အိမ်နောက်ဖက်ကွက်လပ်လေးမှာ ကိုယ်ပိုင်ရုပ်ရှင်ရုံသေးလေး ဆောက်ခဲ့တဲ့အမျိုးသား

ကိုယ်ပိုင်အိမ်လေးမှာ ရုပ်ရှင်ရုံသေးသေးလေးဆောက်ချင်တဲ့လူတွေရှိမယ်ထင်ပါတယ်နော်။ အဲဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ဖို့အတွက် Bedfordshire မှ အမျိုးသားတစ်ယောက် တည်ဆောက်ထားတဲ့ home theater လေးကို နမူနာအနေဲ့ ကြည့်လိုက်ရအောင်နော်။

Ashley Yeates ဟာ Torii Gardens ဆိုတဲ့ ဥယျာဉ်ခြံမြေအလှဆင်တဲ့လုပ်ငန်းလေးကို တည်ထောင်ထားပါတယ်။ ရုပ်ရှင်ကြိုက်သူပီပီ အားလပ်ချိန်တိုင်းကို ရုပ်ရှင်ကြည့်ရင်းနဲ့ အချိန်ကုန်တတ်သူတစ်ယောက်ပါ။

တစ်ရက်တော့ ကိုယ်ပိုင်ခြံဝန်းလေးထဲ home theater လေးတစ်ခုလောက်ဆောက်ဖို့ အကြံပေါ်လာခဲ့ပါတယ်။

Ashley Yeates

ခြံအနောက်မှာရှိနေတဲ့မြေကွက်ဟာလည်း တဲကင်းလေးဆောက်ဖို့သာသာပဲ ရှိနေတဲ့အတွက် လစ်လပ်နေတဲ့မြေနေရာလေးပေါ်မှာ မရရအောင် တည်ဆောက်ခဲ့ပါတယ်။

Ashley Yeates
Ashley Yeates

သူ့ရဲ့ home theater လေးကို အပြင်ကကြည့်မယ်ဆိုရင် သတိမထားမိတဲ့ပုံစံလေးဖြစ်နေအောင်ဆိုပြီး တချို့အိမ်တွေမှာ နွေရာသီနေဖို့ သစ်လုံးအိမ်လေးတွေ ဆောက်သလိုအပြင်ပန်းကို တည်ဆောက်ခဲ့ပါတယ်။

Ashley Yeates
Ashley Yeates

ဒါပေမဲ့အထဲမှာတော့ အရမ်းကို luxury ဆန်တဲ့ အပြင်အဆင်နဲ့ mini home theater လေးကို မြင်ရမှာပါ။

READ
ငယ်သူငယ်ချင်းတွေကိုမဆုံးရှုံးသင့်ကြောင်း အကြောင်းပြချက်(၆)ချက်
Ashley Yeates

ရုပ်ရှင်ရုံကထိုင်ခုံတွေထက်တောင်ပိုကောင်းတဲ့ ကတ္တီပါထိုင်ခံအနီလေးတွေစီတန်းပြီး ရုပ်ရှင်ပိုစတာတွေကိုလည်း နံရံတွေမှာ ကပ်ထားပါသေးတယ်။

Ashley Yeates

ဘေးဘက်တွေမှာလည်း အနီရောင်လိုက်ကာလေးတွေနဲ့ဆင်ယင်ထားတဲ့အတွက် မသိရင်တကယ့်ကို ရုပ်ရှင်ရုံထဲရောက်နေတဲ့အတိုင်းခံစားစေရမှာပါ။

Ashley Yeates

ရုပ်ရှင်ရုံအခွေတွေအပြင် ဂိမ်းခွေတွေနဲ့ အမျိုးမျိုးသောဂိမ်းစက်တွေကိုလည်း theater မှာ ထားပေးထားပါတယ်။

Ashley Yeates

Bonus အနေနဲ့ ချိုချဉ်နဲ့ ပေါက်ပေါကမ်ဆုတ်တွေ၊ အချိုမုန့်တွေထားပေးထားတဲ့ food stand လေးလည်းရှိပါသေးတယ်။

နံရံတွေမှာတော့ အသံလုံစေဖို့အတွက် (၆) လက်မထူတဲ့ ပလာစတာဘုတ်တွေနဲ့ cladding ကို ထည့်သွင်းထားတဲ့အတွက်ကြောင့် အပြင်မှာ ဘယ်လိုအသံကိုမှ စိမ့်ထွက်မှာမဟုတ်ပါဘူး။ Sound system ကိုလည်း Dolby 5.1 ကို ထားရှိပေးထားပြီး HD နဲ့ 3D ရတဲ့ projector ရယ်၊ blue-ray စက်ရယ်ကိုလည်း တပ်ဆင်ထားပါတယ်။

Yeates ဟာ သူ့ရဲ့ Torii Gardens ကုမ္ပဏီမှ သူဆောက်ထားသလိုမျိုး home theater လေးဆောက်ချင်ရင် ဘယ်နိုင်ငံမှာမဆို ဒေါ်လာ (၁၅,၉၀၀) နဲ့ ဒေါ်လာ (၃၄,၅၀၀) အတွင်း တည်ဆောက်ပေးမှာပါ။

READ
အလုပ်ရှင်ရဲ့ အထင်ကြီးခြင်းကို ခံရဖို့ နည်းလမ်း (၅) သွယ်

Source: Elite Readers

Penny

SHARE