နေ့စဉ် (၂၄)မိုင်လောက် ဝှီးချဲလ်စီးပြီး ရုံးတက်နေရတဲ့ မသန်စွမ်း အမျိုးသား

[email protected]

လူတစ်ယောက် နေ့စဉ်တစ်မိုင်လောက်လမ်းလျှောက်နေရရင်တောင် တော်တော်လေးကို မောနေလောက်ပါပြီ။ ဒါဆို တစ်နေ့ကို မိုင် ၂၀ ကျော်လောက် နေ့စဉ်လမ်းလျှောက်နေရရင် တော်ရုံလူ ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသားကတော့ တစ်ကယ့်ကို အံ့မခန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အဆိုပါအမျိုးသားဟာ နေ့စဉ် (၁၅) ကီလိုမီတာ (၂၄ မိုင်) လောက်ကို ဝှီးချဲလ်စီးပြီး ရုံးတက်နေရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဲဒီအမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ West Bengal မြို့အနီးရှိ Gopiballavpur ရွာမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် Jagannath Mahato အမည်ရှိ အမျိုးသားပဲ ဖြစ်ပါတယ်။ Mahato ဟာ ငယ်ငယ်လေးကတည်းက မွေးရာပါ ခြေထောက်မသန်တဲ့ ရောဂါကို ခံစားနေခဲ့ရတာပဲ ဖြစ်ပါတယ် ငယ်စဉ်ကလေးဘဝကတည်းက ကျောင်းတက်တိုင်း လှေကားတက်တာကအစ သူငယ်ချင်းတွေက ဝိုင်းတွဲပြီး တက်ပေးရတာပါ။ ဒါပေမယ့် Mahato ဟာ အရမ်းစာတော်ပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်ပြီးသွာတဲ့အချိန်မှာတော့ Mahato ဟာ ကျူရှင်ဆရာအဖြစ် ကလေး အယောက် ၁၀၀ ကျော်ကို စာသင်ပြီး စားဝတ်နေရေးအတွက် ရပ်တည်ခဲ့ရပါတယ်။ Mahato ဟာ ပြင်ပပုဂ္ဂလိက လုပ်ငန်းတွေမှာ အလုပ်လုပ်ချင်ပေမယ့် မသန်စွမ်းဖြစ်နေတာကြောင့် သူ့ကို ဘယ်သူမှ အလုပ်မခန့်ခဲ့ပါဘူး။

READ
မသန်စွမ်းပေမယ့် လှပနေကြဆဲ ၀ှီးချဲလ်ပေါ်က အမျိုးသမီးများ
[email protected]_Standard

“ကျွန်တော်ကိုယ်တိုင်က အဲဒီအလုပ်တွေကို တစ်ကယ်လုပ်ချင်တာပါ။ ဒါပေမယ့် ကျွန်တော့်အနေအထားနဲ့ လုံးဝအဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက ကျွန်တော်တို့ ပြည်နယ်ဝန်ကြီးချုပ် Mamata Bannerjee တစ်ယောက် မဲနိုင်တဲ့အချိန် မြို့လှည့်ပြီး အောင်ပွဲခံနေတုန်း ကျွန်တော်က ခပ်လှမ်းလှမ်းမှာ ဝှီးချဲလ်ပေါ်က ငေးကြည့်နေခဲ့တယ်။

ကျွန်တော် ငေးကြည့်နေတာကို အမကြီးက မြင်သွားပြီး ကျွန်တော့်ဆီကို လျှောက်လာပြီး ကျွန်တော့်ကို အားပေးတယ်။ နောက်တစ်ရက်ကျွန်တော့်အိမ်ကို ရောက်လာပြီး သူကျွန်တော့်အတွက် ဘာလုပ်ပေးနိုင်မလဲ မေးတယ်။ ဒီလိုနဲ့ ကမန်တော်အလုပ်တစ်ခုလောက်လိုချင်တာလဲသိရော သူတို့အစိုးရရုံးမှာ ကျွန်တော့်အတွက် အလုပ်တစ်နေရာရှာပေးခဲ့ပါတယ်။ ကျွန်တော်တစ်ကယ်ကို ပျော်ခဲ့ရပါတယ်” လို့ Mahato က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE