(၇၀)ကီလိုဂရမ်နီးပါးဝိတ်ချပြီး လူအများကို အံ့သြစေခဲ့တဲ့ အမျိုးသားတစ်ဦး

Youtube-[diet] 137 kilos that got sterile seriously for one year → 68.5 kilos summary version

ဝိတ်ချတယ်ဆိုတာ ဘယ်သူ့အတွက်မှ လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်ပါဘူး။ ဝိတ်ချနေတဲ့ကာလအတွင်းမှာလည်း သူများတွေထက် အစားအသောက်အရမ်းဆင်းရဲရပါတယ်။ စားချင်တိုင်းလည်း မစားရ၊ သူများတွေအားရပါးရစားနေလည်း ကိုယ်ကသူတို့စားနေတာလေးတွေကို ငေးကြည့်ပြီး တံတွေးတွေ မျိုချနေရပါတယ်။ အခုလည်း အမျိုးသားတစ်ယောက်ဟာ ကိုယ်အလေးချိန် ၁၄၀ ကီလိုဂရမ်ကနေပြီးတော့ ၆၈.၅ ကီလိုဂရမ်အထိ ဝိတ်ချခဲ့ပြီး အခြားလူတစ်ယောက်လို ပြောင်းလဲသွားအောင် လုပ်ပြခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-[diet] 137 kilos that got sterile seriously for one year → 68.5 kilos summary version
အဆိုပါ အမျိုးသားကတော့ Ruibosu လို့ အမည်ရတဲ့ ဂျပန် Youtuber တစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကတည်းက Ruibosu ဟာ ကိုယ်အလေးချိန် ၁၄၀ ကီလိုဂရမ်(ပေါင် ၃၀၀ ကျော်) အထိ ဝိတ်တွေတက်ပြီး လှုပ်ရှားသွားလာနေထိုင်ရတာ အရမ်း ပင်ပန်းခဲ့ရပါတယ်။ အနည်းဆုံး လှေကားထစ်လေး တက်တာတောင်မှ တော်တော်ကိုမောပန်းနေပြီး အသက်တောင် မနည်းရှုခဲ့ရပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ Ruibosu ဟာ ဝိတ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ တစ်နေ့ အိပ်ချိန်

ဒီလိုနဲ့ Ruibosu ဟာ နေ့တိုင်း လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက တကူးတကသွားပြီး Gym ဆော့တာတောင် မဟုတ်ပါဘူး အိမ်မှာနေရင်းနဲ့ပဲ Plunk ထောက်တာတို့၊ အိပ်ထမတင်လုပ်တာတို့၊ ဒိုက်ထိုးတာတို့၊ အလေးပြားမတာတို့ကို နေ့စဉ်တစိုက်မက်မက် ပြုလုပ်လာခဲ့ပါတယ်။ အစာစားမယ်ဆိုရင်လည်း အဆီဓာတ်ပါတဲ့ အစားအစာတွေကို အတက်နိုင်ဆုံး ရှောင်ပြီး ထမင်း၊ ကြက်သားပြုတ်နဲ့ အသီးအရွက်ပြုတ်တို့ကိုသာ တစိုက်မက်မက် စားသောက်ခဲ့ပါတယ်။ ၂၀၁၉ စက်တင်ဘာလကနေ ၂၀၂၀ သြဂုတ်လကုန် ၁ နှစ်ပြည့်တဲ့အချိန်မှာတော့ Ruibosu ရဲ့ ကိုယ်အလေးချိန်ဟာ ၁၄၀ ကီလိုဂရမ်ကနေ ၆၈.၅ ကီလိုဂရမ်အထိ ကျဆင်းခဲ့ပြီး ၇၀ ကီလိုဂရမ်လောက် ဝိတ်ကျသွားကာ အခြားလူတစ်ယောက်ရဲ့ ပုံစံလို ပြောင်းလဲသွားပါတော့တယ်။

 

“အဓိကကတော့ လုပ်ချင်စိတ်ပါပဲ။ အဲဒီစိတ်က လူတော်တော်များများမှာ ခဏတာပဲ ရှိကြတာများတယ်။ ရေရှည်ကို အဲဒီလုပ်ချင်စိတ်အပြည့်ရှိနေအောင် ကြိုးစားသင့်ပါတယ်။ ကျွန်တော်ဆိုလည်း အဲဒီ ၁ နှစ်အတွင်းမှာ တော်တော်လေးကို ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ တော်တော်လေးကို ပင်ပန်းရပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ပင်ပန်းခဲ့တဲ့ ဒဏ်တွေရဲ့ အသီးအပွင့်ကို ကျွန်တော်ကောင်းကောင်းကြီး ခံစားနေရပါပြီ”လို့ Ruibosu က ပြောကြားခဲ့ပါတယ်။

READ
Fortnite ဂိမ်းကြောင့် နေ့ချင်းညချင်း မီလီလျံနာဖြစ်သွားခဲ့ကြတဲ့ လူငယ်လေး ၈ ယောက်

Pyi Hein Kyaw

SHARE