လူတော်တော်များများဟာ အလုပ်တစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ရတော့မယ်ဆိုရင် အိမ်ကမထောက်ပံ့ပေးနိုင်လို့၊ အချိန်မရှိလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ အစရှိသဖြင့် အကြောင်းပြချက် မျိုးစုံပေးတတ်ကြပါတယ်။ တစ်ကယ်တော့ လူတစ်ယောက်ရဲ့ သေသွားတဲ့ အချိန်ကလွဲပြီး ဘယ်အချိန်မဆို ကြိုစားရင် ကိုယ်ကြိုးစားတဲ့အတိုင်း ဖြစ်နိုင်တာချည်းပါပဲ။ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီလိုမျိုး ကိစ္စနဲ့ပတ်သတ်ပြီး အမျိုးသားတစ်ယောက်ကတော့ ကောင်းကောင်းကြီး သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အမျိုးသားဟာ ဘာမှမရှိတဲ့ ဘဝကနေ ကိုယ့်ဟာကိုယ်ကြိုးစားရင် အစိုးရအရာရှိတစ်ဦး ဖြစ်လာခဲ့တာကြောင့်ပဲဖြစ်ကြောင်း သိရှိရပါတယ်။
Suresh Kumar Ola IAS posted as Collector & DM- Dungarpur, Rajasthan – https://t.co/i4v6dkDh2j pic.twitter.com/ethAsV0i57
— Indian Bureaucracy (@INDBureaucracy) October 8, 2020
အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Jaipur မြို့ရှိ Suresh Kumar Ola လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Suresh ရဲ့ မိသားစုဟာ မပြည့်စုံတဲ့ လယ်သမားမိသားစုဖြစ်ပြီး Suresh ရဲ့ ငယ်ဘဝဟာလည်း တော်တော်လေးကို ကြမ်းတမ်းခဲ့ပါတယ်။ Suresh ဟာ သူများတကာတွေလို ပုဂ္ဂလိကကျောင်း မတက်နိုင်ခဲ့ပဲ အစိုရစာသင်ကျောင်းမှာပဲ စာသင်ခဲ့ရပါတယ်။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက စာအရမ်းတော်ပြီး အရမ်းထက်မြက်တဲ့ Suresh ဟာ အထက်တန်းကျောင်းကို အမှတ်ကောင်းကောင်းနဲ့ ပြီးဆုံးပြီး ကောလိပ်ဆက်တက်ခဲ့ရပါတယ်။

ကောလိပ်ကနေ ဘွဲ့ရတဲ့ အချိန်မှာတော့ ကြုံရာအလုပ်ကို လုပ် ၊ ပိုက်ဆံစုပြီး MBA ဘွဲ့ကိုပါ အရယူနိုင်ခဲ့ပြီးနောက် ဘဏ်တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ Suresh ရဲ့ အဓိက ရည်မှန်းချက်ကတော့ အစိုးရအကောက်ခွန် အရာရှိတစ်ဦးဖြစ်ဖို့ပါပဲ။ ဒါ့ကြောင့် စာအုပ်ဖိုးတွေနဲ့ စာမေးပွဲဖိုးတွေကို အလုပ် လုပ်ပြီး ပိုက်ဆံစုခဲ့ရင်းနဲ့ IAS စာမေးပွဲကို ဝင်ဖြေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ (၂၀၂၀)ခုနှစ်အတွက် အစိုးရရဲ့ IAS စာမေးပွဲကို အိန္ဒိယတစ်နိုင်ငံလုံးမှာ အဆင့် ၄၁ နဲ့ အေယင်မြင်ခဲ့ပြီး အကောက်ခွန်အရာရှိတစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
Pyi Hein Kyaw