ဝက်ဝံရဲ့တန်ဆာကို ကာမအားတိုးစေတယ်ဆိုပြီး ဖြတ်တောက်ယူခဲ့တဲ့ အမျိုးသား

Mp Wildlife / Pixabay

အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၉)ရက်က အသက်(၃၀)အရွယ် ယာလန်အမည်ရ အမျိုးသားကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ယာလန်ဟာ ဝက်ဝံတစ်ကောင်ရဲ့ မျိုးပွားအင်္ဂါကို ကာမအားတိုးစေတယ်လို့ ယုံကြည်ပြီး ဖြတ်တောက်ယူခဲ့သူဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဟာ (၆)နှစ်ကြာ နောက်ယောင်ခံလိုက်ခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးနိုင်ရေး ကို (၂၀၁၃)ကတည်းက ရဲတပ်ဖွဲ့အနေနဲ့ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဝက်ဝံနှစ်ကောင်ကို သီးခြားစီသတ်ဖြတ်ပြီး ၎င်းတို့ရဲ့ မျိုးပွားအင်္ဂါတွေကို ဖြတ်တောက်ယူငင်ခဲ့တာပါ။ ယာလန်ဟာအမျိုးသားဥယျာဉ်ထဲမှာ ဝက်ဝံနှစ်ကောင် ကို သတ်ခဲ့တဲ့ တရားခံဖြစ်ကြောင်း သံသယရှိနေခဲ့ပြီးနောက် သူ့ကို ရဲက အလိုရှိခဲ့ပါတယ်။

Mp Wildlife

ဝက်ဝံသည်းခြေနဲ့၊ ဝက်ဝံမျိုးပွားအင်္ဂါအစုံလုံးဟာ တရုတ်ရှေးဟောင်းဆေးနည်းတွေအရ ကာမအားတိုးဆေးဖော်စပ်ရာမှာ နှစ်ရာပေါင်းများစွာကတည်းက သုံးကြတယ်လို့ ဆိုပါတယ်။ အဲဒီလိုဆေးတွေလည်း မှောင်ခိုဈေးကွက်မှာ အလွန်တွင်ကျယ် ဈေးကောင်းရနေပြီး၊ မုဆိုးတွေအတွက်တော့ ငွေဝင်လမ်းတွေပါဘဲ။

ယာလန်ဟာ ဒီဝက်ဝံနှစ်ကောင်ကို သတ်မှုအတွက် တရားရုံးက ထောင်ဒဏ်တစ်နှစ် စီရင်ခဲ့ပြီး၊ အာမခံဒဏ်ကြေးပေးဆောင်ကာ တရားရင်ဆိုင်ခြင်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။ ဒါကလည်း ယာလန်အတွက် ဥပဒေအရ ပြစ်မှုတိုးစေဖို့ သေချာသလောက်ဖြစ်ပါတယ်။

Pixabay

ယာလန်ဟာ ဂူဂျာရက်ပြည်နယ်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မုဆိုးဖြစ်ပြီး၊ တရားမဝင် အမဲလိုက်ခြင်းနဲ့ အခုလို ဆေးဘက်ဝင်တဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ မှောင်ခိုရောင်းချခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေသူလို့ ယူဆရပါတယ်။ သူဟာ ရှားပါးမှတ်တမ်းတင်ထားတဲ့ ကျားတွေကိုသတ်ပြီး အဓိက ရောင်းဝယ်ဖောက်ကားမှု လုပ်တယ်လို့ သိရပါတယ်။

ယာလန်ဟာ Pardhi-Behelia လူမျိးဖြစ်ပြီး၊ မက်ဒရာပရာဒက်ရှ်တောင်ပိုင်းမှာ အများဆုံးနေထိုင်တဲ့ လူမျိုးဖြစ်ပါတယ်။ သူဟာ Sloth ဝက်ဝံတွေရဲ့ လိင်အင်္ဂါတွေကို သူကိုယ်တိုင် ကာမအားတိုးစေဖို့ ဖြတ်တောက်စားသောက်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ နိုင်ငံအနှံ့က Sloth ဝက်ဝံရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်လို့လည်း ရဲက ယုံကြည်နေပါတယ်။ သူ့ကို Voter IDs သုံးခုနဲ့အတူ ဖမ်းနိုင်ခဲ့တာပါ။

Pixabay

လင်းသူရိန်

SHARE