပြင် ငယ်စဉ်ကအဖွားဖြစ်သူကို ဓားထောက်ကာ သတ်ဖို့အတွက် ခြိမ်းခြောက်ဖူးပြီး အခုအချိန်မှာလည်း မိထွေးကို ဖုန်းမတ်ဆေခ်ျ့များမှတစ်ဆင့် စော်ကားမော်ကား message တွေ တောက်လျှောက်ပို့နေခဲ့ပါတယ်။ ထပ်ပြီး ဖခင်ကိုလည်း လည်ပင်းညှစ်ကာသတ်ပစ်ဖို့ကြိုးစားခဲ့တာကြောင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းပေးဖို့အတွက် တိုင်တန်းခဲ့တာပါ။

READ
ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေနဲ့အတူ ရက်စက်စွာ အသတ်ခံနေရတဲ့ လင်းပိုင်များ
Pensacola News Journal

လက်နှက်ချကာ အဖမ်းခံဖို့ကို အကြိမ်ကြိမ်းငြင်းဆိုခဲ့တဲ့အတွက် ရဲဘက်က Even ကို အပြင်ထွက်လာဖို့အတွက် အကြံတစ်ခုထုတ်ခဲ့ပါတယ်။ ပီဇာဝယ်လာတယ်ဆိုပြီး ထွက်ယူခိုင်းခဲ့တာပါ။ ငြှိနှိုင်းချိန်ဟာ (၄) နာရီကြာပြီဖြစ်တာကြောင့် ပုံမှန်အရဆို ဗိုက်ဆာလောက်တဲ့ အချိန်မျိုးပါ။ ဒီအချက်ကို အခွင့်ကောင်းယူကာ စိတ်ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပီဇာလေးထွက်ယူပါ။ စားပြီးမှ ဆက်ဆွေးနွေးကြမယ်ဆိုပြီး ရဲဘက်မှ Even ကို ပြောခဲ့ပါတယ်။

Ozarks First

ပီဇာထွက်ယူတဲ့အချိန်မှာပဲ ပုန်းနေတဲ့ရဲများဟာ Even ကို ဖမ်းခဲ့ကာ ထိန်းသိမ်းခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ထွက်ဆိုချက်၊ စိတ်ပညာရှင်တွေရဲ့ သုံးသပ်ချက်အပြင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရရော Even ဟာ စိတ်ကျမ်းမာရေး ချို့တဲ့နေသူလို့ ယူဆရတဲ့အတွက် ထောင်ကိုတန်းမပို့သေးဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးစစ်ကာ လိုအပ်လျှင်လိုအပ်သလို ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Ozarks First

ဒီသတင်းကိုတော့ ဖလော်ရီဒါတစ်ဝိုက်မှာ ပီဇာကိုသုံးပြီး တရားခံဖမ်းတယ်ဆိုပြီး နာမည်ကြီးနေခဲ့ပါတယ်။

Soure: Ozarks First, Pensacola News Journal

READ
သမီးဖြစ်သူအဖို့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစိန်ပွင့်ကြီးကို လေလံဆွဲပြီးလက်ဆောင်ပေးခဲ့တဲ့ သူဌေးကြီး

 

SHARE